Local News Peace political news

ဒေါ်အောင်ဆန်းစုကြည်ကို ရှုတ်ချခဲ့သော အမျိုးသားရေး ဆန္ဒပြပွဲကြောင့် ICJ တွင် အစိုးရ အကျပ်အတည်းတွေ့နိုင်၍ အစွန်းရောက်မုန်းတီးမှုများ အရေးယူရန်လိုဟုဆို (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ကို ရှုတ်ချခဲ့သော အမျိုးသားရေး ဆန္ဒပြပွဲကြောင့် ICJ တွင် အစိုးရ အကျပ်အတည်းတွေ့နိုင်၍ အစွန်းရောက်မုန်းတီးမှုများ အရေးယူရန်လိုဟုဆို (ရုပ်/သံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ရန်ကုန် မြို့တော်ခန်းမရှေ့တွင် ဖေဖော်ဝါရီလ ၉ရက်နေ့က မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး အစည်းရုံး (MNO)က ဦးဆောင်ကျင်းပခဲ့သော ဆန္ဒပြပွဲတွင် ရိုဟင်ဂျာ အလိုမရှိဟု အမျိုးသားရေးလှုပ်ရှားသူ ဦးဝင်းကိုကိုလတ်ပြောဆိုခဲ့မှု သည် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင်မှုရင်ဆိုင်နေသော အစိုးရအတွက် အကျပ်အတည်းများ ဖြစ်လာနိုင်သဖြင့် အရေးယူရန်လိုအပ်ကြောင်း မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း(ILAM) တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောဆိုသည်။

“ အကျပ်အတည်းတွေ ဖြစ်လာနိုင်တာပေါ့ဗျာ။ အထောက်အထားက အမှုတစ်ခုအနေနဲ့က ဒီအမှုဖြစ်အကြောင်းအရာပေါ့။ မပေါ်ပေါက်ခင် ပေါ်ပေါက်ဆဲ ပေါ်ပေါက်ပြီးနောက်ပိုင်းပေါ့။ အမှုရင်ဆိုင်နေရတဲ့ အချိန်ဒါတွေအကုန်ပါလာတာပေါ့ဗျာ။ ရိုဟင်ဂျာနဲ့ပတ်သက်လို့ သူတို့ကနေပြီးတော့မှ ရိုဟင်ဂျာတွေကို ခွဲခြင်းဆက်ဆံတယ်။ Genocide လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေပေါ်တဲ့အချိန်မှာ တစ်ဖက်ကလည်း လူမျိုးတစ်ခုအနေနဲ့ အသိအမှတ်မပြုဘူးပြောထားတယ်။ အဲဒါအပြင်အခုကထပ်ပြီးတော့ အချက်အလက်တွေ ပေးလိုက်တဲ့သဘောဖြစ်တာကတော့ သူတို့ကို ကျွန်တော်တို့က စော်ကားနေတယ်။ ခြိမ်းခြောက်နေတယ်။ ကျွန်တော်တို့ နိုင်ငံထဲမှာကိုပဲ ရိုဟင်ဂျာတွေကို လူမျိုးအနေနဲ့ မရှိဘူး (သို့မဟုတ်) မရှိသင့်ဘူးဆိုတဲ့ စိတ်ဓာတ်ကြီးနဲ့ နောက်ပြီးတော့ လူမျိုးအနေနဲ့ မုန်းတီးစရာဖြစ်တယ်ဆိုတာမျိုး ပြည်သူလူထုကြားထဲကို ရိုက်သွင်းနေတယ်။ စွပ်စွဲနေတယ်” ဟု ၎င်းကပြောဆိုသည်။

အမျိုးသားရေးလှုပ်ရှားသူ ဦးဝင်းကိုကိုလတ်၏ ပြောကြားချက်တွင် “ လူမျိုးလိမ်ရိုဟင်ဂျာမပေါ်ပေါက်ရေး ဒို့အရေး” ၊ “ နိုင်ငံခြားရေးဝန်ကြီးတစ်ယောက်ဖြစ်ပြီးတော့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့လူမျိုးမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ရဲရဲတင်းတင်းမပြောရဲတာကိုတော့ ကျွန်တော်ဒီနေရာကနေ ဆန့်ကျင်ရှုတ်ချပါတယ်” ၊ “ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ လူမျိုးမရှိဘူးလို့ သမ္မတရုံးက တရားဝင်ထုတ်ပြန်ပေးပါလို့ တောင်းဆိုပါတယ်” ၊ “ ဒီမှာဖြိုးမင်းသိန်းရေ ငါတို့နိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ တိုင်းရင်းသားမရှိဘူး။ မင်းမြဲမြဲမှတ်ထားလို့ မပြောသင့်ဘူးလား” ၊ “ ရိုဟင်ဂျာဆိုတဲ့အမည်ကို အသိအမှတ်ပြုတဲ့ သူတွေအားလုံးဟာ တိုင်းပြည်ကိုရောင်းစားဖို့ ကြိုးစားနေတဲ့သူတွေပဲ ဖြစ်ပါတယ်ဆိုတာကို ဒီနေရာကကြေညာပါတယ်” ဟု ဆိုသော အချက်များ ပါဝင်သည်။

အမျိုးသားရေး သမားများ၏ ဆန္ဒပြမှုများကို အစိုးရအနေဖြင့် အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်ရန် လိုအပ်နေကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောဆိုသည်။

အမျိုးသားရေး လှုပ်ရှားမှုများသည် ၂ဝ၂ဝ ရွေးကောက်ပွဲကို ရည်ရွယ်နေကြောင်း တပ္ပဒီပ အင်စတီကျူ ဒါရိုက်တာ ဒေါက်တာခင်ဇော်ဝင်းက သုံးသပ်ပြောဆိုသည်။

“ သူတို့ပြောတဲ့ထဲမှာ ဘာမှကို မှတ်သားလောက်အောင် တန်းဖိုးရှိတဲ့ စကားတွေကတော့မရှိဘူး။ အဲလိုပြောရတော့မှာပဲ သူတို့ကို လွှတ်ပေးလိုက်တာနဲ့ ပြောချင်တာတွေပြောသွားတယ်။ လက်ခုတ်တီးတဲ့သူတွေကတီးတယ်။ ကျွန်တော်မြင်တာကတော့ ရွေးကောက်ပွဲမှာ ပြန်ကစားဦးမယ်။ ရွေးကောက်ပွဲကို ရည်ရွယ်ထားတဲ့ သဘောမျိုးရှိတယ်။ သူတို့ပြောတာ hate speech တွေအများကြီးပါတယ်။ ဝါးလုံးကြီးနဲ့ ရမ်းသွားတာပဲ ရိုဟင်ဂျာဆိုတဲ့ စကားမသုံးတဲ့အတွက် အလိုမရှိဘူး။ ရိုဟင်ဂျာက မရှိတဲ့လူမျိုးကို သူတို့အနေနဲ့ လက်မခံနိုင်ဘူး။ အင်အားပြတာက ပြလေ ။လူထုကိုလည်း သူတို့လှုံ့ဆော်နေပြီလေ။ ရွေးကောက်ပွဲကို ရည်ရွယ်တာပါ” ဟု ၎င်းကပြောဆိုသည်။

အမ်ိဳးသားေရး ဆႏၵျပပြဲေၾကာင့္ ICJ တြင္ အစုိးရ အခက္ေတြ႕ႏုိင္၍ အေရးယူရန္လို(ရုပ္/သံ)

ေဒၚေအာင္ဆန္းစုၾကည္ကုိ ရႈတ္ခ်ခဲ့ေသာ အမ်ိဳးသားေရး ဆႏၵျပပြဲေၾကာင့္ ICJ တြင္ အစုိးရ အက်ပ္အတည္းေတြ႕ႏုိင္၍ အစြန္းေရာက္မုန္းတီးမႈမ်ား အေရးယူရန္လိုဟုဆုိ (ရုပ္/သံ)ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၃ရန္ကုန္ ၿမိဳ႕ေတာ္ခန္းမေရွ႕တြင္ ေဖေဖာ္ဝါရီလ ၉ရက္ေန႔က ျမန္မာႏိုင္ငံလံုးဆိုင္ရာ အမ်ိဳးသားေရး အစည္းရံုး (MNO)က ဦးေဆာင္က်င္းပခဲ့ေသာ ဆႏၵျပပြဲတြင္ ရုိဟင္ဂ်ာ အလိုမရွိဟု အမ်ိဳးသားေရးလႈပ္ရွားသူ ဦးဝင္းကိုကိုလတ္ေျပာဆိုခဲ့မႈ သည္ အျပည္ျပည္ဆုိင္ရာ တရားရုံး (ICJ) တြင္မႈရင္ဆိုင္ေနေသာ အစိုးရအတြက္ အက်ပ္အတည္းမ်ား ျဖစ္လာႏိုင္သျဖင့္ အေရးယူရန္လုိအပ္ေၾကာင္း ျမန္မာႏုိင္ငံလြတ္လပ္ေသာ ေရွ႕ေနမ်ားအသင္း(ILAM) တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္ကေျပာဆိုသည္။“ အက်ပ္အတည္းေတြ ျဖစ္လာႏိုင္တာေပါ့ဗ်ာ။ အေထာက္အထားက အမႈတစ္ခုအေနနဲ႔က ဒီအမႈျဖစ္အေၾကာင္းအရာေပါ့။ မေပၚေပါက္ခင္ ေပၚေပါက္ဆဲ ေပၚေပါက္ၿပီးေနာက္ပိုင္းေပါ့။ အမႈရင္ဆိုင္ေနရတဲ့ အခ်ိန္ဒါေတြအကုန္ပါလာတာေပါ့ဗ်ာ။ ရိုဟင္ဂ်ာနဲ႔ပတ္သက္လို႔ သူတို႔ကေနၿပီးေတာ့မွ ရိုဟင္ဂ်ာေတြကို ခြဲျခင္းဆက္ဆံတယ္။ Genocide လုပ္တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြေပၚတဲ့အခ်ိန္မွာ တစ္ဖက္ကလည္း လူမ်ိဳးတစ္ခုအေနနဲ႔ အသိအမွတ္မျပဳဘူးေျပာထားတယ္။ အဲဒါအျပင္အခုကထပ္ၿပီးေတာ့ အခ်က္အလက္ေတြ ေပးလုိက္တဲ့သေဘာျဖစ္တာကေတာ့ သူတို႔ကို ကၽြန္ေတာ္တို႔က ေစာ္ကားေနတယ္။ ၿခိမ္းေျခာက္ေနတယ္။ ကၽြန္ေတာ္တို႔ ႏိုင္ငံထဲမွာကိုပဲ ရိုဟင္ဂ်ာေတြကို လူမ်ိဳးအေနနဲ႔ မရွိဘူး (သို႔မဟုတ္) မရွိသင့္ဘူးဆိုတဲ့ စိတ္ဓာတ္ႀကီးနဲ႔ ေနာက္ၿပီးေတာ့ လူမ်ိဳးအေနနဲ႔ မုန္းတီးစရာျဖစ္တယ္ဆိုတာမ်ိဳး ျပည္သူလူထုၾကားထဲကို ရိုက္သြင္းေနတယ္။ စြပ္စြဲေနတယ္” ဟု ၎ကေျပာဆိုသည္။အမ်ိဳးသားေရးလႈပ္ရွားသူ ဦးဝင္းကိုကိုလတ္၏ ေျပာၾကားခ်က္တြင္ “ လူမ်ိဳးလိမ္ရိုဟင္ဂ်ာမေပၚေပါက္ေရး ဒို႔အေရး” ၊ “ ႏို္င္ငံျခားေရးဝန္ႀကီးတစ္ေယာက္ျဖစ္ၿပီးေတာ့ ျမန္မာႏိုင္ငံမွာ ရိုဟင္ဂ်ာဆုိတဲ့လူမ်ိဳးမရွိဘူးလို႔ ေဒၚေအာင္ဆန္းစုၾကည္က ရဲရဲတင္းတင္းမေျပာရဲတာကိုေတာ့ ကၽြန္ေတာ္ဒီေနရာကေန ဆန္႔က်င္ရႈတ္ခ်ပါတယ္” ၊ “ ျမန္မာႏိုင္ငံမွာ ရိုဟင္ဂ်ာဆိုတဲ့ လူမ်ိဳးမရွိဘူးလို႔ သမၼတရံုးက တရားဝင္ထုတ္ျပန္ေပးပါလို႔ ေတာင္းဆိုပါတယ္” ၊ “ ဒီမွာၿဖိဳးမင္းသိန္းေရ ငါတို႔ႏိုင္ငံမွာ ရိုဟင္ဂ်ာဆိုတဲ့ တိုင္းရင္းသားမရွိဘူး။ မင္းၿမဲၿမဲမွတ္ထားလို႔ မေျပာသင့္ဘူးလား” ၊ “ ရိုဟင္ဂ်ာဆိုတဲ့အမည္ကို အသိအမွတ္ျပဳတဲ့ သူေတြအားလံုးဟာ တိုင္းျပည္ကိုေရာင္းစားဖို႔ ႀကိဳးစားေနတဲ့သူေတြပဲ ျဖစ္ပါတယ္ဆိုတာကို ဒီေနရာကေၾကညာပါတယ္” ဟု ဆုိေသာ အခ်က္မ်ား ပါ၀င္သည္။အမ်ဳိးသားေရး သမားမ်ား၏ ဆႏၵျပမႈမ်ားကို အစိုးရအေနျဖင့္ အေရးယူေဆာင္ရြက္ျခင္းမ်ား ျပဳလုပ္ရန္ လိုအပ္ေနေၾကာင္း တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္ကေျပာဆိုသည္။အမ်ဳိးသားေရး လႈပ္ရွားမႈမ်ားသည္ ၂ဝ၂ဝ ေရြးေကာက္ပြဲကို ရည္ရြယ္ေနေၾကာင္း တပၸဒီပ အင္စတီက်ဴ ဒါရုိက္တာ ေဒါက္တာခင္ေဇာ္ဝင္းက သံုးသပ္ေျပာဆိုသည္။“ သူတို႔ေျပာတဲ့ထဲမွာ ဘာမွကို မွတ္သားေလာက္ေအာင္ တန္းဖိုးရွိတဲ့ စကားေတြကေတာ့မရွိဘူး။ အဲလိုေျပာရေတာ့မွာပဲ သူတို႔ကိ္ု လႊတ္ေပးလိုက္တာနဲ႔ ေျပာခ်င္တာေတြေျပာသြားတယ္။ လက္ခုတ္တီးတဲ့သူေတြကတီးတယ္။ ကၽြန္ေတာ္ျမင္တာကေတာ့ ေရြးေကာက္ပြဲမွာ ျပန္ကစားဦးမယ္။ ေရြးေကာက္ပြြဲကို ရည္ရြယ္ထားတဲ့ သေဘာမ်ိဳးရွိတယ္။ သူတို႔ေျပာတာ hate speech ေတြအမ်ားႀကီးပါတယ္။ ဝါးလံုးႀကီးနဲ႔ ရမ္းသြားတာပဲ ရိုဟင္ဂ်ာဆိုတဲ့ စကားမသံုးတဲ့အတြက္ အလိုမရွိဘူး။ ရိုဟင္ဂ်ာက မရွိတဲ့လူမ်ိဳးကို သူတို႔အေနနဲ႔ လက္မခံႏိုင္ဘူး။ အင္အားျပတာက ျပေလ ။လူထုကိုလည္း သူတို႔လႈံ႕ေဆာ္ေနၿပီေလ။ ေရြးေကာက္ပြဲကို ရည္ရြယ္တာပါ” ဟု ၎ကေျပာဆိုသည္။www.khitthitnews.com

Posted by Khit Thit Media on Thursday, 13 February 2020

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts