All News Local News Peace

ဘူးသီးတောင် ဆင်သေပြင်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျ၊ အမျိုးသားတစ်ဦး သေဆုံး

ဘူးသီးတောင် ဆင်သေပြင်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျ၊ အမျိုးသားတစ်ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဆင်သေပြင်ကျေးရွာတွင် ယနေ့ နံနက်ပိုင်း ၅နာရီခန့်က ရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ခဲ့သောကြောင့် မွတ်စလင်အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း ဘူးသီးတောင်မြို့နယ်၊ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကပြောဆိုသည်။

လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသူမှာ အသက်၅၃နှစ်အရွယ် ဆေးလူဆိုသူဖြစ်ပြီး ယနေ့တွင်ရွာ၌ သဂြိၤုလ်မည်ဖြစ်ကာ ထိုပစ်ခတ်ခံရမှုသည် မည်သည့်အဖွဲ့ အစည်းက ပစ်ခတ်သော လက်နက်ကြီးကျည် ဖြစ်သည်ကို မသိရှိရသေးကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

“ကျွန်တော်ကြားတာကတော့ လက်နက်ကြီးကျည်ကျတယ်။ အဲလိုကျတဲ့အတွက်ကြောင့် တစ်ယောက်သေတယ်။ အဲလောက်ပဲ ကျွန်တော်သိတယ်။ ဖြစ်တာကတော့ မနက် ၅နာရီလောက်မှာ ဖြစ်တာလို့ကြားတယ်။ ဆေးရုံကိုသယ်တာကတော့ မနက်၈နာရီ ၉နာရီလောက်မှာ သူ့ကိုဆေးရုံသယ်ဖို့ ကယ်ဆယ်ရေးအဖွဲ့တွေသွားတယ်။ လမ်းတစ်ဝက်မှာ သေပြီလို့ သတင်းကြားတယ်။ သူ့ကို ရွာမှာပဲ သဂြိၤုလ်မယ်လို့ပြောတယ်။ ဘယ်အဖွဲ့အစည်းက ပစ်ခတ်တယ်ဆိုတာ ကျွန်တော်လည်း မသိဘူး” ဟု ဦးထွန်းအောင်သိန်းကပြောဆိုသည်။

ဆင်သေပြင်ကျေးရွာသားများကလည်း လက်နက်ကြီးကျည်ကျ၍ ရွာသား ၁ ဦးအတည်ပြုပြောဆိုပြီး ရွာတွင် သဂြိၤုလ်ရန် စီစဉ်နေကြောင်း ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts