All News Health International News

ကော်ရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၀၀၀ ကျော်ပြီး ကူးစက်ခံရသူ ၇၅၁၉၇ ဦးရှိ

ကော်ရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၀၀၀ ကျော်ပြီး ကူးစက်ခံရသူ ၇၅၁၉၇ ဦးရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

တရုတ်နိုင်ငံဖြစ်ပွားလျက်ရှိသော ဝူဟန်ကော်ရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၀၀၉ ဦးရှိလာပြီဖြစ်ပြီး ကူးစက်ခံရသူ ၇၅၁၉၇ ဦးရှိလာပြီဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ထုတ်ဖော်ပြောဆိုသည်။

ယမန်နေ့က တရုတ်တစ်နိုင်ငံလုံးတွင် သေဆုံးသူ ၁၃၆ ဦးသေဆုံးခဲ့ပြီး ကူးစက်ခံရသူ အရေအတွက် ၁၇၄၉ ဦး ထပ်မံ တွေ့ရှိခဲ့ကြောင်း တရုတ်အာဏာပိုငများ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဆေးရုံများတွင် သက်သာပျောက်ကင်း၍ အိမ်ပြန်သွားကြသည့် လူနာအရေအတွက်မှာလည်း ၁၄၄၄၈ ဦးရှိလာပြီဖြစ်ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံပြင်ပတွင်မူ ၅ ဦးသေဆုံးခဲ့ပြီဖြစ်ရာ နိုင်ငံပေါင်း ၂၀ ကျော်တွင်လည်း ဗိုင်းရပ်စ်ကူးစက်ခံရသူအများအပြား တွေ့ရှိနေရပြီဖြစ်သည်။

ဓာတ်ပုံ- ဝူဟန်မြို့ရှိ အသစ်ဆောက်လုပ်ထားသော ဆေးရုံကြီးတွင် ကုသမှု ခံယူနေသော လူနာများ။ Photo Credit – AP

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts