All News Local News Peace

အမ်းတွင် AA က ကုန်တင်ယာဉ်ကို မီးရှို့ပြီး ယာဉ်မောင်းကို ဖမ်းဆီးသွားဟု တပ်သတင်းထုတ်ပြန်

အမ်းတွင် AA က ကုန်တင်ယာဉ်ကို မီးရှို့ပြီး ယာဉ်မောင်းကို ဖမ်းဆီးသွားဟု တပ်သတင်းထုတ်ပြန်

ရန်ကုန်၊ ဇန်နဝါရီ ၂၂

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အမ်း-စစ်တွေသွား ကားလမ်းပေါ်ရှိ မဲလက်မောင်းကျေးရွာ အနီး၌ ဇန်နဝါရီ ၂၀ ရက် နံနက်၉ နာရီခန့်တွင် AA တပ်ဖွဲ့က မော်တော်ယာဉ်တစ်စီးကို မီးရှို့ဖျက်ဆီး၍ ယာဉ်မောင်းကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ရန်ကုန်မှ စစ်တွေသို့ ပြေးဆွဲလျက်ရှိသည့် ရွှေကံ့ကော်ယာဉ်လိုင်းမှ ယာဉ်မောင်း ဝေပိုင်မိုး(ဘ)ဒုတိယအရာခံဗိုလ် ကျော်မိုး၊ မှော်ဘီမြို့နေသူ မောင်းနှင်လာသည့် ဟွန်ဒိုင်းအမျိုးအစား ကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်သည် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ထွက်ခွာလာစဉ် ဇန်နဝါရီ ၂၀ ရက် နံနက် ၉ နာရီခန့်တွင် မဲလက်မောင်းကျေးရွာအနီး မိုင်တိုင်အမှတ်၊ ၁၈ မိုင် ၄ ဖာလုံနေရာသို့ အရောက်၌ AA တပ်ဖွဲ့က မော်တော်ယာဉ်ပေါ်ပါ ပစ္စည်းများနှင့် ယာဉ်အား မီးရှို့ဖျက်ဆီးပြီး ယာဉ်မောင်းအား ဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ရန်ကုန်ခေတ်သစ်က AA တပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းလျက်ရှိသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com