All News Local News Peace

ပလက်ဝတွင် တပ်မတော်နှင့် AA တို့တိုက်ပွဲအပြင်းအထန်ဖြစ်၊ နှစ်ဖက်တပ်များ ထိခိုက်သေဆုံးမှုများပြားပြီး AA စခန်းယာယီရွှေ့ရ

ပလက်ဝတွင် တပ်မတော်နှင့် AA တို့တိုက်ပွဲအပြင်းအထန်ဖြစ်၊ နှစ်ဖက်တပ်များ ထိခိုက်သေဆုံးမှုများပြားပြီး AA စခန်းယာယီရွှေ့ရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ပလက်ဝမြို့နယ်အတွင်းရှိ ပိနဲ္တွတစ်ပင်ရွာအနီးတွင် တပ်မတော်နှင့် ရခိုင်တပ်မတော် (AA) တို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး တပ်မတော်က တိုက်လေယာဉ်များ ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်ပြီး မြေပြင်ကပါ ထိုးစစ်များ ပြင်းပြင်းထန်ထန်လုပ်ဆောင်နေခြင်းကြောင့် နှစ်ဖက်တပ်များ ထိခိုက်သေဆုံးမှု များပြားကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောဆိုသည်။

“ ဇန်နဝါရီလ ၃၀ရက်နေ့မှာ ပလက်ဝမြို့နယ် ပိန္တွဲတစ်ပင်ရွာရဲ့အနောက်တောင်ဖက်ပေါ့။ ၄ကီလိုမီတာအကျော်မှာရှိတဲ့ ပွိုင့်၉၆၉ရဲ့တောင်ကုန်းရန်သူဖက်ကနေပြီးတော့မှ တိုက်လေယာဉ်နှစ်စီးနဲ့ နေ့လည် ၂နာရီကနေပြီး ၃နာရီအတွင်းမှာ (၈)ကြိမ်တိုင်တိုင်လာရောက်ပြီးတော့ ဗုံးကြဲတိုက်ခိုက်တာ အမြှောက်တွေနဲ့ပစ်တာတွေလုပ်တယ်။ နောက်ရဟတ်ယာဉ်နှစ်စီးနဲ့လည်း နေ့လည် ၂း၂၀ကနေပြီး ၃နာရီခွဲအတွင်း ၁၁ကြိမ်လောက်လာပြီးတော့ပစ်ခတ်တိုက်ခိုက်ခဲ့တာရှိတယ်။ အဓိကတော့ အမြှောက်တွေနဲ့ စစ်သေနတ်တွေပစ်တာပေါ့နော်။ မြေပြင်ကလည်း သူတို့လက်နက်ကြီး ၁၂၀ (မမ) ၁၀၅ (မမ) ကနေပြီးတော့ အကြိမ် ၇၀ကျော်လောက်ပစ်ပြီးတော့မှမြေပြင် ထိုးစစ်ကိုအပြင်း အထန်လုပ်ခဲ့တာ ရှိတယ်။ အဲဒီနေရာကိုတော့ လွန်ခဲ့တဲ့ ဇန်နဝါရီ ၂၄ရက်နေ့လောက်ကနေပြီးတော့ တပ်မ ၁၁ ရဲ့လက်အောက်ခံ ခမရ ၂၁၂ ရယ်၊ ၂၁၅ တစ်ခြားတပ်တွေ ပူပေါင်းပြီးတော့မှ သူတို့ထိုးစစ်ဆင်နေတာဖြစ်တယ်။ အဓိကတော့ မြေပြင်ရော ဝေဟင်ရော ပေါင်းပြီးတော့ ပြိုင်တူထိုးစစ်ဆင်တာပေါ့။ အဲဒါကြောင့်မို့လို့ တိုက်ပွဲကတော့ ဇန်နဝါရီလထဲမှာဆိုရင် အပြင်ထန်းဆုံးလို့ပြောလို့ရတယ်” ဟု ခိုင်သုခကပြောဆိုသည်။

ထိုသို့ တပ်မတော်က မြေပြင်နှင့် ဝေဟင်ပါ ပြင်းထန်သော ထိုးစစ်များ ပြုလုပ်နေခြင်းကြောင့် နှစ်ဖက်တပ်များ ထိခိုက်သေဆုံးမှုများပြားနေသည်ဟု ခိုင်သုခက ဆက်လက်ပြောဆိုသည်။

“ တိုက်ပွဲအကျအဆုံးကတော့ မြန်မာ့စစ်တပ်ဖက်ကတော့ တိုက်ပွဲပြင်းထန် သလောက် သူတို့ဖက်ကလည်း အထိအခိုက်အကျဆုံးတွေများတယ်။ ကျွန်တော်တို့ဖက်ကလည်း ထိခိုက်ကျဆုံးမူတွေများတယ်။ ဒီနေ့ ဇန်န်ဝါရီလ ၃၁ရက်နေ့ မှောတာ့ ၉၆၉ ပိုင်ကုန်းကနေပြီးတော့မှ ကျွန်တော်တို့ မလှမ်းမကမ်းနေရာကို ယာယီရွှေ့ပြောင်း ထားတာရှိတယ်။ ဘာကြောင့်လဲဆိုရင် ရန်သူဖက်ကနေပြီးတော့ သူတို့မြေပြင်ရော ဝေဟင်ရောပေါင်းပြီးတော့ ထိုးစစ်ဆင်တာ အတွက်ကြောင့်မို့လို့ ထိခိုက်မူတွေမဖြစ်ရအောင်လို့ ကျွန်တော်တို့ ယာယီပြောင်းထားတဲ့သဘောဖြစ်တယ်” ဟု ၎င်းကပြောဆိုသည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် အနောက်ပိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးတို့ကို ရန်ကုန်ခေတ်သစ်မီဒီယာက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပြန်ဆိုဖြေဆိုခြင်း မရှိပေ။

ဇန်နဝါရီလ ၃၀ရက်နေ့ကလည်း ရခိုင်ပြည်နယ်အတွင်းရှိ မြေပုံမြို့နယ် အင်ကြင်းရွာ၏ မြောက်ဘက် ၅ကီလိုမီတာအကွာရှိတောင်းတန်းတွင်လည်း တပ်မတော် တပ်မ ၆၆ လက်အောက်ခံ ခလရ ၁၄နှင့် ပူပေါင်းအဖွဲ့များက အင်အား ၂၀၀လောက်ဖြင့် ဝင်ရောက်လာသည့် အတွက်ကြောင့် တိုက်ပွဲငယ်များဖြစ်ပွားခဲ့ပြီး ယင်းနေ့ ညနေ ၃နာရီတွင် တပ်မတော်ဖက်က ရဟတ်ယာဉ်နှစ်စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တပ်မတော်ဖက်က ည၈နာရီလောက်ထိ လက်နက်ကြီးများဖြင့် မရပ်မနား ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု AA အဖွဲ့ကသိရသည်။

ရခိုင်ဒေသတွင် တပ်မတော်က လက်နက်အင်အားများ လက်နက်များ ဖြည့်တင်းနေသည့်အတွက် ဖေဖော်ဝါရီ လဆန်းပိုင်းအတွင်း ရခိုင်ပြည်နယ်အတွင်းရှိ နေရာများတွင် တိုက်ပွဲများ ပြင်ထန်းလာနိုင်သည်ဟု AA အဖွဲ့ကပြောဆိုသည်။

ဓာတ်ပုံ- တပ်မတော်နေ့ စစ်ရေးပြ ရဟတ်ယာဉ်များ။ Photo Credit -GNLM

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts