All News Health interview

ဝူဟန်ဗိုင်းရပ်စ်ကြောင့် တရုတ်တွင် သေဆုံးသူ ၈၀ အထိ မြင့်တက်လာပြီး ကူးစက်ခံရသူ ၂၈၀၀ ကျော်ရှိလာ

ဝူဟန်ဗိုင်းရပ်စ်ကြောင့် တရုတ်တွင် သေဆုံးသူ ၈၀ အထိ မြင့်တက်လာပြီး ကူးစက်ခံရသူ ၂၈၀၀ ကျော်ရှိလာ

ရန်ကုန်၊ ဇန်နဝါရီ ၂၇

တရုတ်နိုင်ငံတွင် ဝူဟန်ကော်ရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၈၀ ဦးအထိရှိလာနေပြီး ကူးစက်ခံရသူ ၂၇၆၁ ဦးရှိနေပြီဖြစ်ကာ တစ်ကမ္ဘာလုံးတွင် ရောဂါကူးစက်ခံရသူ ၂၈၁၁ ရှိလာကြောင်း တရုတ်အာဏာပိုင်များက ကြေညာချက်ထုတ်ပြန်သည်။

ယမန်နေ့က သေဆုံး ၅၆ ဦး ရှိနေရာမှ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် သေဆုံးသူ ၈၀ ဦးအထိ မြင့်တက်လာကာ ကူးစက်ခံရသူ အရေအတွက်မှာလည်း ရာချီ နေ့စဉ် မြင့်တက်လာနေသည်။

အခြားသော ကမ္ဘာ့နိုင်ငံများသို့ ကူးစက်ပျံ့နှံ့လာနေပြီး ကူးစက်မှု အခြေအနေမှာ ထိန်းချုပ်ရန် ခက်ခဲနေကြောင်း သတင်းများက ဆိုသည်။

တရုတ်အာဏာပိုင်များ၏ အဆိုအရ ဝူဟန်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသည့် လူသည် အကောင်းပကတိဖြစ်နေစဉ် ရောဂါ အစပျိုးနေချိန်ကာလမှာပင် အခြားသူများကို ရောဂါပိုး ကူးစက်မှု ဖြစ်ပေါ်စေကြောင်း သိရှိရသည်။

Photo Credit – Getty Image

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts