Health International News Web TV

ဝူဟန်ဗိုင်းရပ်စ်နှင့် တရုတ်မြင်ကွင်း(ရုပ်/သံ)

ဝူဟန်ဗိုင်းရပ်စ်နှင့် တရုတ်မြင်ကွင်း(ရုပ်/သံ)

ရန်ကုန်၊ ဇန်နဝါရီ ၂၆

ဝူဟန်တွင် ကော်ရိုနာအဆုတ်နာဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပေါ်နေသော အခြေအနေ ဗီဒီယိုဖိုင်တစ်ချို့ကို လူမှုကွန်ရက် တွစ်တာမှတစ်ဆင့် ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေပိုင်း မျှဝေလာပြီး တရုတ်နိုင်ငံမှလာသော သတင်းများအရ ဆေးရုံများတွင် လူနာများပြားနေပြီး ဆေးပစ္စည်းနှင့် အကာအကွယ်အသုံးအဆောင်များ ပြတ်လပ်နေပြီဖြစ်ကြောင်း သိရှိရသည်။

တွစ်တာလူမှုကွန်ရက်တွင် ပျံ့နှံ့နေသော အဆိုပါ ဗီဒီယိုဖိုင်ကို သတင်းဌာန တချို့က ဖော်ပြနေကြသော်လည်း ဝူဟန်မြို့၏ အခြေအနေမှန်ဟုတ်၊ မဟုတ်ကို အတည်မပြုနိုင်သော ဗီဒီယို အဖြစ် အမည်တပ်၍ သတင်းထုတ်လွှင့်နေကြသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့်လည်း အဆိုပါ ဗီဒီယိုဖိုင်ကို ဝူဟန်မြို့ အခေအြနေ ဗီဒီယို အဖြစ် အတည်ပြုနိုင်ခြင်းမရှိပါ။

တရုတ်အစိုးရက လက်ရှိတွင် မြို့ကြီး ၁၀ ခုထက်မနည်းကို သွားလာခွင့်ပိတ်ပင်ထားပြီး လူသန်း ၆၀ နီးပါးကို လတ်တလော ရောဂါကူးစက်မှု မဖြစ်စေရန် သွားလာခွင့်ပိတ်ပင်ထားသည်။

ဝူဟန်မြို့ရှိ ဈေးများတွင်လည်း အစားအစာ၊ ရိက္ခာများများ ပြတ်လပ်နေပြီး ဈေးနှုန်းများမှာလည်း မြင့်တက်နေကြောင်း သတင်းများက ဆိုသည်။

လတ်တလော ဝူဟန်ကော်ရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် ၅၆ ဦး သေဆုံးခဲ့ပြီဖြစ်သည်။

Video credit – Terrence Daniels (Captain Planet)
@Terrence_STR twitter

၀ူဟန္ဗုိင္းရပ္စ္ႏွင့္ တရုတ္ျမင္ကြင္း(ရုပ္/သံ)

၀ူဟန္ဗုိင္းရပ္စ္ႏွင့္ တရုတ္ျမင္ကြင္း(ရုပ္/သံ) ရန္ကုန္၊ ဇန္န၀ါရီ ၂၆ ၀ူဟန္တြင္ ေကာ္ရုိနာအဆုတ္နာဗုိင္းရပ္စ္ပုိးေၾကာင့္ ျဖစ္ေပၚေနေသာ အေျခအေန ဗီဒီယိုဖိုင္တစ္ခ်ဳိ႕ကုိ လူမႈကြန္ရက္ တြစ္တာမွတစ္ဆင့္ ဇန္န၀ါရီလ ၂၄ ရက္ေန႔ ညေနပုိင္း မ်ွေ၀လာၿပီး တရုတ္ႏုိင္ငံမွလာေသာ သတင္းမ်ားအရ ေဆးရုံမ်ားတြင္ လူနာမ်ားျပားေနၿပီး ေဆးပစၥည္းႏွင့္ အကာအကြယ္အသုံးအေဆာင္မ်ား ျပတ္လပ္ေနၿပီျဖစ္ေၾကာင္း သိရွိရသည္။တြစ္တာလူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔ေနေသာ အဆုိပါ ဗီဒီယိုဖုိင္ကုိ သတင္းဌာန တခ်ဳိ႕က ေဖာ္ျပေနၾကေသာ္လည္း ၀ူဟန္ၿမိဳ႕၏ အေျခအေနမွန္ဟုတ္၊ မဟုတ္ကုိ အတည္မျပဳႏုိင္ေသာ ဗီဒီယုိ အျဖစ္ အမည္တပ္၍ သတင္းထုတ္လႊင့္ေနၾကသည္။ ရန္ကုန္ေခတ္သစ္အေနျဖင့္လည္း အဆုိပါ ဗီဒီယိုဖုိင္ကို ၀ူဟန္ၿမိဳ႕ အေချအေန ဗီဒီယို အျဖစ္ အတည္ျပဳႏုိင္ျခင္းမရွိပါ။ တရုတ္အစိုးရက လက္ရွိတြင္ ၿမိဳ႕ႀကီး ၁၀ ခုထက္မနည္းကို သြားလာခြင့္ပိတ္ပင္ထားၿပီး လူသန္း ၆၀ နီးပါးကို လတ္တေလာ ေရာဂါကူးစက္မႈ မျဖစ္ေစရန္ သြားလာခြင့္ပိတ္ပင္ထားသည္။၀ူဟန္ၿမိဳ႕ရွိ ေစ်းမ်ားတြင္လည္း အစားအစာ၊ ရိကၡာမ်ားမ်ား ျပတ္လပ္ေနၿပီး ေစ်းႏႈန္းမ်ားမွာလည္း ျမင့္တက္ေနေၾကာင္း သတင္းမ်ားက ဆုိသည္။ လတ္တေလာ ၀ူဟန္ေကာ္ရုိနာ ဗုိင္းရပ္စ္ပုိးေၾကာင့္ ၅၆ ဦး ေသဆုံးခဲ့ၿပီျဖစ္သည္။ Video credit – Terrence Daniels (Captain Planet)@Terrence_STR twitterwww.khitthitnews.com

Posted by Khit Thit Media on Saturday, 25 January 2020

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com