All News Local News

ဒီမိုကရေစီ ပညာရေးစနစ် ရရှိရေး၊ စစ်သားများ စစ်တန်းလျားပြန်ရေး မြင်းခြံနည်းပညာကောလိပ် တွင် ကျောင်းသားများ ဆန္ဒပြ

ဒီမိုကရေစီ ပညာရေးစနစ် ရရှိရေး၊ စစ်သားများ စစ်တန်းလျားပြန်ရေး မြင်းခြံနည်းပညာကောလိပ် တွင် ကျောင်းသားများ ဆန္ဒပြ

ရန်ကုန်၊ဖေဖော်ဝါရီ ၁၉

မန္တလေးတိုင်း၊မြင်းခြံ နည်းပညာကောလိပ်အတွင်း လက်ရှိပညာရေးစနစ်ကို အလိုမရှိဘဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းကာ ဒီမိုကရေစီ ပညာရေးစနစ် အကောင်အထည်ဖော်ရန် ကျောင်းသားများ ယနေ့ ဆန္ဒပြကြကြောင်း ဗကသများအဖွဲ့ချုပ်ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးကပြောသည်။

“ ရှေ့မှာ ကျွန်တော်တု့ိသဘောထားပြောခဲ့သလိုပဲ ဗကသများအဖွဲ့ချုပ်သဘောထား ဒီမိုကရေစီပညာ ရေးတောင်းဆိုတယ် လက်ရှိ ပညာရေးကို အလိုမရှိဘူး။နောက်တစ်ခု ဒီမိုကရေစီပညာရေးရဖို့ နိုင်ငံရေးစနစ် လွှတ်လပ်ဖို့လိုတယ်ပေါ့။နိုင်ငံရေးစနစ်လွှတ်လပ်ဖို့အတွက်ကို ၂၀၀၈ အခြေခံ ဥပဒေဖျက်သိမ်းရေးအရ ဒီမိုကရေစီပညာရေးရနိုင်ဖို့ရယ်ထွက်ပေါက်တစ်ခုဖြစ်တယ်ဆိုတာကျွန်တော်တို့သဘောထားကို ပြော ပြီးသားဖြစ်တယ်” ကိုဝေယံဖြိုးမိုးကပြောသည်။

အဆိုပါဆန္ဒပြပွဲတွင် ဗကသများ အဖွဲ့ချုပ်က ဒီမိုကရေစီပညာရေး ရရှိရေး ဒို့အရေး၊ရောသမမွှေထားသည့် ပညာရေးအလိုမရှိ၊ သင်ထောက်ကူပစ္စည်းများ လုံလောက်စွာရရှိရေး ဒို့အရေး၊ စစ်သားများ စစ်တန်းလျားပြန်ရေး ဆိုင်းဘုတ်များ၊ ကြွေးကြော်သံများဖြင့် တောင်းဆိုခဲ့ကြောင်းသိရသည်။

“ တက္ကသိုလ်အလိုက်တွေ ဒီမိုကရေစီလူပ်ရှားတောင်းဆိုတဲ့ဟာတွေကို တက္ကသိုလ်အလိုက်တွေမှာသက်ဆို င်ရာသမဂ္ဂတွေနဲ့ တွဲပြီးလုပ်သွားဖို့ရှိတယ်။ ဗကသများအဖွဲ့ချုပ်မဟုတ်တဲ့ တကသတွေ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားမဟာမိတ်သမဂ္ဂတွေလက်တွဲပြီးတော့ ဒီမိုကရေစီပညာရေးတောင်းဆိုလူပ်ရှားမူတွေကို အရှိန်အဟုန်မြင့်ပြီးတော့ ဆက်ပြီးလှုပ်သွားဖို့ရှိတယ်” ဟု ကိုဝေယံဖြိုးမင်းကပြောသည်။

တောင်းဆိုဆန္ဒပြမှုများကို နိုင်ငံတစ်ဝန်းရှိတက္ကသိုလ်များတွင် ဆက်လက်လူပ်ရှားသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ယနေ့ မြင်းခြံနည်းပညာကောလိပ် ဆန္ဒပြပွဲတွင် ကျောင်းသားကျောင်းသူ အယောက် (၃၀) ဝန်းကျင်ပါဝင်ခဲ့ကြောင်း သိရှိရသည်။

Photo Credit – ဗကသ

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts