All News Local News Peace

ဆောက်လုပ်ရေးဝန်ကြီးဌာန အင်ဂျင်နီယာ ၁ ဦးကို AA က ပြန်လွှတ်ပေး

ဆောက်လုပ်ရေးဝန်ကြီးဌာန အင်ဂျင်နီယာ ၁ ဦးကို AA က ပြန်လွှတ်ပေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ရခိုင်တပ်မတော် AA က ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အငယ်တန်းအင်ဂျင်နီယာတစ်ဦးကို ဖမ်းဆီး ထိန်းသိမ်းထားရာမှ ပြန်လွှတ်ပေးလိုက်ကြောင်း AA က သတင်းထုတ်ပြန်သည်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ကုန်းပုထိုးရွာနေ ဦးလှရွှေနှင့် ဒေါ်မြင့်ကြည်တို့၏ သား ဦးကျော်ဇင်ထွန်း အငယ်တန်းအင်ဂျင်နီယာ ၄ ၊ မြို့ပြ တံတားပြုပြင်ထိန်းသိမ်းရေးဌာနခွဲတွင် တာဝန်ထမ်းဆောင်သူဖြစ်ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း ရွှေနဒီ လူစီး အမြန်ရေယာဉ် ပေါ်မှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ရက်ပေါင်း ၁၂၀ ကြာ ထိန်းသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ၊ နေ့လယ် ၃ နာရီ ၂၅ မိနစ်တွင် ရသေ့တောင်မြို့နယ်၊ ရီပိုက်ဆုံကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်လိုက်ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

AA က ၂၀၁၉ ခုနှစ်အတွင်း စစ်ဖက်နှင့်မသက်ဆိုင်သူ ၆၆ ဦး ၊ ၂၀၂၀ တွင် ၅ ဦး စုစုပေါင်း ၇၁ ဦး လွှတ်ပေးပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts