All News Local News Peace

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လျှို့ဝှက်သိမ်းဆည်းထားသော လက်နက်များ ဖမ်းမိဟု တပ်မတော်သတင်းထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လျှို့ဝှက်သိမ်းဆည်းထားသော လက်နက်များ ဖမ်းမိဟု တပ်မတော်သတင်းထုတ်ပြန်

ရန်ကုန်၊ ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့နယ်တွင် ဇန်နဝါရီ ၁၅ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့် နမ့်ခိုက်ကျေးရွာအနီး ကျောက်လိုဏ်ဂူတစ်ခုအတွင်းမှ လျှို့ဝှက်သိမ်းဆည်းထားသည့် လက်နက်များ ဖမ်းမိကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

သိမ်းဆည်းရမိသော လက်နက်များမှာ ၁၀၇ မမ အောက်ခံ သုံးချောင်းထောက် ပစ်စင်တစ်ခု၊ ၁၀၇ မမဒုံးသီး ခြောက်လုံး၊ ၁၀၇ မမ ဒုံးသီးယမ်းတောင့် ၁၂ တောင့်၊ ၁၀၇ မမအဝေးထိန်း ရီမုတစ်ခု၊ ၁၀၇ မမ ဒုံးသီးထိပ်ဖူး ၂၂ လုံး၊ RPG ဒုံးသီး ၁၀၈ လုံး၊ RPG ဒုံးသီးယမ်းတောင့် ၁၀၈ တောင့်၊ ၄၀ မမဗုံးသီး ၂၉၉ လုံး၊ ၆၀ မမဗုံးသီး ၁၂ လုံးနှင့် ၆၀ မမ ဗုံးသီးယမ်းထုပ် ၆၀ ထုပ်တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ဓာတ်ပုံ- cincds

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com