All News Local News Peace

မူဆယ်မြို့ပေါ် တော်ရွက်ရပ်ကွက်တွင်ပင် တစ်ရက်တည်း လက်နက်များ ၂ ကြိမ်တိုင် ဖမ်းဆီးရမိပြန်

မူဆယ်မြို့ပေါ် တော်ရွက်ရပ်ကွက်တွင်ပင် တစ်ရက်တည်း လက်နက်များ ၂ ကြိမ်တိုင် ဖမ်းဆီးရမိပြန်

ရန်ကုန်၊ ဇန်နဝါရီ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ် တော်ရွက်ရပ်ကွက် အမှိုက်ပုံအနီးတွင် ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းက ဆာလာ အိတ်ဖြင့်ထုပ်ထားသည့် အမ် ၂၂ သေနတ် နှစ်လက်နှင့် ၎င်းင်းကျည်အိမ် နှစ်ခုတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

အဆိုပါဖမ်းဆီးရမိမှုသည် ယမန်နေ့ ၁ ရက်တည်းတွင်ပင် လက်နက်များ နှစ်ကြိမ် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီ မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်ရှိ တော်ရွက်လှေဆိပ်သွားရာ လမ်း၏အောက်ရှိ ရေပြွန်ခေါင်းအတွင်းမှ အစိမ်းရောင် ဆာလာအိတ်ဖြင့် ထုပ်ထားသော ပါရိအမျိုးအစား သေနတ် ၁၀ လက်၊ ၎င်းကျည်အိမ် ကိုးခု၊ လွယ်ကြိုး ကိုးချောင်းနှင့် အမ် ၂၂ သေနတ်တစ်လက်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မူဆယ်တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် တပ်မတော်တို့အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com