All News Election Local News

ဦးကျော်ဇေယျကို NLD ပါတီဝင်အဖြစ်မှ ထုတ်ပယ်ပြီးနောက် တိုင်းလွှတ်တော်ကော်မတီ အတွင်းရေးမှူး ရာထူးမှပါ ထုတ်ပစ်ပြန်

ဦးကျော်ဇေယျကို NLD ပါတီဝင်အဖြစ်မှ ထုတ်ပယ်ပြီးနောက် တိုင်းလွှတ်တော်ကော်မတီ အတွင်းရေးမှူး ရာထူးမှပါ ထုတ်ပစ်ပြန်

ရန်ကုန်၊ ဇန်နဝါရီ ၃ဝ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကို ပါတီဝင်အဖြစ်မှ ရပ်စဲပြီးနောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီအတွင်းရေးမှူး ရာထူးကပါ ရပ်စဲလိုက်ကြောင်း ဦးကျော်ဇေယျက သူ၏ လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ပြောဆိုသည်။

“ယနေ့ ရန်ကုန်လွှတ်တော်တွင် စီမံကိန်းကော်မတီ၏ အတွင်းရေးမှူးတာဝန်အားရပ်စဲကာ အခြားကိုယ်စားလှယ်တစ်ဦးအား ကျွန်တော်နှင့်ပြောင်းလဲတာဝန် ပေးအပ်အပေါ် ကန့်ကွက် ခဲ့သည့်ကော်မတီဥက္ကဌ ဒေါ်စန္ဒာမင်းနှင့်အဖွဲ့ဝင်များအား အထူးပင် ကျေးဇူးတင်ရှိပါတယ်” ဟု ဦးကျော်ဇေယျက ၎င်း၏ facebook စာမျက်နှာတွင်ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ အတွင်းရေးမှူး ရာထူးကို ဦးကျော်ဇေယျအစား တာမွေမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)က လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ပြောင်းလဲခန့်အပ်ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ပြောင်းလဲခန့်အပ်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်း အပါအဝင် အဖွဲ့ဝင် ၁ဝ ဦးက ကန့်ကွက်ကြောင်း ဇန်နဝါရီလ ၂၇ရက် ရက်စွဲဖြင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌထံ ပေးပို့ခဲ့ပြီး ဦးကျော်ဇေယျကို မူလရာထူး အတွင်းရေးမှူး အဖြစ် ထားရှိရန် တောင်းဆိုထားသည်။

ဓာတ်ပုံ- NLD ပါတီဝတ်စုံဖြင့် ၂၀၁၉ ခုနှစ်အတွင်းက တွေ့ရှိရသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ။

Photo By ရန်ကုန်ခေတ်သစ်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts