Health interview Web TV

မူဆယ်နှင့်ထိစပ်နေသည့် တရုတ်ယူနန်တွင် ဝူဟန်ဗိုင်းရပ်စ် လူနာ ၂၆ ဦးအထိတိုးလာနေ၊ ဒေသခံအားလုံး စိုးရိမ်နေကြ(ရုပ်/သံ)

မူဆယ်နှင့်ထိစပ်နေသည့် တရုတ်ယူနန်တွင် ဝူဟန်ဗိုင်းရပ်စ် လူနာ ၂၆ ဦးအထိတိုးလာနေ၊ ဒေသခံအားလုံး စိုးရိမ်နေကြ(ရုပ်/သံ)

ရန်ကုန်၊ ဇန်နဝါရီ ၂၈

မြန်မာနိုင်ငံ၊ မူဆယ်မြို့နှင့် ထိစပ်နေသည့် အနီးကပ်ဆုံး တရုတ်ယူနန်ပြည်နယ်တွင် ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာ ၂၆ ဦးရှိလာနေပြီဖြစ်ကြောင်း တရုတ်သတင်းများတွင် ဖော်ပြထားသည်။

လက်ရှိ မူဆယ်မြို့ဒေသခံများအားလုံး စိုးရိမ် ထိတ်လန့်နေကြကြောင်း ကရုဏာလူမှုရေးအသင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောဆိုသည်။

မူဆယ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ကိုယ်ပူရှိန်မြင့်မားနေသည့် သံသယရှိသည့်လူနာကို အရေးပေါ်လူနာ အခန်းတွင် ၂၄ နာရီ စောင့်ကြပ်ကြည့်ရှုနေပြီး၊ ဆရာဝန်ကြီးများ၏ မှတ်ချက်အရ Coronavirus ရောဂါလက္ခများ မတွေ့ရှိသေးကြောင်း မူဆယ်မြို့နယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်သိန်းထံမှ သိရသည်။

သံသယရှိသည့် နောက်ထပ်လူနာ(၁)တစ်ဦးမှာလည်း ဖျားနားခြင်းမရှိတော့သည့်အတွက် ဆေးရုံမှ ဆင်းခွင့်ပေးခဲ့ကြောင်း သိရသည်။

မူဆယ်မြို့တွင် တရားဝင်နယ်စပ်ဂိတ်များဖြစ်သည့် နန်းတော်ဂိတ်တွင် ကိုယ်ပူချိန်တိုင်းတာသည့်စက် (Thermal Scan) နှင့် အခြားဂိတ်များတွင်လည်း Hand Scanner များဖြင့် တရုတ်ပြည်မှ ဝင်ရောက်လာသည့် မြန်မာ နိုင်ငံသားများကိုလည်း စောင့်ကြပ်စစ်ဆေးနေကြောင်း သိရသည်။

တရုတ်ပြည်ဘက်မှ ကုန်သွယ်မှုလုပ်ငန်းများကို ရပ်တန့်ထားပြီး တရုတ်နိုင်ငံသားများ သွားလာမှုကိုလည်း ကန့်သတ်ထားကြောင်း သိရသည်။ မူဆယ်မြို့တွင်လည်း သွားလာမှုမရှိသလောက်ရှိနေကာ နှစ်နိုင်ငံကုန်သွယ် မှုလုပ်ငန်များမှာလည်း ရပ်တန့်သလိုဖြစ်နေကြောင်း သိရသည်။

လက်ရှိတွင် ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၆ ဦး ၊ ရောဂါကူးစက်ခံရသူ ၄၅၀၀ ကျော်ရှိလာပြီဖြစ်သည်။

Photo Credit – https://asia.nikkei.com/

မူဆယ္ႏွင့္ထိစပ္ေနသည့္ တ႐ုတ္ယူနန္တြင္ ဝူဟန္ဗိုင္းရပ္စ္လူနာ ၂၆ ဦးအထိတိုးလာေန(ရုပ္/သံ)

မူဆယ္ႏွင့္ထိစပ္ေနသည့္ တ႐ုတ္ယူနန္တြင္ ဝူဟန္ဗိုင္းရပ္စ္ လူနာ ၂၆ ဦးအထိတိုးလာေန၊ ေဒသခံအားလုံး စုိးရိမ္ေနၾက(ရုပ္/သံ)ရန္ကုန္၊ ဇန္နဝါရီ ၂၈ျမန္မာႏိုင္ငံ၊ မူဆယ္ၿမိဳ႕ႏွင့္ ထိစပ္ေနသည့္ အနီးကပ္ဆုံး တ႐ုတ္ယူနန္ျပည္နယ္တြင္ ဝူဟန္ဗိုင္းရပ္စ္ကူးစက္ခံရသူ လူနာ ၂၆ ဦးရွိလာေနၿပီျဖစ္ေၾကာင္း တ႐ုတ္သတင္းမ်ားတြင္ ေဖာ္ျပထားသည္။ လက္ရွိ မူဆယ္ၿမိဳ႕ေဒသခံမ်ားအားလုံး စုိးရိမ္ ထိတ္လန္႔ေနၾကေၾကာင္း ကရုဏာလူမႈေရးအသင္းဥကၠ႒ ဦးေသာင္းထြန္းက ေျပာဆုိသည္။ "ဂိတ္ေတြကို မပိတ္ပါဘူး။ တ႐ုတ္ဘက္ကေတာ့ ေသခ်ာေတာ့ အဝင္အထြက္ကို စစ္ေဆးပါတယ္။ ျမန္မာဘက္ကေတာ့ ထံုးစံအတိုင္းပါပဲ။ ေမးလိုက္ရင္ အဲလိုပဲေျဖပါတယ္။ ေပါ့ေပါ့ပါးပါး ေအးေအးေဆးေဆးပါပဲ။ မူဆယ္ဘက္ကေတာ့ အဲလိုပဲ ပံုမွန္ဝင္ထြက္ေပါ့ေနာ္။ စုိးေတာ့စုိးရိမ္ၾကတာေပါ့။ ဒါေပမယ့္ အဝင္အထြက္ကေတာ့ရွိေနပါတယ္။ တ႐ုတ္ဘက္ကေတာ့ ေသခ်ာေတာ့ စစ္ေဆးပါတယ္။ အေျခအေနက အရမ္းကိုေအးေဆးလြန္းေနတယ္။ ကၽြန္ေတာ္တို႔ စိုးရိမ္တာက ဒါက ေရာဂါပါလာတဲ့သူပ ခ်က္ခ်င္းမေပၚဘူးလို႔ ေျပာတယ္။ မေပၚဘူးဆိုေတာ့ အထဲေရာက္ၿပီးမွ ေနာက္ျပန္ေပၚမွဆိုရင္ ဒုကၡေတာ့ ေတာ္ေတာ္ေရာက္လိမ့္မယ္လို႔ စိုးရိမ္ပါတယ္။ က်န္းမာေရးေစာင့္ေရွာက္မႈအေနနဲ႔ကေတာ့ ကၽြန္ေတာ္တို႔ဘက္က ျဖစ္ေနတာက အားလံုးေမးလိုက္ရင္ ထံုးစံအတိုင္းဆိုတာႀကီးပဲ ႏွာေခါင္းစည္း ပါးပါးေလးေတြ စြတ္ၿပီးေတာ့ ႏွာဖူးေလးကို အပူခ်ိန္ရွိမရွိတိုင္းနဲ႔ ေရာဂါျဖစ္ရင္ေတာ့ တိုင္းတဲ့သူေတြပါျဖစ္မွာ အကုန္ကူးမွာပဲ ေပါ့ေပါ့ဆဆပဲလုပ္ေနၾကတယ္" ဟု ဦးေသာင္းထြန္းက ရွင္းျပသည္။ မူဆယ္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးတြင္ ကိုယ္ပူရွိန္ျမင့္မားေနသည့္ သံသယရွိသည့္လူနာကို အေရးေပၚလူနာ အခန္းတြင္ ၂၄ နာရီ ေစာင့္ၾကပ္ၾကည့္ရႈေနၿပီး၊ ဆရာ၀န္ႀကီးမ်ား၏ မွတ္ခ်က္အရ Coronavirus ေရာဂါလကၡမ်ား မေတြ႕ရွိေသးေၾကာင္း မူဆယ္ၿမိဳ႕နယ္ အမွတ္(၁) ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ စိုင္းေက်ာ္သိန္းထံမွ သိရသည္။ သံသယရွိသည့္ ေနာက္ထပ္လူနာ(၁)တစ္ဦးမွာလည္း ဖ်ားနားျခင္းမရွိေတာ့သည့္အတြက္ ေဆး႐ုံမွ ဆင္းခြင့္ေပးခဲ့ေၾကာင္း သိရသည္။ မူဆယ္ၿမိဳ႕တြင္ တရား၀င္နယ္စပ္ဂိတ္မ်ားျဖစ္သည့္ နန္းေတာ္ဂိတ္တြင္ ကိုယ္ပူခ်ိန္တိုင္းတာသည့္စက္ (Thermal Scan) ႏွင့္ အျခားဂိတ္မ်ားတြင္လည္း Hand Scanner မ်ားျဖင့္ တ႐ုတ္ျပည္မွ ၀င္ေရာက္လာသည့္ ျမန္မာ ႏိုင္ငံသားမ်ားကိုလည္း ေစာင့္ၾကပ္စစ္ေဆးေနေၾကာင္း သိရသည္။တ႐ုတ္ျပည္ဘက္မွ ကုန္သြယ္မႈလုပ္ငန္းမ်ားကို ရပ္တန္႔ထားၿပီး တ႐ုတ္ႏိုင္ငံသားမ်ား သြားလာမႈကိုလည္း ကန္႔သတ္ထားေၾကာင္း သိရသည္။ မူဆယ္ၿမိဳ႕တြင္လည္း သြားလာမႈမရွိသေလာက္ရွိေနကာ ႏွစ္ႏိုင္ငံကုန္သြယ္ မႈလုပ္ငန္မ်ားမွာလည္း ရပ္တန္႔သလိုျဖစ္ေနေၾကာင္း သိရသည္။လက္ရွိတြင္ ၀ူဟန္ဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၁၀၆ ဦး ၊ ေရာဂါကူးစက္ခံရသူ ၄၅၀၀ ေက်ာ္ရွိလာၿပီျဖစ္သည္။ Photo Credit – https://asia.nikkei.com/www.khitthitnews.com

Posted by Khit Thit Media on Monday, 27 January 2020

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com