All News Local News Peace

မင်းပြား၊ ဖားပျော်ကျေးရွာအနီးတွင် AA နှင့် တပ်မတော်တိုက်ပွဲ အလွန်ပြင်းထန်နေပြီး လူရာနှင့်ချီ ပိတ်မိနေ

မင်းပြား၊ ဖားပျော်ကျေးရွာအနီးတွင် AA နှင့် တပ်မတော်တိုက်ပွဲ အလွန်ပြင်းထန်နေပြီး လူရာနှင့်ချီ ပိတ်မိနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

မင်းပြားမြို့နယ်၊ ဖားပျော်ကျေးရွာအနီးတွင် ရခိုင်တပ်မတော် AA နှင့်တပ်မတော်တို့အကြား တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေ၍ လူပေါင်း ရာနှင့်ချီ လမ်းခုလတ်တွင် ပိတ်မိနေကြောင်း မင်းပြားမြို့နယ်မှ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ယနေ့ နံနက် ၉ နာရီမှစတင်၍ ယခုသတင်းရေးသားအချိန်အထိ နှစ်ဖက်တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး မင်းပြားမြို့ပေါ်မှလည်း သေနတ်သံများ၊ လက်နက်ကြီးသံများ ကြားနေရကြောင်း၊ မင်းပြားမြို့ပေါ်တွင်လည်း တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာရသူများကို ဘုန်းကြီးကျောင်းများနှင့် ဓမ္မာရုံများတွင် နေရာ ချထားနေရကြောင်း ၎င်းက ရှင်းပြသည်။

“လမ်းခုလပ်မှာ ပိတ်မိနေကြတယ်။ လူတွေ ရာနဲ့ချီပါတယ်။ ရန်ကုန်ကလာတဲ့သူတွေရော ခရီးသွားတွေရော ရွာသားတွေရောပေါ့။ ညနေ ၆ နာရီခွဲလောက်က ကူညီပါဦးဆိုပြီး ဖုန်းဆက်တယ်။ သူတို့က ရှေ့လည်း တိုးမရ၊ နောက်လည်း ဆုတ်မရဖြစ်နေတယ်။ လမ်းပေါ်မှာ။ အနီးအနားမှာပဲ ခိုနေကြရမှာပဲ။ ညဘက်မှာ ညမထွက်ရ အမိန့်ကလည်း ရှိနေတယ်။ ထမင်းတွေဘာတွေလည်း ဘယ်စားရမတုန်း” ဟု ဦးလှသိန်းအောင်က ပြောဆိုည်။

မင်းပြားမြို့နယ်အတွင်းတွင် AA နှင့် တပ်မတော်တို့အကြား နေ့စဉ်ရက်ဆက်သလို တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး အစိုးရက မင်းပြားမြို့နယ်တွင် အင်တာနက် ဖြတ်တောက်ထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com