All News Local News Peace

သမ္မတဦးဝင်းမြင့် ချီးမြှင့်သည့် စွမ်းဆောင်ရည်ဂုဏ်ထူးဘွဲ့ ရရှိသော ဗိုလ်ချုပ်(ငြိမ်း) တင်အောင်ချစ် ကြံ့ခိုင်ရေးပါတီတွင် ဗဟိုအတွင်းရေးမှူး တာဝန်ထမ်းဆောင်နေ

သမ္မတဦးဝင်းမြင့် ချီးမြှင့်သည့် စွမ်းဆောင်ရည်ဂုဏ်ထူးဘွဲ့ ရရှိသော ဗိုလ်ချုပ်(ငြိမ်း) တင်အောင်ချစ် ကြံ့ခိုင်ရေးပါတီတွင် ဗဟိုအတွင်းရေးမှူး တာဝန်ထမ်းဆောင်နေ

ရန်ကုန်၊ ဇန်နဝါရီ ၅

သမ္မတ ဦးဝင်းမြင့်က တပ်မတော်မှ အငြိမ်းစားနှင့် လက်ရှိတာဝန်ထမ်းဆောင်နေသော ပုဂ္ဂိုလ် ၂၄ ဦးကို ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ခဲ့ရာ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင်ခံရသည့် ဗိုလ်ချုပ်(ငြိမ်း) တင်အောင်ချစ်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင် ဗဟိုအတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်နေကြောင်း သိရှိရသည်။

၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဘွဲ့ ဖြစ်သည့် ဇေယျကျော်ထင် ဘွဲ့ကို တပ်မတော်မှ လက်ရှိနှင့်အငြိမ်းစား စစ်ဗိုလ်ချုပ် ၁၁ ဦးကို ချီးမြှင့်ခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) တွင် တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစား ဗိုလ်ချုပ် တင်အောင်ချစ် လည်းပါဝင်ခဲ့သည်။

အငြိမ်းစား ဗိုလ်ချုပ် ဦးတင်အောင်ချစ်သည် လက်ရှိတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts