Health Local News Web TV

မိတ္တီလာဆေးရုံမှ အဖျား ၁၀၄ ဖြင့် ချောင်းဆိုးနေသည့် ထွက်ပြေးလူနာ မန္တလေးဆေးရုံသွားရန် လက်ခံပြီး ပြန်လာ(ရုပ်/သံ)

မိတ္တီလာဆေးရုံမှ အဖျား ၁၀၄ ဖြင့် ချောင်းဆိုးနေသည့် ထွက်ပြေးလူနာ မန္တလေးဆေးရုံသွားရန် လက်ခံပြီး ပြန်လာ(ရုပ်/သံ)

ရန်ကုန်၊ ဇန်နဝါရီ ၃၀

မိတ္ထီလာမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် ကိုယ်ပူချိန်မြင့်နေပြီး၊ ချောင်းဆိုးနေသည့် လူနာတစ်ဦး မန္တလေးအထွေထွေဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးရန်စီစဉ်နေစဉ် ထွက်ပြေးသွားခဲ့ပြီး ယခု ညပိုင်းတွင် ဆေးရုံသို့ ပြန်လည်ရောက်ရှိလာသည်။

ဆေးရုံ တာဝန်ရှိသူများ၏ ရှင်းပြမှုကြောင့် မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီးသို့ သွားရန် သဘောတူညီပြီး ယခုညပိုင်းတွင် ပို့ဆောင်ရန် စီစဉ်နေကြောင်း မိတ္ထီလာမြို့နယ် အမှတ်(၁) မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါအမျိုးသားသည် တရုတ်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး ဇန်နဝါရီလ ၁ ရက်နေ့ကမှ မန်စီဆင်ဖြူတော်နယ်စပ်ဂိတ်မှ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာသူဖြစ်ကြောင်း သိရှိရသည်။

မိတၱီလာေဆးရုံမွ ထြက္ေျပးလူနာ ေဆးရုံျပန္လာ(ရုပ္/သံ)

မိတၱီလာေဆးရုံမွ အဖ်ား ၁၀၄ ျဖင့္ ေခ်ာင္းဆုိးေနသည့္ ထြက္ေျပးလူနာ မႏၱေလးေဆးရုံသြားရန္ လက္ခံၿပီး ျပန္လာ(ရုပ္/သံ)ရန္ကုန္၊ ဇန္န၀ါရီ ၃၀ မိတၳီလာၿမိဳ႕ အေထြေထြေရာဂါကုေဆး႐ုံႀကီးတြင္ ကိုယ္ပူခ်ိန္ျမင့္ေနၿပီး၊ ေခ်ာင္းဆိုးေနသည့္ လူနာတစ္ဦး မႏၲေလးအေထြေထြေဆး႐ုံႀကီးသို႔ ပို႔ေဆာင္စစ္ေဆးရန္စီစဥ္ေနစဥ္ ထြက္ေျပးသြားခဲ့ၿပီး ယခု ညပိုင္းတြင္ ေဆး႐ုံသို႔ ျပန္လည္ေရာက္ရွိလာသည္။ ေဆးရုံ တာဝန္ရွိသူမ်ား၏ ရွင္းျပမႈေၾကာင့္ မႏၲေလးအေထြေထြ ေရာဂါကုေဆး႐ုံႀကီးသို႔ သြားရန္ သေဘာတူညီၿပီး ယခုညပိုင္းတြင္ ပို႔ေဆာင္ရန္ စီစဥ္ေနေၾကာင္း မိတၳီလာၿမိဳ႕နယ္ အမွတ္(၁) မႏၱေလးတိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေက်ာ္မိုးက ရန္ကုန္ေခတ္သစ္သတင္းဌာနသုိ႔ ေျပာဆုိသည္။www.khitthitnews.com

Posted by Khit Thit Media on Thursday, 30 January 2020

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com