All News Local News Peace

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို YMBA က ဒုတိယအကြိမ် ဘွဲ့ ထပ်ပေးပြန်၊ သံဃနာယက ဥက္ကဋ္ဌ၊ သီတဂူဆရာတော်နှင့် အင်းစိန်ရွာမဆရာတော်များ တက်ရောက်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို YMBA က ဒုတိယအကြိမ် ဘွဲ့ ထပ်ပေးပြန်၊ သံဃနာယက ဥက္ကဋ္ဌ၊ သီတဂူဆရာတော်နှင့် အင်းစိန်ရွာမဆရာတော်များ တက်ရောက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

နိုင်ငံတော်၏ ဘေးအန္တရာယ်များကို ကာကွယ်နေပြီး ဘာသာပေါင်းစုံကို ကာကွယ်စောင့်ရှောက်နေခြင်းကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA က အမြင့်ဆုံးဘွဲ့ဖြစ်သော အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ကို ထပ်မံ ချီးမြှင့်လိုက်ကြောင်း သိရှိရသည်။

ယနေ့ ရန်ကုန်မြို့တွင် ကျင်းပသော ဘွဲ့ပေးအပ်သည့်အခမ်းအနားတွင် YMBA ဥက္ကဋ္ဌ ဦးရဲထွန်းက တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းနှင့် ဘာသာလူမျိုးပေါင်းစုံကို စောင့်ရှောက်နေခြင်းကြောင့် အမြင့်ဆုံး ဘွဲ့တံဆိပ်ကို ချီးမြှင့်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“ယခု ဘွဲ့တော် ထပ်မံ ချီးမြှင့်ရန်အတွက်ဆုံးဖြတ်ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်သည် အမျိုးဘာသာ သာသနာ ပညာကို တစိုက်မတ်မတ်ဆောင်ရွက်ခြင်း ချီးမြှင့်ထောက်ပံခြင်း၊ နိုင်ငံတော်၏ ကျရောက်နေသော ဘေးအန္တရာယ်များကို အေးဆေး တည်ငြိမ်စွာဖြင့် ကာကွယ်ဆောင်ရွက်နေသော ပုဂ္ဂိုလ်ဖြစ်ခြင်း မြန်မာနိုင်ငံသူ နိုင်ငံသားများအပေါ် လူမျိုးဘာသာ မခွဲခြားဘဲ သာတူညီမျှသော စိတ်ဓာတ်ဖြင့် နိုင်ငံသူနိုင်ငံသားများ၏ အကျိုးကို ညီတူညီမျှ ဆောင်ရွက်ခြင်း ဗုဒ္ဓသာသနာတော်ကို နေရောင်လရောင်ပမာ ထွန်းလင်းတောက်ပလာအောင် ဆောင်ရွက်နေသော ပုဂ္ဂိုလ်ကြီးဖြစ်ခြင်း၊ ဗုဒ္ဓဘာသာနှင့်သာသနာတော်မြတ်ကြီး မပျောက်ကွယ်စေရန် ပိုမို စည်ပင် ပြန့်ပွား တိုးတက်လာအောင် ဦးစီးဦေးဆာင်ပြုလျက် ဆောင်ရွက်နေသော သံဃာတော် အရှင်သူမြတ်များ လှူဒါန်းထောက်ပံ့နေသည့်အပြင် မြန်မာနိုင်ငံရှိ အခြားဘာသာနှင့်ဘာသာဝင်များကို မျက်ကွယ်မပြုဘဲ လိုအပ်လို ချီးမြှင့်ထောက်ပံ့ပေးလျက်ရှိခြင်း၊ မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက လူမျိုးဘာသာ မခွဲခြားဘဲ တန်းတူညီမျှကယ်ဆယ်စောင့်ရှောက်ခြင်း ထို့အပြင် အခြားသော ဂုဏ်ပုဒ်များစွာနှင့် ပြည့်စုံနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ချီးမြှင့်ခြင်းဖြစ်ပါတယ်”ဟု YMBA အသင်းဥက္ကဋ္ဌ ဦးရဲထွန်းက ပြောဆိုသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့ကို နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဥက္ကဋ္ဌ ဆရာတော်က ပေးအပ်ပြီး သီတဂူဆရာတော်နှင့် အင်းစိန်ရွာမဆရာတော်တို့က ဂုဏ်ပြု တရားတော်များ ဟောကြားကြောင်း သိရှိရသည်။

YMBA သည် ၂၀၁၉ ခုနှစ်အတွင်းကလည်း တပ်ချုပ်မင်းအောင်လှိုင်ကို မဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ပေးအပ်ခဲ့ပြီး အဆိုပါအသင်းတွင် တရားဝင်မှု၊ တရားမဝင်မှု ပြဿနာ ဖြစ်ပွားကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရသို့လည်း တိုင်ကြားမှုများ ရှိနေသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com