All News Local News

တိုင်ရီဖိနပ်စက်ရုံတွင် လုပ်သက် ၁၉နှစ်ရှိအလုပ်သမားပင် လစာ ၁သိန်း ၇သောင်း သာရရှိ၍ လုပ်ခတိုးမြှင့်ပေးရေး တိုင်းအစိုးရရုံးရှေ့တွင် ၂ ရက်မြောက် ဆန္ဒပြနေ

တိုင်ရီဖိနပ်စက်ရုံတွင် လုပ်သက် ၁၉နှစ်ရှိအလုပ်သမားပင် လစာ ၁သိန်း ၇သောင်း သာရရှိ၍ လုပ်ခတိုးမြှင့်ပေးရေး တိုင်းအစိုးရရုံးရှေ့တွင် ၂ ရက်မြောက် ဆန္ဒပြနေ

ရန်ကုန်၊ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်း လိူင်သာယာမြို့နယ် တိုင်ရီ ဖိနပ်စက်ရုံက အလုပ်သမား ၅ဝဝခန့်က ဖြတ်တောက်ထားသော အလုပ်သမားဆိုင်ရာနစ်နာကြေးများရရှိရေးနှင့် လုပ်ခလစာတိုးမြှင့်ပေးရေး ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မှစတင်ပြီး ယနေ့ အထိ ၂ ရက်မြောက်အဖြစ် ရန်ကုန်တိုင်းအစိုးရရုံးရှေ့၌ သပိတ်မှောက်တောင်းဆိုနေကြောင်း သိရှိရသည်။

တိုင်ရီသပိတ်မှောက် အလုပ်သမားများသည် အစိုးရကတရားဝင်သတ်မှတ်ပေးထားသည့် တစ်နေ့အနည်းဆုံးလုပ်ခကြေးငွေ ၄၈ဝဝသာရရှိပြီး အလုပ်သမားတစ်ဦးရရှိရမည့် အကျိုးခံစားခွင့်ဖြစ်သော လုပ်သက်ကျွမ်းကျင်ကြေး၊ OT ကြေးတို့ကို တိုးမြှင့်ပေးရန်အတွက် အလုပ်သမားများက သပိတ်မှောက်တောင်းဆိုနေခြင်းဖြစ်ကြောင်း တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားသမဂ္ဂ ဥက္ကဌ မယုယုခိုင်ကပြောဆိုသည်။

“ ကျွန်မတို့ အလုပ်သမားတွေ လုပ်ခလစာတွေနည်းတယ်ပေါ့နော်။ လုပ်သက်အခုဆိုရင် ၁၉နှစ်ဝန်ထမ်းမှာ ၁သိန်း၇သောင်းပဲရတယ်။ ကုန်ဈေးနူန်းကလည်းမြင့်တက်လာတယ်။ အနည်းဆုံးအခကြေးငွေကလည်းပဲ အခုဆိုလိုရှိရင် ကာလကန့် သတ်ချက်ကို အကန့်သတ်ချက်ရွေဆိုင်းဥပဒေကြမ်းထွက်လာတယ်ပေါ့။ အဲဒီအပေါ်မူတည်ပြီးတော့အနည်းအ ခကြေးငွေကလည်းပဲ ၂နှစ်တာကာလမှ ပြဌာန်းထားတာတောင်မှ ကျွန်မတို့ နောက်ဆုတ်ပြီးတော့ရတယ်။ အလုပ်သမားတွေက အကယ်၍သာ ကျွန်မတို့ နှစ်ကာလကို အကန့်သတ်မရှိရွှေ့ဆိုင်းလိုက်မယ်ဆိုရင်ကျွန်မတို့ အလုပ်သမားတွေရဲ့ ဘဝကမတွေးရဲစရာပဲ။ ဒါကြောင့်မို့လိုလက်ရှိအချိန်မှာ လုပ်ခစာကလည်း စက်ရုံကနေပြီး တော့မှ၂၀၁၅တုန်းက သပိတ်တစ်ခုဖြစ်တယ်။ အဲဒီကနေပြီးတော့မှ အဲဒီတုန်းက လုပ်ခလစာတိုးတောင်းတာ မျိုးမရှိဘူး။ ၂၀၂၀မှာမှ အခုလို ဆန္ဒပြတာ။ ကုန်ဈေးနူန်း ကြောင့်လည်းဖြစ်တယ်” ဟု ၎င်းကပြောဆိုသည်။

တိုင်ရီအလုပ်သမားများတောင်းဆိုထားသည့် အချက်များတွင်လည်း မြန်မာတစ်နိုင်ငံလုံးရှိ အလုပ်သမားများကိုယ်စား အလုပ်သမားဥပဒေပါ အခွင့်အရေးများ ရရှိရေးအချက်ကိုပါ ထည့်သွင်းတောင်းဆိုထားသည်ဟု သပိတ်မှောက်အလုပ်သမားများကပြောဆိုသည်။

“ လုံလောက်အောင်လို့ မျှတပြီးတော့မှ စားနေရတဲ့အနေအထား အခုလက်ရှိမှာတာ့ ကျွန်မတို့တွေ က ဒီဒဏ်တွေကို မခံနိုင်တော့ဘူး။ တကယ်ကိုလုံး၀ မလုံလောက်တော့လို့ထပ်ပြီးတော့တိုးပေးပါဆိုပြီးတော့မှ လုပ်ငန်းရှင်ကိုတောင်းထားတာဖြစ်ပါတယ်။ ဒါက လုပ်ခလစာတောင်းဆိုမူအချက်ပါအစိုးရ ပိုင်းကို တောင်းချင်တာ ဥပဒေပါအခွင့်အရေးတွေကို ရအောင်လို့ ဝန်ကြီးဌာနတွေက သေချာစွာ စိစစ်ပြီးတော့ မှလုပ်ဆောင်ပေးဖို့ တောင်းချင်တာပါ။၂၀၁၆အခကြေးငွေ ဥပဒေနဲ့ မညီပဲနဲ့ဖြတ် တောက်ထားတဲ့ လစာတွေကို အစိုးရနေပြီးတော့မှရအောင်ပြန်လုပ်ပေးရေး အလုပ်သမားတွေရနေတဲ့ လုပ်သက်ခွင့်တွေရှိတယ်။ အဲဒီလုပ်သ က်ခွင့်အကျိုးခံစားခွင့်ကိုပျှမ်းမျှလုပ်ခလစာနဲ့ တွက်ပေးရမယ်လို့ ဥပဒေမှာ ပြဌာန်းထားပေမယ့်တကယ်တန်း စက်ရုံတွေကပေးတာက အခြေခံလစာနဲ့ တွက်ပြီးတော့ပေးပါတယ် ဒါတွေကို အစိုးရနေပြီးတော့မှသေသေ ချာ ချာကြပ်မှတ်ပြီးတော့ဆောင်ရွက်ပေးဖို့ တောင်းဆိုတာ” ဟု တိုင်ရီ စက်ရုံတွင် အလုပ်သများ၏ ဆုံးရှုံးနစ်နာမှုနေမှုများကို မယုယုခိုင်ကဆက်လက်ပြောဆိုသည်။

အဆိုပါ သပိတ်သည် တိုင်ရီဖိနပ်စက်ရုံရှေ့တွင် ဖေဖော်ဝါရီလ ၄ရက်နေ့ကစတင်ကာ သပိတ်မှောက် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အဆင့် အလုပ်ရှင်၊ အလုပ်သမားညှိနှိုင်းဖျန်းဖြေရေးရုံးများတွင် ၄ကြိမ်ထပ်မနည်း ဆွေးနွေးညှိနှိုင်းခဲ့သော်လည်း အလုပ်ရှင်ဖက်က ၎င်းတို့တောင်းဆိုထားသော အချက်များကို လိုက်လျောပေးရန် ငြင်းဆိုခဲ့ခြင်းကြောင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ကြားဝင်ဖြေရှင်ပေးရန် အလုပ်သမားများက သပိတ်မှောက် တောင်းဆိုနေခြင်းဖြစ်သည်။

ရန်ကုန်တိုင်းအစိုးရ အလုပ်သမားနှင့်လူမှုရေးဝန်ကြီး ဒေါ်မိုးမိုးစုကြည် ယမန်နေ့ အလုပ်သမားနှင့် လာရောက်ညှိနှိုင်းသော်လည်း ဝန်ကြီးက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်တွေ့ဆုံလိုပါက စာတင်ရန် ပြောဆိုပြီး တစ်စုံတစ်ရာ ရလဒ်မထွက်ခဲ့ပေ။

Photo by ရန်ကုန်ခေတ်သစ်

ဓာတ်ပုံ- ရန်ကုန်တိုင်းအစိုးရ အလုပ်သမားနှင့်လူမှုရေးဝန်ကြီး ဒေါ်မိုးမိုးစုကြည် ယမန်နေ့ အလုပ်သမားနှင့် လာရောက်ညှိနှိုင်းနေစဉ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts