All News Peace

ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်း၍ ဒီမိုကရေစီ ပညာရေး ပြုပြင်ပြောင်းလဲရန် ရွှေဘိုတက္ကသိုလ်တွင် ဆန္ဒပြ

ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်း၍ ဒီမိုကရေစီ ပညာရေး ပြုပြင်ပြောင်းလဲရန် ရွှေဘိုတက္ကသိုလ်တွင် ဆန္ဒပြ

ရန်ကုန်၊ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းတိုင်း ရွေဘိုတက္ကသိုလ်အတွင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (ဗကသ) က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်း၍ ဒီမိုကရေစီပညာရေး ပြုပြင်ပြောင်းလဲရေး အတွက် ပြည်သူလူထုရွေးကောက်တင်မြောက်ထားသည့် အစိုးရက ဆောင်ရွက်ပေးရန် ယနေ့ ဆန္ဒပြတောင်းဆိုကြောင်း သိရှိရသည်။

လက်ရှိအစိုးရကလက်ရှိပညာရေးစနစ်က အပေါ်ယံ သာပြုပြင်ပြောင်းလဲမူများလုပ်နေပြီး အတွင်းအနှစ်သာရပြောင်းလဲမူမရှိကြောင်း ဗကသများအဖွဲ့ချုပ်ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးကပြောသည်။

“လက်ရှိပညာရေးစနစ်က ကျွန်တော်တို့ သုံးသပ်ချက်က အရင်တုန်းကဆိုရင် ကိုလိုနီလက်အောက်မှာဆိုရင်ကို လိုနီပညာရေးကျွန်စနစ်ပေါ့နော်။ နောက်ပိုင်း ဖဆပလအစိုးရတက်လာပြီးတဲ့နောက်ပိုင်း ကမောက်ကမပညာ ရေးစနစ်ရှိတယ်။ပြီးတော့ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ စစ်ကျွန်ပညာရေးစနစ်ဆိုပြီးတော့ရှိလာတ ယ်အခုချိန်မှာ ကျတော့စစ်တပ်အာဏာလည်းရှိနေသေးတယ် အစိုးရလူထုရွေးကောက်တင်မြောက်လိုက်တဲ့ အစိုးရလည်းတက်လာတယ်။ သို့သော်လည်းပဲ အဲဒီပညာရေးစနစ်က အပေါ်ယံပြုပြင်ပြောင်း လဲမှုတွေလုပ် နေတယ်။ အတွင်းအနှစ်သာရ မပြောင်းလဲတဲ့ အခြေအနေမျိုးတွေရှိနေတယ်ပေါ့” ဟု ကိုဝေယံဖြိုးမိုး ကပြောသည်။

အဆိုပါဆန္ဒပြပွဲတွင် တောင်းဆိုချက်များတောင်းဆိုခဲ့ကြပြီး ဒီမိုကရေစီပညာရေးရရှိရေး ဒို့အရေး
ရောသမမွှေ ပညာရေး အလိုမရှိကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြကာ စစ်အာဏာရှင်စနစ်အား ဥပဒေအရ အခိုင်အမာ ကာကွယ်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးသည် ဒီမိုကရေစီပညာရေး ရရှိရေးအတွက် ထွက်ပေါက်အဖြစ် တောင်းဆိုခဲ့ကြကြောင်း သိရှိရသည်။

“ ဒီပညာရေးကခေတ်အဆက်ဆက်ကနေပြီးတော့အသုံးချပြီးတော့ ပြင်လာတယ် ။ စမ်းသပ်ပြီးတော့ ပြင်လာတဲ့ပ ညာရေးစနစ်မှာပဲရှိနေတယ်။ပညာရေးစနစ်တွေအကုန်လုံးကို ရောပြီးမွှေထားတဲ့ ရောသမမွှေပညာရေးစနစ်မျိုး ဖြစ်နေတယ်ပေါ့။ တကယ် အတွင်းအနှစ်သာရပြုပြင်ပြောင်းလဲမူမရှိဘဲ အပေါ်ယံပြုပြင်ပြော င်းလဲမူတွေသာ လုပ်နေတယ်ပေါ့။ အဲဒီပညာရေးစနစ်ကို ကျွန်တော်တို့ အလိုမရှိဘူး။ ကျွန်တော်တို့ အလို ရှိတာက ဒီမိုကရေစီပညာရေးဖြစ်တယ်ပေါ့နော်။ ဒီမိုကရေစီပညာရေးဆိုတာ ဘယ်လိုအရာမျိုး လည်းဆို တဲ့အခါမှာဗကသများဆိုင်ရာ ပညာရေးက အမျိုးသားဆိုင်ရာပဲပေါ့နော်။နံပါတ် (၁)အချက်အမျိုးသားဆိုင်ရာ ဆိုတာမှ တိုင်းပြည်ရဲ့လက်ရှိ အခြေအနေရဲ့ကိုက်ညီရမယ် လက်ရှိ ယဉ်ကျေးမူတွေစာပေတွေ သဘာဝအနေ အထားတွေ လူမူစီပွားနဲ့ ဘဝတွေနဲ့ ကိုက်ညီတဲ့ ပညာရေးစနစ်မျိုးဖြစ်ရမယ်။ နောက်တစ်ချက်သိပ္ပံနည်းကျရ မယ်။သိပ္ပံနည်းကျရမယ်ဆိုတာက လက်တွေ ဆန်တဲ့သင်ကြားနိုင်တဲ့ ပညာရေးစနစ်မျိုးဖြစ်ရမယ်ကျွန်တော်တို့ ကလက်တွေကျတဲ့ ပညာရေးတွေ ပညာရပ်တွေကို ပြန်ပြီးဖြစ်ရမယ်။ပြီးတော့ သုသေတနကို အခြေခံရမယ်။ အပေါ်ယံပြုပြင်ပြောင်းလဲမူ တွေမရှိရဘူး သိပ္ပံနည်းကျပညာရေးမျိုးကို အလိုရှိတယ်။အားလုံးပါဝင်နိုင်တဲ့ပညာ ရေးမျိုးဖြစ်ရမယ်။အားလုံးအကျုံးဝင်တဲ့ ပညာရေးမျိုးဖြစ်ရမယ်ပိုက်ဆံရှိတဲ့သူ တွေပညာရေးကို သင်ကြားနိုင်တဲ့ အခြေအနေမျိုးမဟုတ်ဘူးပေါ့နော်။ပညာသင်ကြားလိုသူတိုင်းပညာ သင်ကြားနိုင်တဲ့ ပညာရေးစနစ်မျိုးလို အပ်တယ်” ဟု ကို ဝေယံဖြိုးမိုးကပြောသည်။

တောင်းဆိုဆန္ဒပြမှုများကို တက္ကသိုလ်များတွင် ဆက်လက်လူပ်ရှားသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ယနေ့ ရွှေဘိုတက္ကသိုလ် ဆန္ဒပြပွဲတွင် ကျောင်းသား ကျောင်းသူ အင်အား ၆၀ ကျော် ပါဝင်ကြောင်း သိရှိရသည်။

Photo Credit – ဗကသ

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts