Local News Peace Web TV
ရခိုင်ပြည်သူ ၆ သောင်းကို အကူအညီပေးနေသည့် IRC တက်လမ်းစီမံချက်ကို ပြည်နယ်အစိုးရ ပိတ်ပင်(ရုပ်/သံ)
ရခိုင်ပြည်သူ ၆ သောင်းကျော်ကို စားနပ်ရိက္ခာနှင့် အသက်မွေးဝမ်းကျောင်း အကူအညီပေးနေသည့် IRC တက်လမ်းစီမံချက်ကို ပြည်နယ်အစိုးရက ပိတ်ပင်(ရုပ်/သံ)
ရန်ကုန်၊ ဇန်နဝါရီ ၁၀
ရခိုင်ပြည်နယ် မြေပုံနဲ့ မင်းပြားမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာပေါင်း ၁၀၂ ရွာရှိ လူဦးရေ ၆ သောင်းခန့်ကို စားနပ်ရိက္ခာဖူလုံရေးနှင့် အသက်မွေးဝမ်းကျောင်း အကူအညီတွေ ပေးနေတဲ့ အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးအဖွဲ (IRC) ရဲ့ “တက်လမ်းစီမံချက်”ကို ရခိုင်ပြည်နယ်အစိုးရက ပိတ်ပင်လိုက်တဲ့အတွက် IRC လုပ်ငန်းတွေကို ဇန်နဝါရီလ ၆ ရက်နေ့မှာ ရပ်ဆိုင်းလိုက်ရပါတယ်။
အခုလို တက်လမ်းစီမံံကိန်း ရပ်ဆိုင်းလိုက်တဲ့အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ လစ်ဟာသွားပြီး၊ ဒေသခံတွေ နဲ့ ကိုယ်စားလှယ်တွေကတော့ စိတ်မကောင်းဖြစ်နေပါတယ်။ အခုလို ရပ်ဆိုင်းလိုက်တာဟာ ရခိုင်ပြည်နယ်အစိုးရက ညွန်ကြားခဲ့တာလို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။
တက်လမ်းစီမံချက်မှာ ရေငံတား တာတမံ အရှည် ၃၁ မိုင် ဆောက်လုပ်ပေးတာ၊ ရေတံခါး ၂၄ ခု တည်ဆောက်ပေးတာ၊ ဆားငန် ရေဒဏ်ခံ စပါးမျိုးစေ့နဲ့ နည်းပညာတွေကို လယ်သမား ၁၆၀၀၀ ကျော်ကို ဖြန့်ဝေပေးတာ၊ ကျေးရွာပေါင်း ၉၇ ရွာမှာ အမျိုးသမီးဦးရေ ၂,၅၀၀ ကျော်အားဦးကို ငွေကြေးစီမံခန်.ခွဲမှုသင်တန်းပေးပြီး ကျပ် ၁ ဘီလီယံ ခန့်ကို အသက်မွေးဝမ်း ကျောင်းလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံပေးတာတွေ လုပ်ဆောင်ခဲ့ကြတာပါ။
IRC တက်လမ်းစီမံချက်ကို ရခိုင်ပြည်နယ်အစိုးရက ပိတ်ပင်(ရုပ်/သံ)
Posted by Khit Thit Media on Friday, 10 January 2020
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ
Related Posts