All News Local News

သမ္မတညွှန်ကြားချက်နှင့် ဥပဒေ ချိုးဖောက်ပြီး မန္တလေးတက္ကသိုလ် Food Court အရေးယူပေးရေး ဒုတိယအကြိမ် သပိတ်မှောက်နေ

သမ္မတညွှန်ကြားချက်နှင့် တည်ဆဲဥပဒေ ချိုးဖောက်ပြီး မန္တလေးတက္ကသိုလ် Food Court တည်ဆောက်မှု အရေးယူပေးရေး ဒုတိယအကြိမ် သပိတ်မှောက်နေ

ရန်ကုန်၊ဇန်နဝါရီ ၁၂

နိုင်ငံတော်သမ္မတညွှန်ကြားချက်နှင့် တည်ဆဲဥပဒေ ချိုးဖောက်ပြီး မန္တလေးတက္ကသိုလ် Food Court တည်ဆောက်မှုနှင့်ပတ်သက်၍ အရေးယူပေးရေး မန္တလေး တက္ကသိုလ်ကျောင်းသားများက ဒုတိယအကြိမ် သပိတ်မှောက်နေပြီး မန္တလေးတက္ကသိုလ်သပိတ်ကျောင်းသူကျောင်းသားများအနေဖြင့် တောင်းဆိုချက်၄ ချက် မရမချင်း ဆန္ဒပြမည်ဖြစ်ကြောင်း သပိတ်မှောက်ဦးဆောင်မူကော်မတီအဖွဲ့ဝင်မယမင်းသူကပြောသည်။

“ သပိတ်လူပ်ရှားမူတွေ ပြန်လည်စတင်ခဲ့တယ်။တောင်းဆိုချက် ၄ ချက် မရမချင်းကတော့ သပိတ်တိုက်ပွဲကို ဆက်လက်လုပ်ဆောင်သွားမယ်။ဘယ်တော့မှရပ်မှာမဟုတ်ဘူး။ဒီတောင်းဆိုချက်ရပြီးမှ ပဲသပိတ်ပြန်လှန်မယ်ပေါ့ ” ဟု မယမင်းသူ ကပြော သည်။

ကျောင်းသားများ၏ တောင်းဆိုချက်များမှာ နိုင်ငံတော်သမ္မတညွန်ကြားချက်နှင့်တည်ဆဲဥပဒေများဖောက်ဖျက်ကျုး လွန်သောမန္တလေးတက္ကသိုလ်ကျောင်းအုပ်ချုပ်ရေးအဖွဲ့အားအမြန်ဆုံးအရေးယူပေးရေး၊ မန္တလေးတက္က သိုလ်ကိုအသုံးချ၍ ကိုယ်ကျိုးရှာသော ပါမက္ခချုပ်အားလိုမရှိ၊ တရားမျှတသော အပြီးသတ်စုံစမ်းစစ်ဆေးမှု ရလဒ်အမှန်ဆုံးထုတ်ပြန်ပေးရေး၊ ပညာရေးဝန်ကြီးဌာန၏ အချိန်ဆွဲ၍ ဘက်လိုက်သောဖြေရှင်းမူ အလိုမရှိဆိုသည့် အချက်များဖြစ်သည်။

ကျောင်းသားများ ဆန္ဒပြချိန် ကျောင်းအာဏာပိုင်များဘက်က သပိတ်ကို အနှောင့်အယှက်ဖြစ်စေသော လုပ်ရပ်များ လုပ်ဆောင်နေသည်ဟု သိရှိရသည်။

“ ပင်မ အဆောင်တံခါးတွေရော့ အထဲဝင်တဲ့ လေးပတ်လေးတန်စလုံးပိတ်ထားတယ်။ ပင်မဆောင်ဝင်တဲ့လမ်းမှာပိတ်ထားတဲ့ အတွက်ကြောင့် အဲဒီအရှေ့မှာပဲသပိတ်မှောက်တယ်။ဘာမှသူတို့ မကြားရသေးဘူးရှင်။တံခါးတွေပိတ်ထားတယ်ဆိုတော့ဆရာ၊ဆရာမတွေရော့ကျောင်းသား ကျောင်းသူတွေရော့ဝင်ရေးထွက်ရေး မှအဆင်မပြေဘူး။ကျောင်းသားရေးရာတံခါးပေါက်တွေကိုလည်းလုံးဝပိတ်ထားတယ်။ဥပမာအမှတ်စာရင်း လာတောင်းတဲ့ကျောင်းသားတွေအတွက်လုံးဝအဆင်မပြေဘူး။ ဒီနေ့ဆိုရင်လုံခြုံရေးနဲ့စည်းကမ်းထိန်းသိမ်း ရေးကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရဒီတံခါးတွေ ပိတ်တယ်ပေါ့နော်။ သူတို့အနေနဲ့ အဲဒီလိုမျိုးလုပ်တ ယ်။တကယ်တန်းကျတော့လုံခြုံရေးနဲ့ စည်းကမ်းကော်မတီဥက္ကဋ္ဌကလည်းဒီမှာမရှိဘူး။ သူခရီးသွားနေတယ်။ ပြီးတော့ အစည်းအဝေးထုတ်ပြန်တဲ့စာမှာလည်းမန္တလေးတက္ကသိုလ်ရဲ့ တံဆိပ်တုန်းလည်းမပါဘူး ။လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးဥက္ကဌ လက်မှတ်လည်းမပါဘူး”ဟု မယမင်းသူကပြောသည်။

ကျောင်းသားများက သပိတ်မှောက်စခန်းကိုဇန်န်ဝါရီလ ၉ ရက်နေ့ကစတင်ခဲ့ပြီး သပိတ်မှောက်ကျောင်းသားကျောင်း သူက ၁၂ ယောက်ရှိကာ သပိတ်စခန်းကို ၂၄နာရီသပိတ်ခန်းဖွင့်ထားကြောင်းသိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts