All News Local News

ဦးနေဝင်းလက်ထက် ပြည်သူပိုင်သိမ်းဆည်းခဲ့သော ခရစ်ယာန်အဖွဲ့အစည်းများ၏ မြေနှင့်အဆောက်အဦများ ပြန်ပေးရန် KBC က ဒေါ်အောင်ဆန်းစုကြည်ထံတင်ပြ

ဦးနေဝင်းလက်ထက် ပြည်သူပိုင်သိမ်းဆည်းခဲ့သော ခရစ်ယာန်အဖွဲ့အစည်းများ၏ မြေနှင့်အဆောက်အဦများ ပြန်ပေးရန် KBC က ဒေါ်အောင်ဆန်းစုကြည်ထံတင်ပြ

ရန်ကုန်၊ ဇန်နဝါရီ ၁၂

ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သော တော်လှန်ရေးကောင်စီလက်ထက် ပြည်သူပိုင် သိမ်းဆည်းခဲ့သော ခရစ်ယာန်အဖွဲ့အစည်းများ၏ မြေ၊ အဆောက်အဦများ ပြန်ပေးရန် ကချစ်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြ တောင်းဆိုလိုက်သည်။

KBC က ဇန်နဝါရီ ၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ စာတစ်စောင် ပေးပို့ခဲ့ပြီး ယင်းစာတွင် အချက် ၄ ချက် ပါဝင်ကာ KBC သည် စစ်ဘေးရှောင် ပြည်သူများ နေရပ်ပြန်နိုင်ရန် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ငြိမ်းချမ်းရေးအတွက် ပင်လုံစာချုပ်ကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်နိုင်ရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အဓိကဖြစ်ကြောင်း ဆိုသော အချက်များလည်း ပါဝင်သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ဘာသာရေးဆိုင်ရာ အခွင့်အရေးမျှတမှုများ ရှိစေရန် ယခင်တော်လှရေးကောင်စီလက်ထက်တွင် ပြည်သူပိုင်သိမ်းဆည်းခဲ့သော ခရစ်ယာန် အဖွဲ့အစည်းများ၏ မြေ၊ အဆောက်အဦများကို ပြန်လည်ပိုင်ဆိုင်ခွင့်အတွက် စဉ်းစားပေးရန် မေတ္တာရပ်ခံပါကြောင်း ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts