All News Local News

တရုတ်တွင် ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇၂၄ ဦးရှိလာပြီး ၃၄၈၇၂ ဦး ကူးစက်မှု ရှိလာ၊ စင်ကာပူက အန္တရာယ်ရှိသော လိမ္မော်ရောင်အဆင့်ကျန်းမာရေး အခြေအနေ ကြေညာ

တရုတ်တွင် ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇၂၄ ဦးရှိလာပြီး ၃၄၈၇၂ ဦး ကူးစက်မှု ရှိလာ၊ စင်ကာပူက အန္တရာယ်ရှိသော လိမ္မော်ရောင်အဆင့်ကျန်းမာရေး အခြေအနေ ကြေညာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ဝူဟန်ဗိုင်းရပ်စ်ပိုးကြောင် သေဆုံးသူ ၇၂၄ ဦးရှိလာပြီး ကူးစက်ခံရသူမှာလည်း ၃၄၈၇၂ ဦးရှိလာကာ ၁၅၆၈ ဦး သက်သာ ကုသ ပျောက်ကင်းသွားပြီဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ထုတ်ပြန်ကြေညာသည်။

ဝူဟန်ဗိုင်းရပ်စ်ကြောင့် ဖေဖော်ဝါရီလ ၇ ရက်နေ့ တစ်နေ့တည်းတွင်ပင် လူ ၈၆ ဦးသေဆုံးခဲ့ပြီး လူပေါင်း ၃၃၉၉ ဦး ထပ်မံ ကူးစက်ခံရကြောင်း တရုတ်တစ်နိုင်ငံတည်းတွင်ပင် ကူးစက်ခံရသူ ၃၄၅၄၆ ဦးရှိကြောင်း၊ အဓိကအားဖြင့် ဟူဘေးပြည်နယ်တွင် ရောဂါကူးစက်မှုနှင့်သေဆုံးမှု များ အဓိက ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရှိရသည်။

စင်ကာပူနိုင်ငံတွင်မူ ဝူဟန်ဗိုင်းရပ်စ် ကူးစက်မှုသည် ၃၃ ဦး အထိရှိလာပြီး တချို့ ကူးစက်ခံရသူများသည် ဝူဟန်ဗိုင်းရပ်စ်လူနာများနှင့် ထိတွေ့ခြင်း မရှိသည့်အပြင် ဝူဟန်သို့လည်း သွားရောက်ခဲ့ခြင်း မရှိသူများဖြစ်၍ ဗိုင်းရပ်စ်ပျံ့နှံ့ ကူးစက်မှုကို နားမလည်ကြောင်း စင်ကာပူ ကျန်းမာရေး ဝန်ကြီး ပြောဆိုပြီး ပြည်သူများအတွက် ကျန်းမာရေးအခြေအနေကို အန္တရာယ်ကြီးသော ကျန်းမာရေး အခြေအနေ လိမ္မော်အဆင့်အဖြစ် သတ်မှတ် ကြေညာလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

စင်ကာပူနိုင်ငံတွင် ကူးစက်ရောဂါများ ဖြစ်ပွားလာပါက ပြည်သူ့ကျန်းမာရေး အဆင့် ၄ ဆင့် သတ်မှတ်ထားပြီး လိမ္မော်ရောင်သည် အန္တရာယ်ရှိသော နံပါတ် ၃ အဆင့်ဖြစ်ကာ အနီရောင်သည် အမြင့်ဆုံး အဆင့်ဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com