All News Election Local News

NLD ပါတီဝင်အဖြစ်မှ ရန်ကုန်လွှတ်တော်အမတ် ဦးကျော်ဇေယျကို အကြောင်းပြချက်မရှိ ထုတ်ပယ်ဟု ဦးကျော်ဇေယျဆို

NLD ပါတီဝင်အဖြစ်မှ ရန်ကုန်လွှတ်တော်အမတ် ဦးကျော်ဇေယျကို အကြောင်းပြချက်မရှိ ထုတ်ပယ်ဟုဆို၊ PPP ပါတီသို့ ဝင်ရောက်မည်ဟု ဦးကျော်ဇေယျဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၅

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD ပါတီက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကို ပါတီဝင်အဖြစ် ရုပ်သိမ်းထုတ်ပယ်လိုက်ပြီး အကြောင်းပြချက် တစ်စုံတစ်ရာ ပေးခြင်းမရှိကြောင်း ဦးကျော်ဇေယျက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ကျနော့်ကို ပါတီဝင်အဖြစ် ထုတ်ပယ်တယ်ဆိုတာ ကျနော်လည်း ကြားနေတာကြာပြီ။ အခုမှ လက်ထဲကို စာရောက်တာ။ ကျနော်လည်း သေချာမှ တင်လိုက်တာ။ အကြောင်းပြချက် မပေးဘူး။ ခေါ်လည်း မတွေ့ဘူး။ ကျနော်အနေနဲ့ကတော့ အမိန့်အတိုင်းပါပဲ။ Complaint တက်စရာမရှိပါဘူး။ ကျနော် မနက်ဖြန် ဒေါက်တာသက်သက်ခိုင်နဲ့ တွေ့ပြီး PPP ပါတီ ဝင်ဖို့ရှိပါတယ်” ဟု ဦးကျော်ဇေယျက ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်က NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွှန့်ကို ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

NLD ပါတီသည် ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်သက်သက်ခိုင်နှင့် ရန်ကုန်တိုင်းလွှတ်တော်အမတ် ဦးကျော်ဇေယျတို့ကို ပါတီတာဝန်များ ရပ်စဲခဲ့ပြီးနောက် ဒေါက်တာဒေါ်သက်သက်ခိုင်က ပါတီမှ နုတ်ထွက်ပြီး PPP ထူထောင်ခဲ့သည်။

Photo Credit – Kyaw Zay Ya Facebook

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts