All News Local News Peace

NLD အမတ် ဦးဝှေ့တင်းကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း AA က ကြေညာချက်ထုတ်ပြန်

NLD အမတ် ဦးဝှေ့တင်းကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း AA က ကြေညာချက်ထုတ်ပြန်

ရန်ကုန်၊ ဇန်နဝါရီ ၂၁

ရခိုင်တပ်မတော်AA က ဖမ်းဆီးထိန်းသိမ်းထားသော NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့ ပလက်ဝမြို့နယ် တစ်နေရာတွင် ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း AA က သတင်းထုတ်ပြန်သည်။

ရခိုင်နှင့်ခူမီး တိုင်းရင်းသားများအကြား ဆက်ဆံရေး ပြန်လည် တည်ဆောက်လိုခြင်းကို ရှေးရှု၍ ပြန်လည် လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း AA ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

AA က ဦးဝှေ့တင်းကို ကျောက်တော်မြို့နယ်၊ကုလားတန်မြစ်ကြောင်းအတွင်း ခရီးသွားလာနေစဉ် နိုဝင်ဘာလ ၃ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၂ လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားခဲ့ရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts