ဝူဟန်ဗိုင်းရပ်စ်ကူးစက်ပျံ့နှံမှု ကမ္ဘာလုံးဆိုင်ရာ အန္တရာယ် မြင့်မားနေကြောင်း WHO က ကြေညာ

ဝူဟန်ဗိုင်းရပ်စ်ကူးစက်ပျံ့နှံမှု ကမ္ဘာလုံးဆိုင်ရာ အန္တရာယ် မြင့်မားနေကြောင်း WHO က ကြေညာ
ရန်ကုန်၊ ဇန်နဝါရီ ၂၇
ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO က တရုတ်နိုင်ငံတွင် စတင်ဖြစ်ပွားနေသော ဝူဟန်ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု အန္တရာယ်သည် ကမ္ဘာလုံးဆိုင်ရာအတွက် အန္တရာယ် မြင့်မားနေကြောင်း ယနေ့ ကြေညာလိုက်သည်။
WHO က မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ဝူဟန်ဗိုင်းရပ်စ်အန္တရာယ်သည် မပြင်းထန်ကြောင်း ထုတ်ပြန်ခဲ့မှုကို မှားယွင်းမှုတစ်ခုအဖြစ် ဝန်ခံလိုက်ပြီး လက်ရှိ အနေအထားအရ ဗိုင်းရပ်စ်အန္တရာယ်သည် တရုတ်နိုင်ငံတွင်အလွန်မြင့်မားနေပြီး ဒေသတွင်းနှင့်ကမ္ဘာ့လုံးဆိုင်ရာအတွက်လည်း အန္တရာယ်မှာ စိုးရိမ်စရာ မြင့်မားနေကြောင်း ထုတ်ပြန်ပြောဆိုသည်။
WHO သည် လွန်ခဲ့သော ကြာသာပတေးနေ့က အစည်းအဝေး ထိုင်ခဲ့သော်လည်း ဝူဟန်ဗိုင်းရပ်စ်နှင့်ပတ်သက်၍ အရေးပေါ်ကြေညာခဲ့ခြင်းမရှိပေ။ WHO ၏ အကြီးအကဲ Tedros Adhanom Ghebreyesusက တရုတ်နိုင်ငံတွင် အရေးပေါ်ဖြစ်သော်လည်း တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အရေးပေါ် အခြေအနေမဟုတ်ဟု ကြာသာပတေးနေ့က ပြောဆိုခဲ့သေးသည်။
လတ်တလော WHO အကြီးအကဲ Tedros Adhanom Ghebreyesus သည် တရုတ်နိုင်ငံသို့ သွားရောက်ပြီး ဗိုင်းရပ်စ်ကူးစက်မှု တားဆီးနိုင်ရေး ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိသည်။
လက်ရှိတွင် ဝူဟန်ဗိုင်းရပ်စ်ကြောင့် လူ ၈၁ ဦးသေဆုံးပြီး လူပေါင်း ၂၈၈၂ ဦး ကူးစက်ခံရထားရပြီဖြစ်သည်။
ကိုးကား – CNA
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