All News Local News Peace

ရခိုင်တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည် ၁သိန်းကျော်တိုးလာပြီး အရပ်သား သေဆုံးမှု ၁ဝဝကျော်ထိရှိလာ

ရခိုင်တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည် ၁သိန်းကျော်တိုးလာပြီး အရပ်သား သေဆုံးမှု ၁ဝဝကျော်ထိရှိလာ

ရန်ကုန်၊ဇန်နဝါရီ ၃

ရခိုင်ပြည်နယ်အတွင်းရှိ တပ်မတော်နှင့် ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(AA) တို့တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်ဘေးရှောင် ဒုက္ခသည်အရေအတွက် ၁၀၃၀၀၀ ကျော်တိုးလာပြီး အရပ်သားသေဆုံးမှု ၁ဝဝကျော်ရှိလာပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး အတွင်းရေးမှုး ဦးဇော်ဇော်ထွန်းကပြောသည်။

“အရပ်သားသေဆုံးမူကတော့ ကောက်ယူနေတုန်းပဲ။ အတိအကျပြောလို့တော့မရသေးဘူး။ ကျွန်တော်တို့ လုပ်နေတုန်းပဲရှိ သေးတယ် ။ဒါပေမဲ့ ၁၀၀ ကျော်တော့ ရှိနေပြီ။ စစ်ဘေးရှောင် အရေအတွက်က တစ်သိန်းနဲ့ သုံးထောင်ကျော်ပြီပေါ့နော်” ဟု ဦးဇော်ဇော်ထွန်းကပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်း၂၀၁၉ ခုနှစ် ဇန်နဝါရီလကစတင်ပြီး တပ်မတော်နှင့် AA တို့ကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းကြောင့် စစ်ဘေးရှောင်အရေအတွက်မြင့်တက်လာခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးက ဇန်နဝါရီလ ၂ရက်နေ့က စစ်ဘေးဒုက္ခသည်များ အကျပ်အတည်းခေါင်းစဉ်ဖြင့် ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်တွင် စပါးရိတ်သိမ်းကာလ တောင်သူများ ဘေးကင်းရေးနှင့် တောင်ယာလုပ်ငန်းခွင်များတွင် တိုက်ပွဲများ ဖော်ဆောင်ခြင်းမပြုရန် နှစ်ဖက်တပ်များကို မေတ္တာရပ်ခံထားသည်။

“ကျွန်တော်တို့က မေတ္တာရပ်ခံတာပါ နှစ်ဖက်တပ်တွေအနေနဲ့ ပစ်ကျမယ်ဆိုရင် တောင်သူတွေရဲ့ လုပ်ငန်းခွင်တွေအနီးမှာ တိုက်ပွဲတွေမဖော်ဆောင်ဖို့ စစ်ရေးလူပ်ရှားမူတွေမလုပ်ဖို့တောင်သူတွေမ ထိခိုက်အောင် ဆင်ခြင်ဖို့ နောက်တစ်ခု ကျောင်းသားတွေက စာမေးပွဲကာလ လည်းနီးပြီဆိုတော့ဒီကာလတွေေ ကျာင်းသားတွေ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးနဲ့ သူတို့အနေနဲ့ စာကို အာ ရုံစိုက်နိုင်အောင် ဒီအေ ပါ်မှာဆင်ခြင်ကျဖို့ပေါ့ ” ဟု ၎င်းကပြောဆိုသည်။

လတ်တလော AA အပါအဝင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ကုန်အထိ ၂လကြာ တစ်ဖက်သက်အပစ်ရပ်စဲကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts