Local News Web TV

ပျော်ဘွယ်တွင် ဆွဲကြိုးလု၊ ဓားဖြင့်ထိုးပြီး သံတုတ်၊ချိန်းကြိုးဖြင့် ဦးခေါင်းကို ရိုက်နှက်သူ ၇ ဦး ဖော်ထုတ်ပေးသော်လည်း ရဲက ဖမ်းမပေးဟုဆို(ရုပ်/သံ)

ပျော်ဘွယ်တွင် ဆွဲကြိုးလု၊ ဓားဖြင့်ထိုးပြီး သံတုတ်၊ချိန်းကြိုးဖြင့် ဦးခေါင်းကို ရိုက်နှက်သူ ၇ ဦး ဖော်ထုတ်ပေးသော်လည်း ရဲက ဖမ်းမပေးဟုဆို(ရုပ်/သံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ရှမ်းစုအုပ်စု မိုးကောင်းရေဝန်းဘုရားပွဲတော်တွင် တောတွင်းလှတောင်ရွာနေ ကိုကုဋေပိုင်၏ ဆွဲကြိုးကို လူ ၇ ဦးက လုယက်ကာ ဝမ်းဗိုက်၊နောက်ကျောနှင့်ခြေထောက် တို့ကို ဓားဖြင့် ထိုးခဲ့ပြီး၊ သံတုတ်ဖြင့် ဦးခေါင်းကိုရိုက်ကာ ချိန်းကြိုးဖြင့် နောက်ကျောနှင့်ရင်ဘတ်တို့ကို ရိုက်နှက်ခဲ့မှု ဖေဖော်ဝါရီ(၂၀)ရက် နံနက်(၁)နာရီအချိန်တွင် ဖြစ်ပွားခဲ့ပြီး တရားခံများကို သိ၍ အမည်များ ပြောဆိုသော်လည်း ရဲက ဖမ်းဆီးပေးခြင်းမရှိကြောင်း ရိုက်နှက်ခံရသူ ကာယကံရှင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ဖြစ်တာက ၂၀ ရက် နံနက် ၁ နာရီမှာဖြစ်တာပေါ့၊ မနက်ပိုင်းမှာ ပျော်ဘွယ်မြို့နယ် ရန်အောင်ရဲစခန်းမှာ အမှုဖွင့်ထားတယ်ဗျာ၊ အမှုဖွင့်ပြီး တရားခံတွေနာမည်ပြောတယ်။ အခုအထိ အရေးယူပေးခြင်းမရှိဘူး၊ သွားလည်းမဖမ်းဘူး၊ စစ်ဆေးမေးမြန်းခြင်းမရှိဘူး၊ ကျွန်တော်ဖြစ်တဲ့ရွာမှာ အရင်ကလည်း ဒီလိုဖြစ်စဉ်တွေရှိတယ်ဗျာ၊ သူတို့ဘက်က မင်းမဲ့စရိုက်ဆန်တယ်၊ ကျွန်တော်ကို ပွဲထဲမှာ မကျေနပ်ရင် လက်သီးတို့ဘာတို့နဲ့ ထိုးရင်အဆင်ပြေသေးတယ်ဗျာ၊ အခုဟာက ဓားနဲ့ ၄ ချက်တိတိလိုက် ထိုးတာဗျာ၊ ဒါဟာ မသေမချင်းလူသတ်မှုလေ၊ ဒါလောက် ရာဇဝတ်မှုကျူးလွန်တာကို ရဲစခန်းက အမြန်အရေးပေါ်မလုပ်ပေးတာကတော့ သဘာဝမကျဘူးလေ၊ စိတ်ထဲမှာလည်း ခံရခက်တယ်လေ၊ အမှုလိုက်တာ တအားပေါ့လျော့တယ်၊ ကျွန်တော်တရားခံ ဘယ်သူဆိုတာကို ပြောတယ်၊ ကျွန်တော် ခိုက်မိနေတဲ့ကြားထဲက ဘယ်သူဘယ်သူဆိုတာ သူတို့ရဲတွေရှေ့မှာပြောတယ်၊ သူတို့ရှေ့မှာ တရားခံက ၊ အဲဒါကို မဖမ်းဘူးဗျာ၊ ကျွန်တော်ဖြစ်နေတာကိုလည်း လာရောက်မေးမြန်းခြင်းမရှိဗျာ”ဟု ဓားဖြင့်ထိုးခံရသူ ကိုကုဋေပိုင်က ပြောသည်။

လက်ရှိအချိန်တွင် ပျော်ဘွယ်မြို့နယ် ရဲစခန်းသို့ သွားရောက်တိုင်ကြားထားပြီး၊ ဖေဖော်ဝါရီ ၂၂ ရက် နေ့လည်ချိန်အထိ တရားခံအား အရေးယူခြင်းမပြုလုပ်ပါက တိုင်းဒေသကြီးအစိုးရနှင့် အစိုးရရုံးစိုက်ရာ နေပြည်တော်သို့ တိုင်ကြားသွားမည်ဖြစ်ကြောင်း ကိုကုဋေပိုင်က ဆက်ပြောသည်။

လက်ရှိအချိန်တွင် ဓားဖြင့်ထိုးခံရသည့် ကိုကုဋေပိုင်မှာ ရန်အောင်တိုက်နယ်ဆေးရုံတွင် ဓားဒဏ်ရာနှင့် ဦးခေါင်းအား သံတုတ်ဖြင့် ရိုက်နှက်ခံရသည့်နေရာများမှ မသက်သာသဖြင့် ဖေဖော်ဝါရီ(၂၀)ရက် ညနေ(၂)နာရီအချိန်တွင် နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံသို့ သွားရောက်ကုသနေကြောင်း သိရသည်။

ဖေဖော်ဝါရီ(၂၁)ရက် နေ့လည်ပိုင်းအချိန်အထိ တရားခံ ၇ ဦးကို ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခြင်းမရှိသေးကြောင်း တောတွင်းလှကျေးရွာမှ ဦးလေးဖြစ်သူ ဦးထွန်းဦးက ပြောသည်။

“ကျွန်တော်တို့ကလည်း ဖမ်းဆီးပေးဖို့ စခန်းမှူးကို ပြောပါတယ်၊ကျွန်တော်သွားဖမ်းပါမယ်၊ ၁၄ အတွင်းစောင့်ကြည့်နေပါတယ်၊ ဘယ်မှမပြေးအောင် စောင့်ကြည့်နေပါတယ်၊ ကျွန်တော်သွား ဖမ်းလိုက်တဲ့အခါမှာ ပြေးသွားစိုးလို့ ပြောပါတယ်၊ တရားဥပဒေစိုးမိုးရေး ဆိုရင်တော့ စခန်းမှူး လုပ်ပုံလုပ်နည်းတွေက တရားဥပဒေလုံးဝမစိုးမိုးတော့ဘူး၊ တရားခံရဲ့ နာမည်ရော၊ နေရပ်လိပ်စာ ရောအတိအကျ သိပါလျက်နဲ့ ရဲရဲ့ လုပ်ထုံးလုပ်နည်းအရ လူတစ်ယောက်ကိုသေစေသော တုတ်၊ ဓား လက်နက်တွေနဲ့ ဝိုင်းပြီးရိုက်တဲ့ကိစ္စကို အချိန်နဲ့ တပြေးညီမဖမ်းတဲ့အတွက် တရားဥပဒေစိုးမိုးရေးဟာ အင်မတန်မှအားနည်းနေပါတယ်၊ ရဲ ရဲ့ လုပ်ဆောင်ချက်ကြောင့် ”ဟု တောတွင်းလှကျေးရွာမှ ဦးလေးဖြစ်သူ ဦးထွန်းဦးက ပြောသည်။

“အမှုဖွင့်ထားတယ်၊ ကြေးနန်းပို့ထားတယ်၊ လုပ်ဆောင်ချက်တွေအားလုံး အထက်ကိုတင်ပြထားပါတယ် ” ဟု ရန်အောင်ရဲစခန်း မှ တာဝန်ရှိသူတစ်ဦးက ပြောပြီး အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်းမပြုပေ။

(ဆွဲကြိုးလုယက်ခံရပြီး အကြမ်းဖက်ခံရသူ ကိုဋေပိုင်၏ ဦးလေးဖြစ်သူ ဦးထွန်းဦးနှင့် ရန်ကုန်ခေတ်သစ်သတင်းဌာနက တွေ့ဆုံမေးမြန်းထားပြီး ဦးထွန်းဦးက ၎င်း၏ တူကို ရိုက်နှက် ဆွဲကြိုးလုသည်ဟု နာမည်တပ်၍စွပ်စွဲပြောဆိုခံရသူများနှင့်ပတ်သက်၍ ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းရန် ရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းရာ အမှုဖွင့်ထားသည်ဟုသာ ပြောဆိုပြီး အသေးစိတ် မပြောပေ။

