All News Local News

တရုတ်တွင် ဝူဟန်ဗိုင်းရပ်စ်ကြောင့် ၃၀၄ ဦးသေဆုံးပြီး လူပေါင်း ၁၄၅၅၁ ဦးကူးစက်ခံထားရ၊ အထူးလေယာဉ်ဖြင့် ဝူဟန်မြို့မှ မြန်မာကျောင်းသား ၅၉ ဦး မန္တလေးသို့ ရောက်ရှိ

တရုတ်တွင် ဝူဟန်ဗိုင်းရပ်စ်ကြောင့် ၃၀၄ ဦးသေဆုံးပြီး လူပေါင်း ၁၄၅၅၁ ဦးကူးစက်ခံထားရ၊ အထူးလေယာဉ်ဖြင့် ဝူဟန်မြို့မှ မြန်မာကျောင်းသား ၅၉ ဦး မန္တလေးသို့ ရောက်ရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

တရုတ်နိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ်ပိုးကြောင့် ကူးစက်ခံရသူ ၃၀၄ ဦးသေဆုံးသွားပြီး လူပေါင်း ၁၄၅၅၁ ဦး ကူးစက်ခံထားရကြောင်း တရုတ်အာဏာပိုင်များက ထုတ်ပြန်ပြောဆိုသည်။

ယမန်နေ့က တရုတ်တွင် လူနာ ၄၅ ဦးထပ်မံသေဆုံးပြီး ၂၅၉၀ ဦး ထပ်မံကူးစက်ခံရကာ တစ်ရက်တည်းတွင်ပင် ယင်းကဲ့သို့ ပမာဏာ များပြားစွာ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

တရုတ်တွင် လူပေါင်း ၃၀၄ ဦး သေဆုံးပြီး ၁၄၅၅၁ ဦး ကူးစက်ခံထားရချိန်တွင် နိုင်ငံပေါင်း ၂၃ နိုင်ငံသို့လည်း ယင်းရောဂါ ပျံ့နှံ့ကူးစက်နေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကြေညာချက်ထုတ်ပြန်သည်။

တစ်ချိန်တည်းမှာပင် မြန်မာအစိုးရက ဝူဟန်မြို့တွင် ပိတ်မိနေသည့် မြန်မာကျောင်းသား ၆၃ ဦးကို အထူးလေယာဉ်ဖြင့် သွားရောက်ခေါ်ဆောင်ခဲ့ပြီး ယင်းတို့အနက် ကျောင်းသား ၂ ဦးသည် ကိုယ်ပူချိန်မြင့်နေကာ ကျန် ၁ ဦးမှာမူ ပတ်စ်ပို့စ်နှင့်ဗီဇာ ပြဿနာရှိနေခြင်း၊ကျန် ၁ ဦးမှာ ပြည်နယ်ပြင်ပ ရောက်ရှိနေခြင်းတို့ကြောင့် စုစုပေါင်း ကျောင်းသား ၅၉ ဦးကို ပြန်လည်ခေါ်ဆောင်လာကြောင်း၊ အဆိုပါ ၅၉ ဦးကို မန္တလေးရှိ ကန်တော်နဒီ ဆေးရုံတွင် ၁၄ ရက်ကြာ ထားရှိ၍ ဝူဟန်ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်း ရှိ၊ မရှိ စောင့်ကြည့် မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

ဓာတ်ပုံ- မြန်မာကျောင်းသား ၅၉ ဦး မန္တလေးဆိပ်သို့ ဆိုက်ရောက်လာစဉ်။ Photo Credit- ပို့/ဆက်ဂျာနယ်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts