Health International News political news

ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံရသည့် လူသည် ရောဂါလက္ခဏာမပြသေးခင်မှာပင် အခြားသောလူများသို့ ကူးစက်မှုဖြစ်ပေါ်စေ၊ ဗိုင်းရပ်စ် အကြောင်း သေချာနားမလည်သေးဟု တရုတ်အစိုးရ ပြော

ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံရသည့် လူသည် ရောဂါလက္ခဏာမပြသေးခင်မှာပင် အခြားသောလူများသို့ ကူးစက်မှုဖြစ်ပေါ်စေ၊ ဗိုင်းရပ်စ် အကြောင်း သေချာနားမလည်သေးဟု တရုတ်အစိုးရ ပြော

ရန်ကုန်၊ ဇန်နဝါရီ ၂၆

တရုတ်ပြည်တွင် ဖြစ်ပွားလျက်ရှိသော ဝူဟန်ကော်ရိုနာ အဆုတ်နာဗိုင်းရပ်စ်ပိုးသည် လူ့ခန္ဓာကိုယ်ထဲသို့ ရောဂါပိုးဝင်ရောက်ပြီးနောက် လက္ခဏာမပြသေးခင် အစပျိုးနေချိန်မှာပင် အခြားလူများသို့ ကူးစက်နိုင်ပြီး ရောဂါပိုးအကြောင်း သိနားလည်နိုင်မှုမှာလည်း အကန့်အသတ်ရှိနေကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ယနေ့ ထုတ်ပြန်ပြောဆိုလိုက်သည်။

ဝူဟန်ကော်ရိုနာဗိုင်းရပ်စ်ပိုးသည် ရောဂါပိုး ကူးစက်ခံရပြီးနောက် ၁၄ ရက်အထိ ရောဂါလက္ခဏာမပြဘဲ အစပျိုးနေပြီး ယင်းအချိန်တွင်ပင် အခြားလူများသို့ ကူးစက်နိုင်ကြောင်း၊ ဗိုင်းရပ်စ်ကူးစက်မှုသည် ပိုမိုမြန်ဆန်လာကြောင်း၊ ဗိုင်းရပ်စ်ပိုးအကြောင်း ယခုအချိန်အထိ နားလည်မှုမှာလည်း အကန့်အသတ်များရှိနေကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင် တာဝန်ခံ ဝန်ကြီး Ma Xiaowei ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

“ကူးစက်ပျံ့ပွားမှု အချိန် အတိုင်းအတာတစ်ခုထိ ဖြစ်ပွားဖို့ရှိနေပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ဝူဟန်ဗိုင်းရပ်စ်ပိုးသည် ဒီဇင်ဘာလတွင် စတင်ဖြစ်ပွားခဲ့ပြီး ယခုအခါ လူပေါင်း ၂၀၇၀ ကူးစက်ခံခဲ့ရကာ ၅၆ ဦး သေဆုံးသွားပြီဖြစ်သည်။

ဝူဟန်ဗိုင်းရပ်စ်ပိုးသည် SARS ဗိုင်းရပ်စ်နှင့်မတူညီကြောင်း၊ ဝူဟန်ဗိုင်းရပ်စ်သည် မည်သည့်လက္ခဏာမပြသေးခင် ရောဂါအစပျိုးနေချိန် လူအကောင်းပကတိအတွင်းမှာပင် အခြားသူများကို ကူးစက်နိုင်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ဝူဟန်ဗိုင်းရပ်စ်၏ ရောဂါလက္ခဏာမပြခင် ကူးစက်နိုင်ခြင်းက ထိန်းချုပ်ရန်ခက်ခဲနေပြီး နောက်ထပ် ကူးစက်မှု မဖြစ်စေရန် ဟန့်တားမှုများအတွက် အခက်အခဲများကြုံ့တွေ့စေကြောင်း ပြောဆိုသည်။

Photo Credit- Getty Imgae

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts