Health Local News political news

ရန်ကုန်၊ မန္တလေး၊ မိတ္တီလာနှင့် မူဆယ်မြို့များတွင် ဝူဟန်ဗိုင်းရပ်စ် သံသယ လူနာများ တွေ့ရှိထား

ရန်ကုန်၊ မန္တလေး၊ မိတ္တီလာနှင့် မူဆယ်မြို့များတွင် ဝူဟန်ဗိုင်းရပ်စ် သံသယ လူနာများ တွေ့ရှိထား

ရန်ကုန်၊ ဇန်နဝါရီ ၃၁

ရန်ကုန်၊ မန္တလေး၊ မိတ္တီလာနှင့် မူဆယ်မြို့များတွင် ဝူဟန်ဗိုင်းရပ်စ် သံသယ လူနာ ၃ ဦး တွေ့ရှိထားပြီး လတ်တလော စောင့်ကြည့် ဆေးကုသမှုများ ဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ကျ အရာရှိများထံမှ စုံစမ်းမေးမြန်းချက် အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်က သိရှိထားသော ဝူဟန်ဗိုင်းရပ်စ် သံသယလူနာများ၏ အခြေအနေကို ဖော်ပြလိုက်ပါသည်။

ရန်ကုန်မြို့မှ ဝူဟန်ဗိုင်းရစ်သံသယလူနာ

ရန်ကုန်မြို့တွင် ယနေ့ နံနက်ပိုင်း တရုတ်နိုင်ငံမှ ရောက်ရှိလာသည့် China Southern လေကြောင်းလိုင်းပေါ်တွင် ဖျားနာနေသည့် အသက် ၅၅ နှစ်အရွယ် တရုတ်အမျိုးသားတစ်ဦး တွေ့ရှိရ၍ ဝေဘာဂီ ဆေးရုံသို့ ပို့ဆောင်ပြီး ဝူဟန်ဗိုင်းရပ်စ်သံသယလူနာအဖြစ် သတ်မှတ်လိုက်သည်။ ၎င်းနှင့်အတူ လိုက်ပါလာသော လေယာဉ်မှ ကျန်းမာရေး ကောင်းမွန်သည့် မြန်မာနိုင်ငံသား ၂ ဦးကိုလည်း စောင့်ကြည့်လျက်ရှိသည်။

ကျန်းမာရေးဝန်ကြီးဌာနဘက်ကလည်း အဆိုပါ တရုတ်နိုင်ငံသားကို ဝူဟန်ဗိုင်းရပ်စ် သံသယလူနာအဖြစ် သတ်မှတ်ထားပြီဖြစ်သည်။

မူဆယ်မြို့မှ ဝူဟန်ဗိုင်းရပ်စ်သံသယလူနာ

တရုတ်နိုင်ငံက ရွှေလီမြို့ မန်စီအကျဉ်းထောင်တွင် အချုပ်ကျ မြန်မာနိုင်ငံသား ၁၀၅ ဦးကို ဇန်နဝါရီလ ၃၀ ရက်နေ့က မူဆယ်ဘက်သို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီး ယင်းတို့ထဲတွင် အပူချိန်မြင့်ပြီး ဖျားနာနေသည့် အမျိုးသားတစ်ဦး ပါဝင်လာသည်။

တရုတ်အာဏာပိုင်များက နန်းတော်ပေါက်နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာဘက်သို့ လွှဲပြောင်းပေးခဲ့ပြီး ယင်းတို့ထဲတွင် အသက် ၂၉ နှစ်အရွယ် လီကျန်ဆိုက်ဆိုသော မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးသည် အပူချိန်မြင့်မားကာ ဖျားနာနေသဖြင့် သံသယလူနာအဖြစ် မူဆယ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ကုသနေရသည်။

“ဆေးရုံက လူနာကအခြေအနေကောင်းပါတယ်။ အဖျားမရှိတော့ပါဘူး။ ဆေးရုံတော့ မဆင်းသေးဘူး။ အဖျားကတော့ ကျသွားပြီးတော့ ဒါပေမယ့် အနည်းဆုံး၃ရက်လောက်တော့ စောင့်ကြည့်ရတာပေါ့လေ။ တတယ်တမ်းဆိုရင်တော့ ၁၄ရက်စောင့်ကြည့်ရတာ။ ဒါပေမယ့် ဒီ ၄၊ ၅ရက်စောင့်ကြည့်ပြီးတော့ ကောင်းမကောင်း စောင့်ကြည့်ရမှာပေါ့။ အခုတော့ အခြေအနေကောင်းပါတယ်” ဟု မူဆယ်မြို့ ကရုဏာလူမှုရေးအသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက ဆိုသည်။

လွန်ခဲ့သော ရက်ပိုင်းအတွင်းကလည်း မူဆယ်မြို့တွင်တရုတ်ဘက်မှ ပြန်ဝင်လာသည့် ဖျားနေသည့် သံသယလူနာ ၂ ဦး တွေ့ရှိခဲ့ပြီး မူဆယ်မြို့ ဆေရုံးကြီးတွင် ကုသမှု များ ဆောင်ရွက်ပေးခဲ့ရသည်။

မိတ္တီလာမြို့မှ ဝူဟန်ဗိုင်းရပ်စ်သံသယလူနာ

တရုတ်နိုင်ငံမှ ပြန်လာပြီး အပြင်းဖျားနေသည့် ပျဉ်သာကျေးရွသားတစ်ဦးကို မိတ္တီလာဆေးရုံကြီးက ဝူဟန်ဗိုင်းရပ်စ် သံသယလူနာအဖြစ် သတ်မှတ်၍ စောင့်ကြည့်နေကြောင်း မိတ္တီလာ အထွေထွေဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ် ဒေါက်တာအိအိခင်က ပြောဆိုသည်။

တရုတ်နိုင်ငံက ပြန်လာပြီး အဖျား ၁၀၄ ရှိနေကာ ချောင်းဆိုးနေသည့် ပျဉ်သာကျေးရွာသား ကို မိတ္ထီလာအထွေအထွေဆေးရုံကြီးတွင် သံယသလူနာအဖြစ်သတ်မှတ်၍ သီးသန့်ခန်းတွင်ထားရှိ စောင့်ကြည့်ကုသေနေကြောင်း မိတ္ထီလာအထွေထွေဆေးရုံံကြီးမှ ဒုတိယဆေးရုံအုပ် ဒေါက်တာအိအိခင်က ပြောဆိုသည်။

“သူ့ကို ကုသမှုပေးနေတယ်၊ သူ့အတွက် Isolation Room လို့ခေါ်တာပေါ့၊ သီးသန့်ထားဆောင်မှာ လတ်တလောထားထားပါတယ်၊ လူနာက မန္တလေးသွားဖို့ငြင်းတာပေါ့၊ ပြောဆိုစည်းရုံးပြီး လိုအပ်တဲ့ လုပ်ပေးလို့ရတဲ့ ကုလို့ရတဲ့ဟာတွေလုပ်တယ်၊ စောင့်ကြည့်တယ်၊ သူ့ကို သံသယလူနာလို့ သတ်မှတ်ထားတယ်လေ၊ သူက တရုတ်ပြည်က ပြန်လာတယ်၊ နှစ်ပတ်အတွင်း ချောင်းဆိုးတယ်၊ အဲဒါကြောင့် ခေါ်ထားတာ၊ သူက ရောဂါသည်မဟုတ်သေးဘူး၊ တရုတ်ပြည်က ပြန်လာပြီး ချောင်းဆိုးတယ်၊ နှာစေးတဲ့အတွက် လာပြတာပါ၊ ဓါတ်မှန်ရိုက်တယ်၊ သလိပ်စစ်တယ်၊ တီဘီပိုးမတွေ့ဘူး၊ဖျားတော့ ဖျားတယ်၊ လန်းလန်းဆန်းဆန်းပဲ၊ စားနိုင်သောက်နိုင်တယ်၊ ချောင်းဆိုးနေတဲ့အတွက် MASK 95 တွေတပ်ခိုင်းတယ်၊ပထမနေ့ကတော့ ဆေးရုံတက်ဖို့ ငြင်းတယ်၊ အခုတော့ ဝိုင်းဝန်းပြီးတော့ ဖျောင်းဖျလိုက်ပြီး ဆေးရုံမှာ ခဏထိန်းထားလိုက်တာပေါ့၊ မန္တလေးပို့ဖို့လည်း စီစဉ်ထားတယ်၊ မန္တလေးက သမားတော်ကြီးတွေကနေပြီး ဘာလုပ်ပါ၊ ညွန်ကြားချက်တွေကို လုပ်ပေးနေတာပေါ့”ဟု မိတ္ထီလာမြို့နယ် အထွေအထွေကုသဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ် ဒေါက်တာအိအိခင်က ပြောသည်။

မန္တလေးမြို့မှ ဝူဟန်ဗိုင်းရပ်စ် လူနာ

မန္တလေးလေဆိပ်သို့ ဆိုက်ရောက်လာသည့် တရုတ်လေယာဉ်တွင် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး အပူချိန်မြင့်နေ၍ မန္တလေးကလေးဆေးရုံကြီးသို့ တင်ပို့ပြီး စောင့်ကြည့်လျက်ရှိကြောင်း သမ္မတရုံးညွှန်ချုပ် ဦးဇော်ဌေးက ယနေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

ဓာတ်ပုံ- ၂၀၁၇ ခုနှစ်တွင် ဝက်တုပ်ကွေးဖြစ်ပွားစဉ်က ရန်ကုန်မြို့ခံများ နှာခေါင်းစွပ် Mask များဖြင် သွားလာနေကြစဉ်။ Photo Credit- AP

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts