All News Health International News

ဂျပန်တွင် ကော်ရိုနာဗိုင်းရပ်စ်ကြောင့် လူ ၁ ဦး ပထမဆုံးအကြိမ်သေဆုံး၊ တရုတ်တွင် သေဆုံးသူ ၁၄၈၃ ဦးရှိလာပြီး ၆၅၂၁၀ ကူးစက်ခံရ

ဂျပန်တွင် ကော်ရိုနာဗိုင်းရပ်စ်ကြောင့် လူ ၁ ဦး ပထမဆုံးအကြိမ်သေဆုံး၊ တရုတ်တွင် သေဆုံးသူ ၁၄၈၃ ဦးရှိလာပြီး ၆၅၂၁၀ ကူးစက်ခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

ဂျပန်နိုင်ငံတွင် ဝူဟန်ကော်ရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် ပထမဆုံးအကြိမ် လူ ၁ ဦးသေဆုံးခဲ့ပြီး တရုတ်နိုင်ငံတွင် သေဆုံးသူ ၁၄၈၃ ဦး ၊ တရုတ်နိုင်ငံပြင်ပ သေဆုံးသူ ၃ ဦး စုစုပေါင်း ၁၄၈၆ သေဆုံးခဲ့ကာ ကူးစက်ခံရသူ ၆၅၂၁၀ ဦး ရှိကာ ၅၉၅၄ ဦးကုသပျောက်ကင်းသွားပြီဖြစ်ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဂျပန်နိုင်ငံတွင် အသက် ၈၀ အရွယ် ကော်ရိုနာ ဗိုင်းရပ်စ်ကူးစက်ခံထားရသော အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ကြောင်း၊ ကော်ရိုနာဗိုင်းရပ်စ် အမျိုးသမီးတွင် ကူးစက်ခံထားရသော်လည်း သူမ သေဆုံးမှု နှင့် ကော်ရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆက်စပ်မှု ရှိ၊ မရှိ မရှင်းလင်းသေးကြောင်း၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် အဆိုပါအမျိုးသမီး နေမကောင်းခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့ ဆေးရုံတင်ခဲ့ကြောင်း၊ ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရကြောင်း သူမ သေဆုံးပြီးမှ အတည်ပြုနိုင်ခဲ့ကြောင်း ဂျပန်ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန် ပြောဆိုသည်။

မြန်နမာနိုင်ငံတွင်မူ ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ ကော်ရိုနာဗိုင်းရပ်စ် စောင့်ကြည့် သံသယ လူနာ ၁၈ ဦး ရှိပြီး စောင့်ကြည့် စစ်ဆေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

Photo – AP

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts