All News Business interview

NLDအစိုးရက ချထားပေးမည့် ညွှန်ချုပ်အဆင့်နှင့်အထက် ကားပါမစ်များ အခွန်ကင်းလွတ်ခွင့်ပေးမည်ဆိုလျှင် စစ်အစိုးရလမ်းစဉ်လိုက်ပြီဟု ဝေဖန်ခံနေရ

NLDအစိုးရက ချထားပေးမည့် ညွှန်ချုပ်အဆင့်နှင့်အထက် ကားပါမစ်များ အခွန်ကင်းလွတ်ခွင့်ပေးမည်ဆိုလျှင် စစ်အစိုးရလမ်းစဉ်လိုက်ပြီဟု ဝေဖန်ခံနေရ

By ရန်ကုန်ခေတ်သစ်

NLD အစိုးရက ညွှန်ချုပ်အဆင့်နှင့်အထက် အဆင့် ပြည်သူ့ဝန်ထမ်းနှင့်နိုင်ငံ့ဝန်ထမ်းများအား ကားများ တင်သွင်းခွင့်ပြုရန် လျှောက်လွှာများ ယခု ဇန်နဝါရီလ ၈ ရက်နေ့အရောက် ပေးပို့ ရန် ခေါ်ယူထားပြီး ဒုတိယအဆင့်အနေဖြင့် ဒုညွှန်ကြားရေးမှူးချုပ်နှင့် လုပ်သက် ၂၅ နှစ်ပြည့်ပြီး နိုင်ငံ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသူ ဝန်ထမ်းများအား ကားတင်သွင်းခွင့်ပြုမည်ဟု ကြေညာထားသည်။

ထိုသို့ တင်သွင်းခွင့်ပြုရာတွင် လတ်တလော ထွက်ပေါ်လျက်ရှိသော သတင်းများအရ အခွန်ဆောင်ရန် မလိုဟု သတင်းများ ထွက်ပေါ်နေရာ အဆိုပါ ကားတင်သွင်းခွင့်ပါမစ်ကို အနည်းဆုံး သိန်း ၅၀၀ ပေး ဝယ်ယူမည်ဆိုသော သတင်းများကလည်း ထွက်ပေါ်လျက်ရှိသည်။

အမှန်တကယ် အခွန်ကင်းလွတ်ခွင့်ရရှိမည်ဆိုပါက ယင်းကားတင်သွင်းခွင့်ကို ဝယ်ယူ၍ တန်ဖိုးအလွန်ကြီးသော ကားများကို ငွေကြေးတတ်နိုင်သူများက တင်သွင်းကြရန်လည်း ပြင်ဆင်နေကြပြီဖြစ်သည်။

အဆိုပါ အခြေအနေနှင့်ပတ်သက်ပြီး ဝါရင့်ကားဝယ်ရောင်းသမားနှင့် လုပ်ငန်းရှင်တချို့ကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

ဦးအောင်သန်းဝင်း
ဥက္ကဋ္ဌ၊ မော်တော်ကားရောင်းဝယ်ရေးအသင်း(ရန်ကုန်)

ဒါကတော့မလုပ်သင့်ဘူးလို့မြင်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဝန်ထမ်းဆိုတာကတော့ သူလည်းဝန်ထမ်း ကိုယ်လည်းဝန်ထမ်းပဲ ဒါပေမယ့် သူရဲ့ ဝန်ထမ်းပေါ်မှာက ရာထူးအဆင့်အတန်းအလိုက်သွားတာပေါ့။ အောက်ခြေဝန်ထမ်းလည်း နိုင်ငံအတွက်အလုပ်လုပ်တာပဲ။ ညွှန်ချုပ်လည်း နိုင်ငံအတွက်အလုပ်လုပ်တာပဲ။ အလုပ်လုပ်တာချင်အတူတူမှာ ဒီအထက်အရာရှိကို ပေးတယ်ဆိုတဲ့အတိုင်းအတာအနေအထားမှာမဖြစ်သင့်ဘူးပေါ့။

