All News Education Local News

မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် အရေးယူပေးရေး ကျောင်းသား၊ ကျောင်းသူ လက်မှတ်၉၀၀ ကျော်ကောက်ခံပြီး သမ္မတထံတင်ပြမည်

မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် အရေးယူပေးရေး ကျောင်းသား၊ ကျောင်းသူ လက်မှတ်၉၀၀ ကျော်ကောက်ခံပြီး သမ္မတထံတင်ပြမည်

ရန်ကုန်၊ဇန်န်ဝါရီ ၂၁

မန္တလေးတက္ကသိုလ်တွင် ဥပဒေနှင့်မညီဘဲ Food Court တည်ဆောက်ခွင့်ပြုခဲ့သည့် မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်ကို အရေးယူပေးရေးအတွက် မန္တလေးတက္ကသိုလ် ကျောင်းသားကျောင်းသူများထံမှ လက်မှတ်၉၀၀ကျော်ကောက်ခံရရှိယူပြီး သမ္မတထံတင်ပြမည်ဖြစ်ကြောင်း မန္တလေးတက္ကသိုလ်သပိတ်မှောက်ဦးဆောင်မူကော်မတီ မယမင်းကပြောသည်။

“ သမ္မတရုံးကို ဒီကိစ္စပတ်သက်ပြီးတောင်းဆိုဖို့အတွက် လက်မှတ်တွေ လိုက်ကောက်ထားတာရှိတယ်။ အဲဒီ လက်မှတ်တွေမှာဆိုရင် ကျောင်းသားကျောင်းသူပေါင်း ၈၀၀ကျော် ၉၀၀နီးပါးလောက်ရှိတယ် ။အကုန်လုံး လက်မှတ်ထိုးပြီးပြီသွားပြီဝန်းရံ တဲ့ကျောင်းသားတွေ ကိုအကုန်လုံးကို လက်မှတ်လိုက်ကောက်ရတာမဟုတ်သေးဘူး။ တတ်နိုင်သလောက်လက်လှမ်းမှီသလောက်အဆောင်တွေ လိုက်ပြီးကောက်ထားတာ။ ဒီကိစ္စက ကျောင်းသားသမဂ္ဂရော ကျောင်းသားထုကလည်းထော က်ခံတယ်။ အမှန်တရားအတွက်တိုက်ပွဲဝင်ေ နတာလည်း သိသာတယ်။” ဟု မယင်းသူကပြောသည်။

မန္တလေးတက္ကသိုလ်ကျောင်းသားများက ာ နိုင်ငံတော်သမ္မတညွန်ကြား ချက်နှ င့်တည်ဆဲ ဥပဒေများဖောက်ဖျက်ကျုး လွန်သောမန္တလေးတက္ကသိုလ်ကျောင်းအုပ်ချုပ်ရေးအဖွဲ့အား အမြန်ဆုံးအရေး ယူပေးရေး ၊မန္တလေးတက္ကသိုလ်ကိုအသုံးချ၍ ကိုယ်ကျိုးရှာသောပါမောက္ခချု ပ်အား လိုမရှိ၊ပညာရေးဝန်ကြီးဌာန၏ အချိန်ဆွဲ၍ ဘက်လို က်သောဖြေရှင်းမူ အလိုမရှိဆိုသည့် အမှန်အ ကန်အပြီးသတ်စုံစမ်းစစ်ဆေးမှုရလဒ်အမှန်ဆုံးထုတ်ပြန်ပေးရေး ဆန္ဒပြ တောင်းဆိုလျက်ရှိသည်။

“စုံစမ်းစစ်ဆေးမှုပြုလုပ်တုန်းကလည်း ဒုဝန်ကြီးကိုယ်တိုင်က မန္တလေးတက္ကသိုလ်ကျောင်းအုပ်ချုပ်ရေး အဖွဲ့ကလုပ်ထုံးလုပ်နည်းဖြင့် မညီညွတ်ဘူး ပြီးတော့ နိုင်ငံတော် သမ္မတရုံး၁/၂၀၁၇ ကို ချိုးဖောက်ထား တယ်ပေါ့ ။ဒုဝန်ကြီးဦးဝင်းမော်ထွန်းကိုယ်တိုင်ဒါတွေကို စုံစမ်းစစ်ဆေးရေးလုပ်တုန်းက ဒါတွေပြော သွားတယ်ပေါ့ ။အဲဒီ ဟာမျိုးတွေဗီဒီယိုတင်ထားတဲ့ဟာမျိုးတွေရှိတယ်ပေါ့။ဒါဟာမတရားဘူး သူတို့ ဥပဒေချိုးဖောက် နေတယ်ဆို တာအဘက်ဘက်ကနေပေါ်လွင်နေတယ်ပေါ့ ။ပေါ်လွင်နေတဲ့အတွက်ကြောင့်ညီမတို့ကသူတို့ကို ကျောင်းအုပ်ချုပ် ရေးအဖွဲ့ကို ဥပဒေအတိုင်းအရေး ယူမှု မပြုလုပ်မချင်း ဆက်လက်ပြီး တိုက်ပွဲဝင်သွားမှာပါ” ဟု မယမင်းသူကပြောသည်။

မန္တလေးတက္ကသိုလ်ကျောင်းသားသပိတ်ကို အမြန်ဆုံးဖြေရှင်ပေးရေး ရန်ကုန်အခြေစိုက်တက္က သိုလ်ကျောင်းသားများသမဂ္ဂ(တကသ)နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) အဖွဲ့နှစ်ဖွဲ့က ဇန်နဝါရီလ ၂၀ရက်နေ့တွင် ရန်ကုန်က္ကသိုလ်အတွင်းဆန္ဒ္ဒထုတ် ဖော်ခဲ့ကြသည်။

ဓာတ်ပုံ- ဗကသ

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts