Local News Web TV
ကတိမတည်သော ရန်ကုန်တိုင်းဝန်ကြီးချုပ်ကြောင့် YUPTမှ လိုင်းကားပိုင်ရှင် ရှယ်ယာရှင်များ ဘဝပျက်၊ ထမင်းငတ်နေကြပြီဟုဆို(ရုပ်/သံ)
ကတိမတည်သော ရန်ကုန်တိုင်းဝန်ကြီးချုပ်ကြောင့် YUPTမှ လိုင်းကားပိုင်ရှင် ရှယ်ယာရှင်များ ဘဝပျက်၊ ထမင်းငတ်နေကြပြီဟုဆို(ရုပ်/သံ)
ရန်ကုန်၊ ဖေဖော်ဝါရီ ၅
ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကွဲမှုအဖွဲ့(YRTA) နာယက၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးသိန်းသည် ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီ(YUPT)၏ အစုရှယ်ယာရှင်များအပေါ် ကတိမတည်သည့်အတွက်ကြောင့် YUPT ကိုတရားစွဲဆိုသွားမည်ဖြစ်ကြောင်း အစုရှယ်ယာရှင်များက ပြောဆိုလိုက်သည်။
လစဉ် အကျိုးအမြတ်ပေးမည် ဟု ပြောဆိုခဲ့ပြီး ဘတ်စ်ကားလိုင်းပိုင်ရှင်များကို YUPT တွင် ရှယ်ယာဝင်ခိုင်းခဲ့ပြီး ပြဿနာတက်လာချိန်တွင် ရှယ်ယာများ ပြန်ဝယ်ပေးမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့သည်။
ထိုသို့ ပြောဆိုသော်လည်း လက်တွေ့တွင် မည်သည့် ရလဒ်မှ ထွက်လာခြင်းမရှိ၍ မထသ ခေတ်က တစ်နိုင်တစ်ပိုင် ဘတ်စ်ကားပိုင်ရှင်များမှာ YBS ပြောင်းပြီး ၃ နှစ်အတွင်း YUPT ကုမ္ပဏီလက်အောက်တွင် အကျိုးအမြတ်လည်းမရ၊ ရှယ်ယာများကို အစိုးရကလည်း ပြန်လည် ဝယ်ယူခြင်းမရှိဘဲ ဘဝပျက်နေကြရပြီဟု ရှယ်ယာရှင်များက ပြောဆိုကြသည်။
ရန်ကုန်ဝန်ကြီးချုပ်နှင့် YUPT ကို ရှယ်ယာရှင်များ တရားစွဲကြတော့မည်(ရုပ်/သံ)
Posted by Khit Thit Media on Tuesday, 4 February 2020
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ
khitthitnews.com
Related Posts
khitthitnews.com