ဘာဖြစ်လို့ လဲဆိုတော့ ညွှန်ချုပ်တို့ ညွှန်မှူးတို့ အမြဲတမ်းအတွင်းဝန်တို့ဆိုတာက ဝန်ကြီးဌာနတစ်ခုမှာ သူရဲ့အဆောင်အယောင်တွေ ပေးထားပြီးသား။ ရှိပြီသား။ ရှိပြီးသားအတိုင်းအတာတစ်ခုမှာ အမှန်ကတော့သူတို့ကိုမပေးနဲ့လို့ မဆိုလိုဘူးပေါ့။ ဒီအချိန် ဒီကာလကြီးမှာတော့ မပေးစေချင်သေးဘူး။ ပြည်သူလူထုတွေနွမ်းပါးနေတဲ့ အချိန် ဝန်ထမ်းချင်း စိတ်ဝမ်းကွဲ အတိုင်းအတာတွေ အနေအထားတွေအများကြီးရှိတယ်။

နိုင်ငံတော်အတွက်လည်းရှင်းရှင်းပြောရင် ကောင်းတဲ့အလားအလာတော့ မဟုတ်ဘူး။ အရင်လက်ထက်တုန်းကလည်းဒါမျိုးတွေလုပ်ခဲ့တော့ အခုလည်းဒါမျိုးတွေက မထူးပါဘူးဆိုပြီးတဲ့ ပုံစံမျိုးဒါတွေက ပြည်သူတွေ အဲဒီလိုပုံစံမျိုးပြောလာမယ်ဆိုရင်တော့ မကောင်းဘူးပေါ့။

၂၀၂၀ရွေးကောက်ပွဲကာလအပိုင်းအခြားနဲ့ တွက်မယ်ဆိုရင် ၈ လလောက်ပဲလိုတော့တာလေ။ ဒါကတော့ နိုင်ငံတော်အကြီးအကဲတွေ သိချင်လည်းသိမယ်မသိချင်လည်းမသိဘူးပေါ့။ ဒီဟာကြီးကိုတော့ မလုပ်သင့်ဘူးလို့ယူဆတယ်။

အဲဒီကား ပါမစ်တစ်စောင်ကိုချပေးမယ်ဆိုရင် ဝန်ကြီးဌာနတစ်ခုမှာ အနည်းဆုံးငါးယောက်ရှိတယ်။ ဝန်ကြီးရှိတယ်။ ဒုဝန်ကြီးရှိတယ်။ ညွှန်ချုပ်ရှိတယ်။ ဒုချုပ်ရှိတယ်။ အမြဲတမ်းအတွင်းဝန်ပါတယ်။ ဝန်ကြီးဌာနတစ်ခုအောက်မှာက ဦးစီးဌာနတွေရှိတယ်။ ဦးစီးဌာနတွေ ညွှန်ချုပ်တွေရှိသေးတယ်လေ။

အဲဒီကားပါမစ်တွေက အခွန်နူန်းထားလျှော့မယ့် အတိုင်းအတာနေအထားနဲ့ဘယ်လိုလျှော့မလဲဆိုတဲ့ အတိုင်းအတာအနေအထားနဲ့ မသိသေးဘူးပေါ့လေ။ ဆိုလိုတဲ့သဘောကတော့ ဒါကတော့ ပြည်ထောင်စုအဆင့်ကိုပေးတာ တို့တိုင်းဒေသကြီးအဆင့်တွေမပါသေးဘူး။

အခွန်ကဘယ်လိုသက်သာနှုန်းနဲ့ပေးမလဲ။ နိုင်ငံတော်အစိုးရကနေ ဟိုတလောက ကျည်ကာကား ၆ စီးအခွန်ကင်းလွတ်ခွင့်တင်တယ်။ ခွင့်ပြုတယ်လေ။ အဲဒါကတော့တစ်မျိုးပေါ့။

ရွေးကောက်ပွဲနီးနေတဲ့ကာလကြီးမှာ ပါတီဘက်ကပဲကြည့်ကြည် နိုင်ငံအစိုးရဘက်ကပဲကြည့်ကြည့် ဒါကြီးကတော့ မလုပ်သင့်သေးဘူး။ ပြည်သူတွေစားဝတ်နေရေးကျပ်တည်းနေတဲ့အချိန်မှာ အခုအခွန် သုံးရာခိုင်နူန်းတောင် မဆောင်နိုင်တဲ့ကိစ္စတွေ ပွတ်လောရိုက်နေတဲ့အချိန်မှာ မလုပ်သင့်ဘူး။

အခွန်သုံးရာခိုင်နူန်းဆောင်တဲ့ကိစ္စတောင် ပြဿနာဖြစ်နေတာ။ လုပ်ပုံလုပ်နည်းလွဲနေတာတွေ။ အဲဒါတွေတောင်ပြဿနာတွေဖြစ်နေတာ။ ဒီလိုဟာမျိုးထပ်လုပ်လိုက်တဲ့အချိန်မှာ တိုင်းပြည်ကိုပြည်သူလူထုအပေါ်မှာ လက်ရှိအစိုးရကိုပုံရိပ်ချတဲ့အနေအထားတွေ အများကြီးဖြစ်ပေါ်တယ်။ ဒါတွေကလည်းမလုပ်သင့်ဘူးပေါ့။ ဆိုလိုတဲ့သဘောကတော့ နိုင်ငံတော်လည်းပုံရိပ်ကျတယ်။ ပါတီလည်းပုံရိပ်ကျတာပေါ့။

ဒေါက်တာစိုးထွန်း
ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ဖြန်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း

ပေးမှာတော့ ညွန်ချုပ်အထက်ဆင့်ကတော့ ပထမအဆင့် ဒုတိယအဆင့်ကတော့ လုပ်သက်၂၅နှစ်ဝန်ထမ်းအားလုံးတော့ပေးမှာပေါ့နော်။ဒါကတော့ အခွန်သက်သာခွင့်ရမယ့် အခွန်သက်သာခွင်ပေးတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဆီက ကားသွင်းရင် ကညနအခွန်တို့ အကောက်ခွန် ဆီတို့ကများတာပေါ့။ ကားတန်ဖိုးသိန်း၅၀၀ဆို အခွန်ကလည်း သိန်း၆၀၀ သိန်း၇၀၀ လောက်ဖြစ်နေတယ်ပေါ့နော်။

အဲဒီတော့ အခွန်သက်သာခွင့်ပေးတဲ့အတွက်ကြောင့်မို့လို့ ကားဝယ်စီးမဲ့ ဝန်ထမ်းတွေအတွက်သက်သာသွားတဲ့ သဘောရှိတာပေါ့နော်။ တင်သွင်းဆိုတဲ့တန်ဖိုးနဲ့ ကားအမျိုးအစားကလည်း ရှေ့အပတ်ကျမှ သိရမှာပေါ့နော်။ လောလောဆယ် ညွန်ချုပ်အထက်ဆိုတော့လည်း အများကြီးတော့မရှိနိုင်သေးဘူးပေါ့နော်။ နောက် ဒုတိယအဆင့်ဝန်ထမ်းအားလုံးပေးရင်တော့လည်း ပမာဏများလာနိုင်တာပေါ့နော်။ အထူးသဖြင့် တန်ဖိုးကြီးကားတွေပေါ့။ သိန်းထောင်နဲ့ချီ ကားတွေကတော့ ဈေးနူန်းအေးသွားနိုင်တာပေါေ့နာ်။

တန်ဖိုးနည်းတဲ့ ကားတွေကတော့ ဈေးနူန်းအများကြီးမပြောင်းလဲနိုင်ပါဘူး။ ဒါတော့လည်းတစ်ဖက်ကလည်း ဝန်ထမ်းတွေရဲ့ သက်သာချောင်ချိရေး စဉ်စားပြီးတော့ လုပ်ပေးတဲ့သဘောဖြစ်မှာပါ။ ဝန်ထမ်းတွေအတွက် ဝမ်းသာစရာပေါ့နော်။ ဈေးကွက်တော့ အထိုက်အလျောက်တော့ထိခိုက်လာနိုင်တယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com