Local News Peace political news

ရခိုင်တိုက်ပွဲတွင် ဗိုလ်မှူးတစ်ဦးကျဆုံးပြန်

ရခိုင်တိုက်ပွဲတွင် ဗိုလ်မှူးတစ်ဦးကျဆုံးပြန်

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော် ဗိုလ်မှူးတစ်ဦး AA နဲ့ တိုက်ပွဲအတွင်းမှာ ကျဆုံးသွားတယ်လို့ မိသားစုဝင်တွေရဲ့ လူမှုကွန်ရက်မှာ ဖော်ပြချက်နဲ့ မိတ်ဆွေတစ်ဦးရဲ့ ပြောဆိုချက်အရ သိရှိရပါတယ်။

စစ်တက္ကသိုလ်အပတ်စဉ် ၄၇ ကျောင်းဆင်း၊ အသက် ၃၆ အရွယ် ဗိုလ်မှူးဇာနည်ငြိမ်းချမ်း(ခ) ဇော်ရဲရှိန်းဟာ ဇန်နဝါရီလ ၉ ရက်နေ့မှာ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်ခဲ့တယ်လို့ မိသားစုဝင်တစ်ဦးက လူမှုကွန်ရက်မှာ နာရေးကြော်ငြာနဲ့ တကွ တင်ထားပါတယ်။

ဇန်နဝါရီ ၇ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် ဘူးသီးတောင်၊မောင်တော ကားလမ်းမှာ AA က စနိုက်ပါနဲ့ပစ်လို့ တပ်မတော်ဗိုလ်မှူးတစ်ဦးကျဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်ရှိလာပေမယ့်လည်း တပ်မတော်ဘက်က အတည်ပြုချက်မရရှိခဲ့ပါဘူး။

ဗိုလ်မှူးဇာနည်ငြိမ်းချမ်း ကျဆုံးမှုနဲ့ပတ်သက်ပြီး တပ်မတော်ဘက်ကို မေးမြန်းဖို့ ဆက်သွယ်ပေမယ့်လည်း အဆက်အသွယ်မရရှိပါဘူး။

Photo Credit – မိသားစုဝင်တစ်ဦး

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts