All News Local News Peace

တပ်မတော်က နေအိမ်များ မီးရှို့ဖျက်ဆီးဟုဆိုကာ ရသေ့တောင်မှ ကျေးရွာသား ၆ဝဦး စစ်တွေတွင် လာရောက်ခိုလှုံ

တပ်မတော်က နေအိမ်များ မီးရှို့ဖျက်ဆီးဟုဆိုကာ ရသေ့တောင်မှ ကျေးရွာသား ၆ဝဦး စစ်တွေတွင် လာရောက်ခိုလှုံ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ သမီးလှရွာဟောင်း (ခေါ်) ရက်ခုန်တိုင်ကျေးရွာတွင် တပ်မတော်က နေအိမ်များ ဖျက်စီးခဲ့သည်ဟု ဆိုကာ ယနေ့ဖေဖော်ဝါရီလ ၂၁ရက်တွင် စစ်တွေမြို့ပေါ်သို့ရောက်ရှိလာကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကပြောဆိုသည်။

နေအိမ်များ မီးရှို့ဖျက်ဆီးခံရသဖြင့် ရက်ခုန်တိုင်ကျေးရွာရှိ အိမ်ထောင်စု ၁၀၅စုမှ ကျေးရွာသားအားလုံး နီးစပ်ရာသို့ တကွဲတပြား ထွက်ပြေးခဲ့ရပြီး အိမ်ထောင်စု ၁၉ စုမှ လူဦးရေ ၆၀ ဦးသည် ဖေဖော်ဝါရီလ ၂ဝရက်နေ့ညနေတွင် အောင်တံခွန် (၂) သင်္ဘောဖြင့် စစ်တွေမြို့သို့ ခိုလှုံရန် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။

“အဲဒီကျေးရွာမှာကျေးရွာသား လူတစ်ယောက်မှမရှိတော့ဘူး။ အကုန်လုံး နီးစပ်ရာကို ထွက်ပြေးသွားကြပြီ နီးစပ်ရာထွက်ပြေး တယ်ဆိုတဲ့နေရာမှာ နီးစပ်ဆွေးမျိုးသားချင်းရှိတဲ့ နေရာကိုထွက်ပြေးသွားကျတယ်။ ဘယ်သူဘယ်မှာဘယ်လောက်ရှိလဲဆိုတာကို ကျွန်တော်တို့လည်းမသိသေးဘူး။ အဲဒီကျေးရွာသားထဲကမှ ထွက်ပြေးကျတဲ့အခါမှာ မီးရိူ့ခံခဲ့ရတဲ့နေအိမ် (၁၅)ခုထဲက မိသားစု ခြောက်စုအပါအဝင်တစ်ခြား ဖောက်ထွင်းဖျက်ဆီးခံရတဲ့ မိသားစုတွေပါတဲ့ အကုန်လုံးမိသားစု (၁၉)မိသားစု မနေ့ကညက စစ်တွေကို လာခဲ့ တာပေါ့” ဟု ဦးဇော်ဇော်ထွန်းကပြောဆိုသည်။

ထိုသို့ မီးရှိုှု့ဖျက်ဆီးခြင်းများကို တပ်မတော်ကလုပ်ဆောင်ခြင်းဖြစ်သည်ဟု ထွက်ပြေးလာသည့် ကျေးရွာသားများကပြောဆိုကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

“ မီးရှို့တာ သူတို့ပြောပြချက်အရကတော့ အဲဒီထဲမှာ သူတို့ မထွက်ခင်မှာပဲပေါ့နော်စစ်တပ်ကနေပြီးတော့မှ အမြှောက်တွေလှမ်းထုတာမျိုးရှိတယ်။မကြာခင်မှာပဲ သူတို့ ထွက်ပြေးသွားကျတယ်။ မီးရှို့တာကိုဘယ်သူ မြင်တာတော့မဟုတ်ဘူ။ းဒါပေမယ့် သူတို့ ယူဆတာကတော့ သူတို့ ရွာကမထွက်ခွာခင်မှာ တပ်ကနေပြီးတော့ လက်နက်ကြီးနဲ့တိုက်တာတွေရှိတယ်။နောက်ပြီးတော့ တပ်ကနေပြီးတော့မှ ရွာဘက်ကို လာခဲ့တယ်။ရွာထဲ ကိုလာတာမြင်လိုက်တယ်။ ရွာထဲကို မီးရှို့လိုက်တာကို မသိလိုက်ဘူး။ အဲဒီမှာမီးရှို့တဲ့ ပုံစံတွေက တပ်ကနေပြီးတော့မှ အခြားရွာတွေမှာလုပ်ခဲ့တဲ့ပုံစံအတိုင်းပဲလို့ပြောကြတယ်။တပ်ကတော့ မြန်မာစစ်တပ်ပဲ။ အဲဒီရွာအနီးနာမှာ တပ်စွဲထားတဲ့တပ်ကပဲ ပစ်တယ်လို့ တစ်ချို့ကပြောကြတယ်” ဟု ကိုဇော်ဇော်ထွန်းကပြောဆိုသည်။

အဆိုပါ ထွက်ပြေးတိမ်းရှောင်လာသူများအား လက်ရှိချိန်တွင် စစ်တွေမြို့ ဘုန်းကြီးကျောင်းဓမ္မရုံ နေရာချထားပေးပြီး ရေရှည်နေထိုင်ရန်အတွက် အခက်အခဲများရှိနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးထံမှ သိရှိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးတို့ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပြန်လည်ဖြေဆိုခြင်းမရှိပေ။

ဓာတ်ပုံ- သမီးလှကျေးရွာဟောင်းမှ နေအိမ်မီးရှို့ခံရသော မြင်ကွင်း။ Photo Credit – REC

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts