Local News Peace political news

၁၁ ရက်အတွင်း တိုက်ပွဲ ၃၈ ကြိမ်ဖြစ်ပွားပြီး တပ်မတော်ဘက်မှ ၇၅ ဦးကျဆုံးဟု AA ပြော၊ တရုတ်ရင်းနှီးမြှုပ်နှံမှုများရှိရာ ကျောက်ဖြူအထိ တိုက်ပွဲ ကျယ်ပြန့်လာ

၁၁ ရက်အတွင်း တိုက်ပွဲ ၃၈ ကြိမ်ဖြစ်ပွားပြီး တပ်မတော်ဘက်မှ ၇၅ ဦးကျဆုံးဟု AA ပြော၊ တရုတ်ရင်းနှီးမြှုပ်နှံမှုများရှိရာ ကျောက်ဖြူအထိ တိုက်ပွဲ ကျယ်ပြန့်လာ

ရန်ကုန်၊ ဇန်နဝါရီ ၁၂

ရခိုင်တပ်မတော်AA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်ဇန်နဝါရီ(၁) ရက်မှ (၁၁) ရက်အတွင်း တိုက်ပွဲအကြိမ်အရေအတွက်(၃၈) ကြိမ် ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ အရာရှိကြီး၊ အရာရှိငယ်အချို့အပါအဝင် သေဆုံးသူ(၇၅) ဦးနှင့် ဒဏ်ရာရသူ( ၄၂)ဦးအထက်ရှိကြောင်း AA က ထုတ်ပြန်သည်။

တိုက်ပွဲများ မင်းပြား၊ ရသေ့တောင်၊ အမ်း၊ မြောက်ဦး၊ ဘူးသီးတောင်၊ မြေပုံ၊ မောင်တော၊ ပုဏ္ဏားကျွန်းမြို့နယ်များတွင်သာမက တရုတ်ရင်းနှီးမြှုပ်နှံဖြစ်သော ကျောက်ဖြူရေနက်စီမံကိန်း၊ အထူးစီးပွားရေးဇုန်များ တည်ရှိရာ ကျောက်ဖြူမြို့နယ်အထိပါ တိုက်ပွဲများ ကျယ်ပြန့်လာကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၉ ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ င/အုပ်ရွာ နှင့် ကျောက်ကလေရွာအကြားတွင် တပ်မတော်ယာဉ်တန်း AAက ကြားဖြတ်တိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၉ ရက်နေ့ အမ်းမြို့နယ်၊ ရှောက်ခြုံရွာ နှင့် မဲလက်မောင်းရွာအကြားရှိ ရှောက်ခြုံတောင်တန်းတွင်လည်း တပ်မ(၆၆) လက်အောက်ခံတပ်ရင်းတစ်ခုနှင့် AA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြင်းထန်သောတိုက်ပွဲတစ်ခုဖြစ်ကာ နှစ်ဖက်အထိအခိုက်အကျအဆုံးများရှိခဲ့ကြောင်း၊ တပ်မတော်ဘက်မှ ခြင်းတောင်း(၅၀) နီးပါးအားသိမ်းဆည်းရမိကြောင်း AA၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

AA၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းထံ ရန်ကုန်ခေတ်သစ်က တယ်လီဖုန်းဖြင့် ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

ဓာတ်ပုံ- AA က ထုတ်ပြန်သော သိမ်းဆည်းရမိသည့် တပ်မတော်စစ်အသုံးအဆောင်ပစ္စည်းများ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com