All News China Watch Local News

မြန်မာနိုင်ငံတွင် ရောဂါတစ်ခုလိုဖြစ်နေသည့် Anti-Chinese တရုတ်ဆန့်ကျင်ရေး လက်မခံဟု NLD ဗဟိုစီးပွားရေးကော်မတီအဖွဲ့ဝင်ဦးအေးလွင်ပြော

မြန်မာနိုင်ငံတွင် ရောဂါတစ်ခုလိုဖြစ်နေသည့် Anti-Chinese တရုတ်ဆန့်ကျင်ရေး လက်မခံဟု NLD ဗဟိုစီးပွားရေးကော်မတီအဖွဲ့ဝင်ဦးအေးလွင်ပြော

ရန်ကုန်၊ ဇန်နဝါရီ ၁၇

မြန်မာနိုင်ငံတွင် ရောဂါတစ်ခုလိုဖြစ်နေသည့် တရုတ်ဆန့်ကျင်ရေး Anti-Chinese ကို လက်မခံနိုင်ကြောင်း NLD ဗဟိုစီးပွားရေးကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးအေးလွင်က ပြောဆိုလိုက်သည်။

ရန်ကုန်မြို Lotte ဟိုတယ်တွင် ဇန်နဝါရီလ ၁၅ ရက်နေ့က မြန်မ့ာရေးရာလေ့လာရေးအဖွဲ့နှင့် ယူနန် တက္ကသိုလ်မြန်မာ့ရေးရာဌာနတို့ ပူးပေါင်းပြီး တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပညာရှင်များဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

“တရုတ်ရဲ့ Belt and Road က ကျနောတို့ Positive နဲ့ စဉ်းစားပြီးတော့ ဘယ်လို အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်မလဲဆိုတာ သတ္တိရှိရှိ ဆုံးဖြတ်နိုင်ဖို့လိုပါတယ်။ ဒါတွေအားလုံးသည် တရုတ်က ကြိုတင်ပြင်ဆင်ထားပြီးပါပြီ။ တရုတ်နိုင်ငံရဲ့ China Belt and Road က very interesting ပါ ။ We need to study ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ တိုင်းပြည်ကလည်း မြန်မာပြည်နဲ့ တရုတ်ပြည်ကို Balance လုပ်တာမဟုတ်ဘူး။ ကျနော်အခုပြောမယ့် Study က မြန်မာပြည်သည် ဘယ်လို Changing လုပ်မလဲဆိုတဲ့ Study Format ကိုစဉ်းစားဖို့။ Negative Point မစဉ်းစားဖို့လိုပါတယ်။ ကျနော်တို့ တိုင်းပြည်မှာ ရောဂါတစ်ခုက ပွင့်ပွင့်လင်းလင်းပြောရရင် Anti – Chinese ဖြစ်တာ လက်မခံပါဘူး” ဟု အစချီ၍ ပြောဆိုပြီး ဆွေးနွေးပွဲတွင် ဦးအေးလွင်က ၎င်း၏ အမြင်များကို တင်ပြ ပြောဆိုသွားသည်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်ကလည်း သမ္မတရုံးဝန်ကြီးဦးအောင်မင်းက တရုတ်ကို ကြောက်နေရတယ်ဟု ပြောဆိုခဲ့ဖူးပြီး ပြည်သူများက ၎င်း၏ ပြောဆိုချက်ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြသည်။

ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ဦးအောင်စိုးက တရုတ်ကို ဆန့်ကျင်နေမှုများသည် အလကားနေရင်း ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ လုပ်ရပ်နှင့်မူများအပေါ် မူတည်၍ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ လုပ်ရပ်နှင့် ရလဒ်များ ဆိုးဝါးနေ၍ လူထုကြားတွင် တရုတ်ဆန့်ကျင်ရေး ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ရောဂါတစ်ခုမဟုတ်ဘဲ လူထုအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး တိုင်းပြည်အနာဂတ်ကို ဖျက်ဆီးနေ၍ တရုတ်ကို ဆန့်ကျင်ကြခြင်းဖြစ်သည်ဟု သုံးသပ်ပြောဆိုသည်။

“အလကားနေရင် တရုတ်မုန်းနေတာ ဆန့်ကျင်နေတာမဟုတ်ဘူး။ မူနဲ့ လုပ်ရပ်အပေါ်မှာ မူတည်တယ်။ သူတို့မူနဲ့ လုပ်ရပ်က နှစ်ဦးနှစ်ဖက် အကျိုးရှိစေတာမဟုတ်ဘူး။ သူတို့အကျိုးရှိဖို့ တစ်ဖက်ကလူ ဘာဖြစ်ဖြစ်ဆိုတာမျိုးကြီးကို ဘယ်လို လက်ခံမလဲ။ အခု မထောက်ခံကြဘူး ဆန့်ကျင်နေကြတာ တရုတ်က လုပ်လို့ လူထုတွေမှာ ဘယ်လောက် ခံစားနေရလဲ။ ဒါတွေကြောင့်ဖြစ်လာတာ။ ရောဂါမဟုတ်ဘူး။ သူတို့လုပ်ရပ်ကြောင့် ပြည်သူတွေက လက်မခံတာ။ ဒါကို ကွဲပြားဖို့လိုတယ်။ မြန်မာ့နိုင်ငံရေးမှာ တရုတ်ဝင်စွက်တယ်။ စီးပွားရေးမှာ လည်း တရုတ်က သူအကျိုးရှိဖို့ပဲ။ လူထုမျက်နှာ ဘယ်တုန်းကမှ မကြည့်ဘူး” ဟု ဦးအောင်စိုးက ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com