All News China Watch Health Local News

မြန်မာနိုင်ငံနှင့်နယ်စပ် တရုတ်ယူနန်ပြည်နယ်တွင် ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံရသူလူနာ ၁၉ ဦး ရှိကြောင်း ကြေညာထား

မြန်မာနိုင်ငံနှင့်နယ်စပ် တရုတ်ယူနန်ပြည်နယ်တွင် ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံရသူလူနာ ၁၉ ဦး ရှိကြောင်း ကြေညာထား

ရန်ကုန်၊ ဇန်နဝါရီ ၂၇

မြန်မာနိုင်ငံနှင့် နယ်နမိတ်ခြင်းထိစပ်နေသော တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံထားရသူ လူနာ ၁၉ ဦးရှိကြောင်း တရုတ်အာဏာပိုင်များ၏ ထုတ်ပြန် ကြေညာချက်ကို ကိုးကား၍ CNN သတင်းဌာနက သတင်းဖော်ပြသည်။

လတ်တလော ယူနန်ပြည်နယ်တွင် ၁၉ ဦး ကူးစက်ခံထားရပြီး တရုတ်တစ်နိုင်ငံလုံးနီးပါး ဗိုင်းရပ်စ်ရောဂါကူးစက်ခံနေရခြင်းဖြစ်ကြောင်း သိရှိရသည်။

CNN သတင်းဌာန၏ သတင်းဖော်ပြချက်အရ Wuhan မြို့ တည်ရှိသော Hubei ပြည်နယ်တွင် ၁၄၂၃ ဦး ဗိုင်းရပ်စ်ကူးစက်ခံထားရပြီး ၇၆ ဦးသေဆုံးသွားပြီဖြစ်ကြောင်း၊Guangdong ပြည်နယ်တွင် ၁၄၆ ဦး ကူးစက်ခံထားရကြောင်း၊ Zhejiang ပြည်နယ်တွင် ကူးစက်ခံလူနာ ၁၂၈ ဦး ၊Henan ပြည်နယ်တွင် ၁၂၈ ဦး ကူးစက်ပြီး ၁ ဦးသေဆုံးခဲ့ပြီဖြစ်ကြောင်း ၊ Chongqing ပြည်နယ်တွင် ကူးစက်ခံလူနာ ၁၁၀ ဦး ၊Hunan ပြည်နယ်တွင် ကူးစက်ခံလူနာ ၁၀၀ ဦး၊ ဘေဂျင်းတွင် ကူးစက်ခံလူနာ ၆၈ ဦး၊ Anhui ပြည်နယ်တွင် ကူးစက်ခံလူနာ ၇၀ ဦး ၊ Shandong ပြည်နယ်တွင် ၆၃ ဦး၊ Sichuan ပြည်နယ်တွင် ၆၉ ဦး ၊ Shanghai ပြည်နယ်တွင် ၅၃ ဦး ကူးစက်ခံရပြီး ၁ ဦးသေဆုံးခဲ့ကြောင်း ၊Guangxi ပြည်နယ်တွင် ကူးစက်ခံလူနာ ၄၆ ဦး ၊ Jiangxi ပြည်နယ်တွင် ၄၈ ဦး၊ Fujian ပြည်နယ်တွင် ၃၅ ဦး ၊Jiangsu ပြည်နယ်တွင် ၄၇ ဦး ၊Hainan ပြည်နယ်တွင် ၂၂ ဦး၊ Shaanxi ပြည်နယ်တွင် ၂၂ ဦး၊Liaoning ပြည်နယ်တွင် ၂၂ ဦး၊Yunnan ပြည်နယ်တွင် ၁၉ ဦး ၊Heilongjiang ပြည်နယ်တွင် ၂၁ ဦး ကူးစက်ခံရပြီး ၁ ဦးသေဆုံးခဲ့ကြောင်း၊Tianjin ပြည်နယ်တွင် ၁၄ ဦး၊Hebei ပြည်နယ်တွင် ၁၈ ဦး ကူးစက်ခံရပြီး ၁ ဦးသေဆုံးခဲ့ကြောင်း၊ Shanxi ပြည်နယ်တွင် ၂၂ ဦး၊ Gansu ပြည်နယ်တွင် ၁၄ ဦး ၊ Inner Mongolia တွင် ၁၁ ဦး၊Guizhou ပြည်နယ်တွင် ၇ ဦး၊ Jilin ပြည်နယ်တွင် ၆ ဦး ၊Ningxia ပြည်နယ်တွင် ၄ ဦး၊ Xinjiang ပြည်နယ်တွင် ၅ ဦး၊ Qinghai ပြည်နယ်တွင် ၄ ဦး ရှိကြောင်း သိရှိရသည်။

လတ်တလော တရုတ်နိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ်ပိုးကြောင့် လူ ၈၀ ဦးသေဆုံးခဲ့ပြီး ကူးစက်ခံရသူ ၂၇၄၄ ဦး ရှိကြောင်း၊ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကူးစက်ခံထားရသူ ၂၈၀၁ ဦးရှိကြောင်း သိရှိရသည်။

မူရင်းသတင်းကို https://edition.cnn.com/asia/live-news/coronavirus-outbreak-01-27-20-intl-hnk/index.html တွင်ဖတ်နိုင်ပါသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com