All News Local News Peace

ကျောက်ဖြူတွင် ဆိုင်ကယ်နှင့်လူပါ မီးရှို့ခံရထားသည့် အလောင်း တွေ့ရှိ၊ ရဲဘက်က စစ်ဆေးနေဆဲ

ကျောက်ဖြူတွင် ဆိုင်ကယ်နှင့်လူပါ မီးရှို့ခံရထားသည့် အလောင်း တွေ့ရှိ၊ ရဲဘက်က စစ်ဆေးနေဆဲ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ကျောက်ဖြူမြို့နယ်တွင် ဆိုင်ကယ်နှင့်လူကိုပါ မီးရှို့ ခံထားရသည့် အလောင်းတစ်လောင်း တွေ့ရှိကြောင်း ကျောက်ဖြူမြို့နယ်အာဏာပိုင်များနှင့် လွှတ်တော်ကိုယ်စားလှယ်တချို့ထံမှ သိရှိရသည်။

“အလောင်းတွေ့တာလည်း မှန်တယ်။ ဆိုင်ကယ်ကို မီးရှို့ ခံထားရတာလည်း မှန်ပါတယ်။ ဒါပေမယ့် အသတ်ခံရတာလား၊ ဘယ်လိုဖြစ်တာလဲဆိုတာက ရဲဘက်ကပဲ သိမယ်။ ရဲဘက်က စိစစ်နေတာမို့ ရဲကိုပဲ မေးပါ ” ဟုေ ကျာက်ဖြူမြို့နယ်မှ အာဏာပိုင်တစ်ဦးက ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်၏ သီးခြားစုံစမ်းချက်အရ ကျောက်ဖြူမြို့နယ် ကုလာဘာကျေးရွာနှင့် ရေနံတောင်ကျေးရွာကြားတွင် ဖေဖော်ဝါရီလ၂၄ ရက် နေ့ နံနက်ပိုင်း အုန်းတောကျေးရွာသား တစ်ဦးကို ဆိုင်ကယ်နှင့်လူပါ မီးရှို့ခံထားရသည့် အနေအထားဖြင့် တွေ့ရှိရခြင်းဖြစ်သည်ဟု သိရှိရသည်။

Photo Credit – OUP

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts