China Watch Health International News political news

ဝူဟန်ဗိုင်းရပ်စ်ပိုးကြောင့် ၅၆ ဦးသေဆုံးပြီး လူ ၂၀၀၀ ကျော်ကူးစက်ခံထားရ၊ တရုတ်တစ်ပြည်လုံးနီးပါး ကူးစက်ခံနေရ

ဝူဟန်ဗိုင်းရပ်စ်ပိုးကြောင့် ၅၆ ဦးသေဆုံးပြီး လူ ၂၀၀၀ ကျော်ကူးစက်ခံထားရ၊ တရုတ်တစ်ပြည်လုံးနီးပါး ကူးစက်ခံနေရ

ရန်ကုန်၊ ဇန်နဝါရီ ၂၆

တရုတ်နိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ်ပိုးကြောင့် လူပေါင်း ၅၆ ဦးသေဆုံးပြီး လူပေါင်း ၂၀၂၂ ဦး ကူးစက်ခံထားရပြီး လက်ရှိအြခေအနေအရ တရုတ်တစ်နိုင်ငံလုံးနီးပါးတွင် ဗိုင်းရပ်စ်ပျံ့နှံ့ကူးစက်မှု ဖြစ်ပွားနေခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံမှ လာသော သတင်းများအရ သိရှိရသည်။

တရုတ်သမ္မတရှီကျင့်ပင်က နိုင်ငံအနေဖြင့် ဗိုင်းရပ်စ်ကူးစက်မှု အခြေအနေ အစိုးရိမ်ရဆုံးအနေအထား ရင်ဆိုင်နေရပြီး တရုတ်နိုင်ငံသားအားလုံး ဗိုင်းရပ်စ်ကူးစက်မှုကို စုပေါင်းအားဖြင့် တိုက်ဖျက်ကြရန် ညီညွတ်ကြရန် နှိုးဆော်ထားသည်။

ကမ္ဘာ့နိုင်ငံအများအပြားတွင် ဗိုင်းရပ်စ်ကူးစက်ခံနေရပြီး တရုတ်အာဏာပိုင်များဘက်မူ မြို့ကြီး ၁၅ မြို့ကို သွားလာမှု ပိတ်ပင်ထားကာ လူပေါင်း သန်း ၆၀ နီးပါး ပိတ်ဆို့ခံထားရကြောင်း သတင်းများက ဖော်ပြနေသည်။

CNA သတင်းတစ်ရပ်အရ ဖေဖော်ဝါရီ ၄ ရက်မတိုင်မီ လူ ၁၉၀၀၀၀ ခန့် ကူးစက်ခံရဖွယ်ရှိနေကြောင်း ပညာရှင်များက ခန့်မှန်းထားကြောင်း၊ လက်ရှိ လူနာတစ်ဦးထံမှ လူ ၂ ဦးမှ ၃ ဦး ပျှမ်းမျှ ရောဂါကူးစက်နေကြောင်း ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com