တစ်ဖန် ဦးထွန်းဦး၏ စွပ်စွဲခံရသူများကိုလည်း ရန်ကုန်ခေတ်သစ်သတင်းဌာနက မေးမြန်းရန် ကြိုးစားသော်လည်း ယင်းကျေးရွာမှ မည်သူကမှ ဖြေဆိုလိုကြခြင်းမရှိပေ။ ယခုအမှုအခင်းသတင်းတွင် နှစ်ဦးနှစ်ဖက် ညီမျှသော အသံကို သတင်းမီဒီယာဥပဒေပါ ကျင့်ဝတ်အရ ဘက်ပေါင်းစုံက တင်ဆက်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်ဖြေဆိုရန် ငြင်းဆိုသဖြင့် ကာယကံရှင်၏ တစ်ဖက်တည်းသောအမြင်နှင့်ရဲတပ်ဖွဲ့၏ အမှုဖွင့်ထားသည်ဆိုသည်ကိုသာ ဖော်ပြနိုင်သည်)

ေပ်ာ္ဘြယ္တြင္ ဆြဲႀကိဳးလု ရုိက္ႏွက္သူ တရားခံ ၇ ဦး ရဲက မဖမ္းေပးဟုဆို(ရုပ္/သံ)

ေပ်ာ္ဘြယ္တြင္ ဆြဲႀကိဳးလု၊ ဓားျဖင့္ထုိးၿပီး သံတုတ္၊ခ်ိန္းႀကိဳးျဖင့္ ဦးေခါင္းကုိ ရုိက္ႏွက္သူ ၇ ဦး ေဖာ္ထုတ္ေပးေသာ္လည္း ရဲက ဖမ္းမေပးဟုဆို(ရုပ္/သံ) ရန္ကုန္၊ ေဖေဖာ္၀ါရီ ၂၃ မႏၱေလးတိုင္းေဒသႀကီး ေပ်ာ္ဘြယ္ၿမိဳ႕နယ္ ရွမ္းစုအုပ္စု မိုးေကာင္းေရ၀န္းဘုရားပြဲေတာ္တြင္ ေတာတြင္းလွေတာင္ရြာေန ကိုကုေဋပိုင္၏ ဆြဲႀကိဳးကုိ လူ ၇ ဦးက လုယက္ကာ ၀မ္းဗိုက္၊ေနာက္ေက်ာႏွင့္ေျခေထာက္ တို႔ကုိ ဓားျဖင့္ ထိုးခဲ့ၿပီး၊ သံတုတ္ျဖင့္ ဦးေခါင္းကိုရုိက္ကာ ခ်ိန္းႀကိဳးျဖင့္ ေနာက္ေက်ာႏွင့္ရင္ဘတ္တို႔ကုိ ရိုက္ႏွက္ခဲ့မႈ ေဖေဖာ္၀ါရီ(၂၀)ရက္ နံနက္(၁)နာရီအခ်ိန္တြင္ ျဖစ္ပြားခဲ့ၿပီး တရားခံမ်ားကုိ သိ၍ အမည္မ်ား ေျပာဆုိေသာ္လည္း ရဲက ဖမ္းဆီးေပးျခင္းမရွိေၾကာင္း ရုိက္ႏွက္ခံရသူ ကာယကံရွင္က ရန္ကုန္ေခတ္သစ္သတင္းဌာနသုိ႔ ေျပာဆုိသည္။ “ျဖစ္တာက ၂၀ ရက္ နံနက္ ၁ နာရီမွာျဖစ္တာေပါ့၊ မနက္ပိုင္းမွာ ေပ်ာ္ဘြယ္္ၿမိဳ႕နယ္ ရန္ေအာင္ရဲစခန္းမွာ အမႈဖြင့္ထားတယ္ဗ်ာ၊ အမႈဖြင့္ၿပီး တရားခံေတြနာမည္ေျပာတယ္။ အခုအထိ အေရးယူေပးျခင္းမရွိဘူး၊ သြားလည္းမဖမ္းဘူး၊ စစ္ေဆးေမးျမန္းျခင္းမရွိဘူး၊ ကၽြန္ေတာ္ျဖစ္တဲ့ရြာမွာ အရင္ကလည္း ဒီလိုျဖစ္စဥ္ေတြရွိတယ္ဗ်ာ၊ သူတို႔ဘက္က မင္းမဲ့စရိုက္ဆန္တယ္၊ ကၽြန္ေတာ္ကို ပြဲထဲမွာ မေက်နပ္ရင္ လက္သီးတို႔ဘာတို႔နဲ႔ ထိုးရင္အဆင္ေျပေသးတယ္ဗ်ာ၊ အခုဟာက ဓားနဲ႔ ၄ ခ်က္တိတိလိုက္ ထိုးတာဗ်ာ၊ ဒါဟာ မေသမခ်င္းလူသတ္မႈေလ၊ ဒါေလာက္ ရာဇ၀တ္မႈက်ဴးလြန္တာကို ရဲစခန္းက အျမန္အေရးေပၚမလုပ္ေပးတာကေတာ့ သဘာဝမက်ဘူးေလ၊ စိတ္ထဲမွာလည္း ခံရခက္တယ္ေလ၊ အမႈလိုက္တာ တအားေပါ့ေလ်ာ့တယ္၊ ကၽြန္ေတာ္တရားခံ ဘယ္သူဆိုတာကို ေျပာတယ္၊ ကၽြန္ေတာ္ ခိုက္မိေနတဲ့ၾကားထဲက ဘယ္သူဘယ္သူဆိုတာ သူတို႔ရဲေတြေရွ႕မွာေျပာတယ္၊ သူတို႔ေရွ႕မွာ တရားခံက ၊ အဲဒါကို မဖမ္းဘူးဗ်ာ၊ ကၽြန္ေတာ္ျဖစ္ေနတာကိုလည္း လာေရာက္ေမးျမန္းျခင္းမရွိဗ်ာ”ဟု ဓားျဖင့္ထိုးခံရသူ ကိုကုေဋပိုင္က ေျပာသည္။ လက္ရွိအခ်ိန္တြင္ ေပ်ာ္ဘြယ္ၿမိဳ႕နယ္ ရဲစခန္းသို႔ သြားေရာက္တိုင္ၾကားထားၿပီး၊ ေဖေဖာ္၀ါရီ ၂၂ ရက္ ေန႔လည္ခ်ိန္္အထိ တရားခံအား အေရးယူျခင္းမျပဳလုပ္ပါက တိုင္းေဒသႀကီးအစိုးရႏွင့္ အစိုးရရုံးစိုက္ရာ ေနျပည္ေတာ္သို႔ တိုင္ၾကားသြားမည္ျဖစ္ေၾကာင္း ကိုကုေဋပိုင္က ဆက္ေျပာသည္။လက္ရွိအခ်ိန္တြင္ ဓားျဖင့္ထိုးခံရသည့္ ကိုကုေဋပိုင္မွာ ရန္ေအာင္တိုက္နယ္ေဆးရုံတြင္ ဓားဒဏ္ရာႏွင့္ ဦးေခါင္းအား သံတုတ္ျဖင့္ ရုိက္ႏွက္ခံရသည့္ေနရာမ်ားမွ မသက္သာသျဖင့္ ေဖေဖာ္၀ါရီ(၂၀)ရက္ ညေန(၂)နာရီအခ်ိန္တြင္ ေနျပည္ေတာ္ ကုတင္(၁၀၀၀)ေဆးရုံသို႔ သြားေရာက္ကုသေနေၾကာင္း သိရသည္။ ေဖေဖာ္၀ါရီ(၂၁)ရက္ ေန႔လည္ပိုင္းအခ်ိန္အထိ တရားခံ ၇ ဦးကုိ ရဲတပ္ဖြဲ႕က သြားေရာက္ဖမ္းဆီးျခင္းမရွိေသးေၾကာင္း ေတာတြင္းလွေက်းရြာမွ ဦးေလးျဖစ္သူ ဦးထြန္းဦးက ေျပာသည္။“ကၽြန္ေတာ္တို႔ကလည္း ဖမ္းဆီးေပးဖို႔ စခန္းမွဴးကို ေျပာပါတယ္၊ကၽြန္ေတာ္သြားဖမ္းပါမယ္၊ ၁၄ အတြင္းေစာင့္ၾကည့္ေနပါတယ္၊ ဘယ္မွမေျပးေအာင္ ေစာင့္ၾကည့္ေနပါတယ္၊ ကၽြန္ေတာ္သြား ဖမ္းလိုက္တဲ့အခါမွာ ေျပးသြားစိုးလို႔ ေျပာပါတယ္၊ တရားဥပေဒစိုးမိုးေရး ဆိုရင္ေတာ့ စခန္းမွဴး လုပ္ပုံလုပ္နည္းေတြက တရားဥပေဒလုံးဝမစိုးမိုးေတာ့ဘူး၊ တရားခံရဲ႕ နာမည္ေရာ၊ ေနရပ္လိပ္စာ ေရာအတိအက် သိပါလ်က္နဲ႔ ရဲရဲ႕ လုပ္ထုံးလုပ္နည္းအရ လူတစ္ေယာက္ကိုေသေစေသာ တုတ္၊ ဓား လက္နက္ေတြနဲ႔ ၀ိုင္းၿပီးရုိက္တဲ့ကိစၥကို အခ်ိန္နဲ႔ တေျပးညီမဖမ္းတဲ့အတြက္ တရားဥပေဒစိုးမိုးေရးဟာ အင္မတန္မွအားနည္းေနပါတယ္၊ ရဲ ရဲ႕ လုပ္ေဆာင္ခ်က္ေၾကာင့္ ”ဟု ေတာတြင္းလွေက်းရြာမွ ဦးေလးျဖစ္သူ ဦးထြန္းဦးက ေျပာသည္။အဆိုပါအမႈျဖစ္စဥ္ႏွင့္ပတ္သက္၍ ရန္ကုန္ေခတ္သစ္သတင္းဌာနက သက္ဆုိင္ရာ ရဲတပ္ဖြဲ႕ထံသုိ႔ ဆက္သြယ္ခဲ့ေသာ္လည္း တာ၀န္ခံ ေျဖဆိုျခင္းမရွိေပ။(ဆြဲႀကိဳးလုယက္ခံရၿပီး အၾကမ္းဖက္ခံရသူ ကုိေဋပုိင္၏ ဦးေလးျဖစ္သူ ဦးထြန္းဦးႏွင့္ ရန္ကုန္ေခတ္သစ္သတင္းဌာနက ေတြ႕ဆုံေမးျမန္းထားၿပီး ဦးထြန္းဦးက ၎၏ တူကို ရုိက္ႏွက္ ဆြဲႀကိဳးလုသည္ဟု နာမည္တပ္၍စြပ္စြဲေျပာဆုိခံရသူမ်ားႏွင့္ပတ္သက္၍ ရန္ကုန္ေခတ္သစ္က ဆက္သြယ္ေမးျမန္းရန္ ရဲတပ္ဖြဲ႕ကို ဆက္သြယ္ေသာ္လည္း အဆက္အသြယ္မရရွိေပ။ တစ္ဖန္ ဦးထြန္းဦး၏ စြပ္စြဲခံရသူမ်ားကုိလည္း ရန္ကုန္ေခတ္သစ္သတင္းဌာနက ေမးျမန္းရန္ ႀကိဳးစားေသာ္လည္း ယင္းေက်းရြာမွ မည္သူကမွ ေျဖဆိုလိုၾကျခင္းမရွိေပ။ ယခုအမႈအခင္းသတင္းတြင္ ႏွစ္ဦးႏွစ္ဖက္ ညီမ်ွေသာ အသံႏွင့္ ရဲတပ္ဖြဲ႕ထံ ဆက္သြယ္ေမးျမန္း၍ သတင္းမီဒီယာဥပေဒပါ က်င့္၀တ္အရ ဘက္ေပါင္းစုံက တင္ဆက္ႏုိင္ရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း ဆက္သြယ္ေျဖဆုိရန္ ျငင္းဆုိသျဖင့္ ကာယကံရွင္၏ တစ္ဖက္တည္းေသာအျမင္ကုိ ေဖာ္ျပႏုိင္သည္)www.khitthitnews.com

Posted by Khit Thit Media on Saturday, 22 February 2020

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts