All News Local News

မန္တလေးကျောင်းသားသပိတ် တောင်းဆိုချက်များကို အစိုးရ လျစ်လျူရှုမှု ၂၀၂၀ ရွေးကောက်ပွဲတွင် ကျောင်းသားထုထောက်ခံမှု ရရှိရေး ခက်ခဲမည်ဟုဆို

မန္တလေးကျောင်းသားသပိတ် တောင်းဆိုချက်များကို အစိုးရ လျစ်လျူရှုမှု ၂၀၂၀ ရွေးကောက်ပွဲတွင် ကျောင်းသားထုထောက်ခံမှု ရရှိရေး ခက်ခဲမည်ဟုဆို

ရန်ကုန်၊ဇန်နဝါ ၁၄

မန္တလေးတက္ကသိုလ်တွင် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်နှင့် ဥပဒေ ချိုးဖောက်၍ တည်ဆောက်ထားသော Food Court ကိစ္စ ကျောင်းအာဏာပိုင်အဖွဲ့ကို အရေးယူပေးရန် မန္တလေးတက္ကသိုလ်ကျောင်းသားများက ဆန္ဒပြ တောင်းဆိုနေကြသော်လည်း ၅ ရက်ရှိလာသည်အထိ ထူးခြားမှုမရှိဘဲ အစိုးရက လျစ်လျူရှုထားရာ လာမည့် ရွေးကောက်ပွဲတွင် လက်ရှိ အစိုးရအနေဖြင့် ကျောင်းသားထု၏ ထောက်ခံမှု ရရှိရန် ခက်ခဲမည်ဖြစ်ကြောင်း ကျောင်းသားများက ပြောဆိုသည်။

“ အစိုးရကနေပြီးတော့တရားဥပဒေစိုးမိုးရေးကြွေးကြော်ပြီး တက်လာတယ်ဆိုပေမယ့် အစိုးရရဲ့ ဝန်ကြီးဌာနထဲ ကတစ်ခုဖြစ်တဲ့ပညာရေးဝန်ကြီးဌာန တရားဥပဒေစိုးမိုးရေးအတွက် ဌာနဆိုင်ရာ အဆင့်ဆင့်လုပ်ပြီးတော့မှ ဒီရလဒ်တွေ ထုတ်ပြန်တာတွေ အရေးယူတာတွေ မလုပ်ဘူးဖြစ်နေတယ်။ဒါနဲ့ ပတ်သက်ပြီး ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့ အမြန်ဆုံးဖြေရှင်းပေးဖို့အတွက်မီဒီယာကနေတစ်ဆင့်ပြော ချင်ပါတယ်။ ကျောင်သားထုတွေရဲ့ ထောက်ခံမူ တက္ကသိုလ်ကျောင်းသားထု ထုတွေရဲ့ ထောက်ခံမှု ရွေးကောက်ပွဲမှာတော်တော်ခက်ခဲမှာဖြစ်ပါတယ်”ဟု ကျောင်းသား သပိတ်မှောက်ဦးဆောင်မှုကော်မတီဝင် ကိုရန်စိုးကပြောသည်။
လတ်တလော ကျောင်းသားသပိတ်ကို လာရောက်ဝန်ရံမှုများ ရှိလာပြီး မန္တလေး တက္ကသိုလ်ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကမူ ကျောင်းဝင်းတံခါးများကို ပိတ်ထားခြင်းများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရှိရသည်။

“ကျောင်းသားသမဂွတွေကတော့ပုံမှန်တိုင်းလာရောက်ဝန်းရံတာတော့ရှိပါတယ်။မန္တလေးအခြေစိုက်ကေ ကျာင်းတွေအနီးနားက ကျောင်းသားသမဂ္ဂတွေက လာပြီးဝန်းရံတာရှိပါတယ်။ အဓိပတိ လမ်းဝင်ပေါက်ပိတ်ထား တယ်။ပင်မအဆောင်တံခါးပိတ်ထားတယ်။ဒီလိုလုပ်တဲ့အတွက်ကြောင့် ကျောင်းသားရေးရာဘာတွေအခုချိန်ထိ ကျောင်းသားတွေဝင်သွားလို့မရဘူး။ကျောင်းသားရေးရာဌာနကို သွားလို့မရဘူးဖြစ်နေတယ်။ ကျောင်းမှာဆရာ ဆရာမတွေကို ဂိတ်စောင့်သဘောမျိုးထားတာတွေရှိတယ်” ဟု ၎င်းက ပြောဆိုသည်။

ကျောင်းသားများက သပိတ်မှောက်တောင်းဆိုနေမှုများကို လျစ်လျူရှုနေခြင်းသည် ဆူပူမှုများ ဖြစ်ပွားစေရန် တမင် လုပ်နေခြင်းဖြစ်သည်ဟု ကျောင်းသားများက ပြောဆိုသည်။

“ပညာရေးဝန်ကြီးဌာနက အချိန် ၄လကျော်ကြထဲ့အထိ ဥပဒေချိုးဖောက်ခဲ့ကြောင်းသက်သေအထောက်အ ထားတွေအခိုင်အမာတွေပါလျက်နဲ့ ဒီအကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို အပြစ်ပေးအရေးယူတာရေးယူတာတွေ အပြီးသတ်ရလဒ်ထုတ်ပြန်တာတွေမလုပ်ဘူး။ အခုသပိတ်ပြန်မှောက်တာငါးရက်ကျော်ကြာပြီ။ ဒီနေ့နဲ့ဆို ငါးရက်ရှိပြီ။ဒီငါးရက်အချိန်ထိလာရောက်ဖြေရှင်းတာမျိုးမလုပ်တာဒါပညာရေးဝန်ကြီးဌာနအနေနဲ့ ကျောင်းသား တွေသပိတ်တွေဆက်မှောက်အောင် ကျောင်းသားတွေဆူဆူပူပူဖြစ်အောင်ထပ်လုပ်နေတယ်လို့ မြင်ပါတတယ်” ဟု ကိုရန်ပိုင်စိုးကပြောသည်။

မန္တလေး တက္ကသိုလ်တွင် ကျောင်းသားများက သပိတ်စခန်းကို ဇန်နဝါရီလ ၉ ရက်နေ့ကစတင် သပိတ်မှောက်ခဲ့ပြီး သပိတ်မှောက်ကျောင်းသားကျောင်း သူ ၆၀ ကျာ်ရှိကာ သပိတ်စခန်းကို ၂၄နာရီသပိတ်ခန်းဖွင့်လျစ် သပိတ်မှောက် နေခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com