All News Local News Peace

မြန်မာနိုင်ငံတွင်း တရုတ်စီမံကိန်းများ တိုင်းရင်းသားများ၏ မြေယာပိုင်ဆိုင်မှုနှင့် လူ့အခွင့်အရေးများ ချိုးဖောက်နေဟု ဒို့မြေကွန်ရက်ကြေညာ

မြန်မာနိုင်ငံတွင်း တရုတ်စီမံကိန်းများ တိုင်းရင်းသားများ၏ မြေယာပိုင်ဆိုင်မှုနှင့် လူ့အခွင့်အရေးများ ချိုးဖောက်နေဟု ဒို့မြေကွန်ရက်ကြေညာ

ရန်ကုန်၊ ဇန်နဝါရီ ၁၈

မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံထားသော တရုတ်စီမံကိန်းများသည် တိုင်းရင်းသားများ၏ မြေယာပိုင်ဆိုင်မှု အခွင့်အရေးနှင့်လူ့အခွင့်အရေးများကို ချိုးဖောက်နေသေဖြင့် ဒို့မြေကွန်ရက်က ကြေညာချက်တစ်ရပ်ထုတ်ပြန် ပြောဆိုလိုက်သည်။

“အဓိကတော့ အောင်သပြေကိစ္စတို့ လက်ပံတောင်ကိစ္စတို့ ကျွန်တော်တို့လူသိ ထင်ခြားရှားရှိပြီးသားရှိတယ်ပေါ့နော်။သူတိုစီမံကိန်း ရောက်တဲ့နေရာတွေတော် ျတော်များများကတော့ အစိုးရနဲ့ လုပ်တယ် စစ်တပ်နဲ့လုပ်တာဖြစ်တဲ့ အတွက် အဲဒီဒေသတွေအားလုံးက ပဋိပက္ခနယ်မြေတွေဖြစ်ကုန်တာ။ မြစ်ဆုံအပါအဝင်ပေါ့ တရုတ်ရောက်တဲ့ ဒေ သအားလုံးမှာက သဘောထားကွဲလွဲမှုတွေ ပဋိပက္ခတွေ လူ့အခွင့်အရေးချိုးဖောက်မူတွေဖြစ်တဲ့အတွက် ဒီဟာနဲ့ ပတ်သတ်ပြီးတော့ ကြေညာချက်ကိုရေးရတာဗျာ။ အစိုးရကမပါတာဗျ။ာ တရုတ်ကတော့ ဘယ်လိုေ ပြာမလဲ တရားဝင်ပေါ့နော်။ဒေသမှာရှိတဲ့ ဒေသခံတွေ လူမျိုးစုတွေတိုင်းရင်း သားတွေ အရပ်အဖက်အဖွဲ့အ စည်းတွေနဲ့ လက်နက်ကိုင်တွေနဲ့ တရားဝင် စီမံကိန်းတွေနဲ့ပတ်သတ်ပြီး ဆွေးနွေးတာမျိုုးတော့မတွေ့ရဘူး။အဲဒါကြောင့် အစိုးရနဲ့လည်းတိုက်ရိုက်လုပ်တာပဲ Officially မြင်ရတာဆိုတော့အဲဒီအချက် ကိုတောင်းဆိုတာဗျာ” ဟု ဒို့မြေကွန်ရက်မှ ဦးစည်သူက ပြောသည်။

ဒို့မြေကွန်ရက်၏ ကြေညာချက်တွင် မြန်မာနိုင်ငံ၏ မြေယာပြဿနာများနှင့် တရားမြေသိမ်း မူများသည် ယနေ့အချိန်ထိထိရောက်စွာ ဖြေရှင်းပြေလည်နိုင်ခြင်းမရှိသေးဘဲ ဆက်လက် ရူပ်ထွေးနေဆဲဖြစ်ကြောင်း၊ လက်ရှိမြေနှင့် သက်ဆိုင်သည့် ဥပဒေမူဘောင်များနှင့် ပြဿနာ ဖြေရှင်းရေးယန္တရားများကအဆိုပါပြဿနာများ ကိုဖြေရှင်းပြေလည် နိုင်ခြင်းမရှိသည့်အပြင်မတရားမြေသိမ်းဆည်းမှုများကို တရားဝင်ဆောင်ရွက် ခွင့်ပြုသည့် ဥပဒေမူ ဘောင်များဖြစ်နေသည့်အတွက် မြေယာပြဿနာများကို ပိုမိုဆိုးဝါးလာစေလျက်ရှိကြောင်း၊ အထူသဖြင့် ဓလေ့ထုံတမ်းများအရမြေယာ စီမံခန့်ခွဲမှုစနစ်များကိုခြိမ်းခြောက်လျက်ရှိနေပြီး တိုင်းရင်းသားဒေသများ ရှိပြည်သူများ၊စစ်ဘေးရှောင်ပြည်သူများကို မြေမဲ့ယာမဲ့များဖြစ်နေေကြောင်း ဖော်ပြထားသည်။

ရင်းနှီးမြုပ်နှံမှုစီမံကိန်းများ (အထူးသဖြင့် တရုတ်-မြန်မာစီပွားရေးစီမံကိန်းများ) မြေယာ ပြဿနာများနှင့် တိုက်ရိုက်ပတ်သတ်လျက်ရှိပြီး ယနေ့အချိန်ထိ မဖြေရှင်းနိုင်သေးသည် ပြဿနာများစွာလည်းရှိနေ ကြောင်း၊ ဆက်လက်ဆောင်ရွက်မည့်/ဆောင်ရွက်ရန် သဘောတူမည့် စီမံကိန်းများ ၊လုပ်ငန်းများအတွက်လည်း ဒေ သခံပြည်သူများ၏ စိုးရိမ်ပူပန်မူများ မြင့်တက်လျက်ရှိကြောင်း၊ (အထူးသဖြင့် စီမံကိန်းများကြောင့် လျှော်ကြေး ပင်မရဘဲမြေသိမ်းခံရမည့် ဥပဒေအရဖယ်ကျဉ်ခံနေရသောဓလေ့ထုံးတမ်းများ မြေယာစီမံအုပ်ချုပ်အောက်မှ မရေမတွက်နိုင်သောပြည်သူများ) ဖော်ပြထားသည်။

ထို့အပြင် တရုတ်-မြန်မာစီးပွားရေးစကြံၤအတွင်းရှိစီမံကိန်းများ၊သဘောတူညီမှုများကိုဆုံးဖြတ်ခြင်း၊ အကောင်အထည်ဖော်ခြင်းများတွင် စီမံကိန်းများ သဘောတူညီမှုများကိုဆုံးဖြတ်ရာ၌သက်ဆိုင်ရာဒေသခံများ ထိခိုက်ခံရနိုင်ခြေရှိသူများ တိုင်းရင်းသားနိုငံရေးပါတီများ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်နေခြင်းမရှိကြောင်း၊ရှိနှင့်ပြီးသား မြေယာပြဿနာများကို ဖြေရှင်းပြေလည်နိုင်ခြင်းမရရှိသေးပဲ စီမံကိန်းအသစ်များကို သဘော တူလက်မှတ်ရေးထိုးခြင်းများသည် ဒေသခံများအတွက်သာမက ရင်းနှီးမြုှပ်နှံသူများအတွက်ပါ အန္တရာယ်များကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

တိုင်းရင်းသားဒေသများတွင် တိုးမြင့်ကျယ်ပြန့်လာနေသော လက်နက်ကိုင် ပဋိပက္ခများသည် ရူပ်ထွေးနေဆဲ မြေယာကဏ္ဍအတွင်း ပဋိပက္ခကို ပိုမိုတိုးပွားလာစေမည့် အန္တရာယ်ရှိနေကြောင်းထင်ရှားသည့်အထောက်အ ထားများဖြစ်ကြောင်း၊သတင်းအချက်အလက်လုံလောက်စွာမရသောကြောင့် ပြည်သူများက စီမံကိန်းများအပေါ်ဆန့်ကျင်ကန့်ကွက်ကြ မည့် အလားအလာများရှိသကဲ့သို့ ပွင့်လင်းမြင်သာမှုကင်းမဲ့ခြင်းများက ရှိနှင့်ပြီးသားအကျင်ပျက်ခြစားမှုများကို ပိုမိုဆိုးဝါးလာစေနိုင်ကြောင်းလည်း ထောက်ပြထားသည်။

ရင်းနှီးမြုုပ်နှံမှုများကြောင့် ပဋိပက္ခများကို တိုးပွားစေပြီး ငြိမ်းချမ်းရေးကိုထိခိုက်နေ သည့် ဖြစ်စဉ်များသည် နှစ်နိုင်ငံဆက်ဆံရေးကိုလည်း ထိခိုက်လာနိုင်ကြောင်း၊ အဆိုပါအခြေအနေတွင် အိမ်နီးချင်းနှစ်နိုင်ငံ၏ ကောင်းမွန်သောသံတမန်ဆက်ဆံရေး ဆက်လက်ထိန်း သိမ်းနိုုင်ရန်နှင့် ၎င်းနှတဆင့် ပိုမိုကောင်းမွန်သည့် အကျိူးဆက်များ ဆက်လက်ရရှိနိုင်အတွက် တောင်းဆိုချက်များကိုလိုက်နာဆောင်ရွက်နိုင်ပါရန် ဒို့မြေကွန်ရက်က တောင်းဆိုထားသည်။

ဒို့မြေကွန်ရက်၏ တောင်းဆိုချက်တွင် စီမံကိန်းနှင့်ပတ်သက်သည့် ဒေသရှိ ပြည်သူများထိခိုက်ခံ ရနိုင်ခြေရှိသူများ၊ တိုင်းရင်းသားနိုင်ငံရေးပါတီများ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် စီမံကိန်းရေးဆွဲရေး၊သဘောတူရေး၊အကောင်အထည်ဖော်ရေးဖြစ်စဉ် တစ်လျှောက်လုံးတွင် အဓိက ဆုံးဖြတ်ချက်ရာ၌ ပါဝင်နေရမည်၊ဆောင်ရွက်နေဆဲစီမံကိန်းများဆက်လက်သဘောတူမည့်စီမံကိန်းများသည် လက်ရှိမြေယာပြဿနာများကို ဆက်လက်ရူပ်ထွေးစေနိုင်သည့်အတွက် ဖြေရှင်းပြေလည်စေမည့်နည်းလမ်းများကို ဦးစွာဖော်ထုတ်ပြင်ဆင် ဆောင်ရွက်ရန် တာဝန်ခံရမည်၊ ဒေသခံများ၊တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းအရ မြေယာစီမံအုပ် ချုပ်မူစနစ်များကိုအသိအမှတ်ပြု လေးစားလိုက်နာရမည်။လက်နက်ကိုင် ပဋိပက္ခကြောင့် နေရပ်စွန့်ခွာတိမ်းရှောင် သူများ၏မြေယာ အခွင့်အရေးများကို အပြည့်အ၀ အာမခံမူ ရရှိရမည်၊ ရင်းနှီးမြှုပ်နှံမူများသည် မြေနှင်ဆြက်စပ်နေသည်သဘာပတ်ဝန်းကျင်ဂေစနစ်ထိခိုက်ပျက်စီးစေကြောင်းအေ ထာက်အထားများရှိပြီး ဖြစ်သောကြောင့် သဘာပတ်ဝန်းကျင်ဂေဟစနစ်ထိခိုက်ပျ က်စီးမူမရှိစေရန် အာမခံ တာဝန်ယူခံရမည်၊ အထက်ပါအခြေအနေများကို မရရှိနိုင်သေးသည်ဒေသများ စီမံကိန်းများကို တွန်းအားပေးခြင်းမပြုပဲဆိုင်းငံ့ထားရမည် တို့ပါဝင်သည်။

“အဓိကတော့ တရုတ်ကတော့ ကျွန်တော်တို့်နိုင်ငံမှာ စစ်အာဏရှင်ေ ခတ်ကတည်းက စီမံ ကိန်းလုပ်လာတယ်လုပ်လာ တဲ့ဟာတွေတိုင်းမှာ လည်းအဓိကအားဖြင့်တော့ ပြည်သူတွေအကျိုးရှိတာဒီနေ့ထိမမြင်ရဘူးပေါ့နော်ကျွန်တော်တို့ ဦးသိန်း စိန်တက်ပြီးနောက်ပိုင်း ဒီနေ့ကာလမှာလည်းထပ်မံပြီးတော့ လူ့ခွင့်အရး ချိုးဖောက်မူတွေကို မြင်နေကြားနေတွေနေရတယ်။စီမံကိန်းနဲ့ တိုင်းပြည် ကြီးတစ်ခုဖွံံ့ဖြိုးဖို့ အစိုးရကလည်း အဲဒီတစ်ခုတည်း စဉ်းစားလို့မရဘူး။ လူ့အခွင့်ေ ရးချိုးဖောက်မူတွေ မြေယာနဲ့ ပတ်သတ်တဲ့ အခွင့်အရေးတွေ ရိုးရာဓလေ့ေ တွကိုထည့်စဉ်စားမှာသာလျှင် ကျွန်တော်တို့ ပဋိပက္ခကို ရှောင်လွှဲနိုင်မယ် လို့မြင်တယ်” ဟု ဒု့ိမြေကွန်ရက်မှာအထွေထွေအတွင်းရေးမှုး ကိုစည်သူက ပြောဆိုသည်။

Photo Credit – MSCO

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts