All News Business Local News

ကော်ရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးကျဆင်းပြီး ကမ္ဘာ့ရွှေဈေးစံချိန်တင်တက်၊ မြန်မာ့ရွှေ အခေါက်ရွှေတစ်ကျပ်သား ၁၂ သိန်းခွဲနီးပါး ထိ ဈေးတက်လာ

ကော်ရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးကျဆင်းပြီး ကမ္ဘာ့ရွှေဈေးစံချိန်တင်တက်၊ မြန်မာ့ရွှေ အခေါက်ရွှေတစ်ကျပ်သား ၁၂ သိန်းခွဲနီးပါး ထိ ဈေးတက်လာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

တရုတ်နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ကော်ရိုနာ ဗိုင်းရပ်စ်ကြောင့် တရုတ်စီးပွားရေးလုပ်ငန်းများ ကျဆင်းပြီး ရှယ်ယာဈေးကွက်များတွင်လည်း ဈေးထိုးကျမှုများ ဖြစ်ပေါ်ကာ ရွှေဘက်သို့ ဝင်ရောက်ရင်းနှီးမြှုပ်နှံသူ များပြားလာသည့်အတွက် ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်လာကြောင်း နိုင်ငံတကာသတင်းများအရ သိရှိရသည်။

ကမ္ဘာ့ရွှေဈေးသည် ရင်းနှီးမြှုပ်နှံသူများသည့်အတွက် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၆၄၆ အထိ စံချိန်တင်မြင့်တက်သွားကြောင်း ၊ အဓိကအားဖြင့် စတော့ရှယ်ယာဈေးကွက်များတွင် ရှယ်ယာဈေးနှုန်းများ ကျဆင်းခြင်း၊ ကမ္ဘာ့အကြီးဆုံး စီးပွားရေးဈေးကွက်ဖြစ်သော တရုတ်နိုင်ငံတွင် ကော်ရိုနာ ဗိုင်းရပ်စ်ကြောင့် စီးပွားရေးလုပ်ငန်းများစွာ ရပ်ဆိုင်းနေခြင်း၊ စက်ရုံများ ရပ်ဆိုင်းနေခြင်းနှင့် စီးပွားရေး နှေးကွေးသွားခြင်း ကြောင့် ရင်းနှီးမြှုပ်နှံသူများက ရွှေဈေးကွက်ဘက်သို့ လှည့်လည် ရင်းနှီးမြှုပ်နှံလာခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့ရွှေဈေးသည် အခေါက်ရေတစ်ကျပ်သားလျှင် ၁၂၄၉၀၀၀ နှင့် ၁၂၄၅၀၀၀ အကြား အတက်အကျ ဖြစ်ပေါ်နေပြီး မြန်မာ့ရွှေဈေးပါ လိုက်လံ မြင့်တက်လာကြောင့်၊ မြန်မာငွေနှင့် ဒေါ်လာ ငွေလဲလှယ်နှုန်းထားတွင် အမေရိကန်တစ်ဒေါ်လာ မြန်မာငွေ ၁၄၅၀ ကျပ်ဝန်းကျင်တွင် ဈေးပေါက်လျက်ရှိကြောင်း၊ ကမ္ဘာ့ရွှေဈေး ဆက်လက် မြင့်တက်ပါက မြန်မာ့ရွှေဈေးလည်း လိုက်ပါ မြင့်တက်နိုင်သည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းမှ ရွှေကုန်သည်တစ်ဦးက သုံးသပ်ပြောဆိုသည်။

“အခု ဒေါ်လာဈေးငြိမ်နေလို့ ရွှေဈေးက တအိအိပဲတက်တယ်။ ပြည်တွင်းမှာတော့ သိပ်ပြီး အရောင်းအဝယ် နည်းတယ်။ ပြန်ရောင်းတဲ့သူများတယ်။ ရွှေဈေးတက်တော့ ပြန်ရောင်းကြတာများတယ်။ ကမ္ဘာ့ဈေးကြောင့် ပြည်တွင်းရွှေဈေးက လိုက်တက်တာပါ။ ပြည်တွင်းမှာတော့ သိပ်ပြီး ဝယ်သူ နည်းတယ်လို့ ပြောရမယ်” ဟု ရွှေကုန်သည်က ဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts