Education Local News Web TV

မတ်လအကုန်အထိ ကျောင်းဖွင့်လှစ်မှု ဆန့်ကျင်သော သပိတ်ကျယ်ပြန့်လာနေ၊ မီးတုတ်…. မီးတုတ်… ရှို့…ရှို့၊ မျိုးသိမ်း…. မျိုးသိမ်း…… အို့…… အို့ ဟု ကြွေးကြော်(ရုပ်/သံ)

မတ်လအကုန်အထိ ကျောင်းဖွင့်လှစ်မှု ဆန့်ကျင်သော သပိတ်ကျယ်ပြန့်လာနေ၊ မီးတုတ်…. မီးတုတ်… ရှို့…ရှို့၊ မျိုးသိမ်း…. မျိုးသိမ်း…… အို့…… အို့ ဟု ကြွေးကြော်(ရုပ်/သံ)

ရန်ကုန်၊ ဇန်နဝါရီ ၂၄

အခြေခံပညာကျောင်းတွေမှာ မတ်လအထိ စာသင်ကာလတိုးမြှင့်သတ်မှတ်တာနဲ့ ပတ်သက်ပြီး မကွေး ၊ ပခုက္ကူ၊ မန္တလေး၊ မုံရွာနဲ့ မိတ္ထီလာ ပညာရေးကောလိပ်တွေက ကျောင်းသား/ကျောင်သူတွေဟာ လမ်းလျှောက်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

သပိတ်မှောက်သူတွေဘက်က
သပိတ်…. သပိတ်…. မှောက်….. မှောက်
မီးတုတ်…. မီးတုတ်… ရှို့…ရှို့
မျိုးသိမ်း…. မျိုးသိမ်း…… အို့…… အို့
သခင်မျိုးဟေ့….. ဒိုဗမာ
အရေးတော်ပုံ….. အောင်ရမည်
အရေးတော်ပုံ….. အောင်ရမည် ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ သပိတ်မှောက်လာကြတာပါ။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများ အဖွဲ့ချုပ်ကလည်း အခြေခံပညာကျောင်းတွေရဲ့ ကျောင်းတွင်းစစ်စာမေးပွဲရက် ပြောင်းလဲသတ်မှတ်ချက်အပေါ် သဘောထားစစ်တမ်းကို တိုင်းနဲ့ပြည်နယ်တွေမှာ ကောက်ခံနေတယ်လို့ သိရပါတယ်။

မတ္လအကုန္အထိ ေက်ာင္းဖြင့္လွစ္မႈ ဆန္႔က်င္ေသာ သပိတ္က်ယ္ျပန္႔လာေန(ရုပ္/သံ)

မတ္လအကုန္အထိ ေက်ာင္းဖြင့္လွစ္မႈ ဆန္႔က်င္ေသာ သပိတ္က်ယ္ျပန္႔လာေန၊ မီးတုတ္…. မီးတုတ္… ရႈိ႕…ရႈိ႕၊ မ်ိဳးသိမ္း…. မ်ိဳးသိမ္း…… အို႔…… အို႔ ဟု ေၾကြးေၾကာ္(ရုပ္/သံ) ရန္ကုန္၊ ဇန္န၀ါရီ ၂၄ အေျခခံပညာေက်ာင္းေတြမွာ မတ္လအထိ စာသင္ကာလတိုးျမႇင့္သတ္မွတ္တာနဲ႔ ပတ္သက္ၿပီး မေကြး ၊ ပခုကၠဴ၊ မႏၲေလး၊ မုံ႐ြာနဲ႔ မိတၳီလာ ပညာေရးေကာလိပ္ေတြက ေက်ာင္းသား/ေက်ာင္သူေတြဟာ လမ္းေလွ်ာက္ၿပီး ဆႏၵေဖာ္ထုတ္ခဲ့ၾကပါတယ္။သပိတ္ေမွာက္သူေတြဘက္က သပိတ္…. သပိတ္…. ေမွာက္….. ေမွာက္ မီးတုတ္…. မီးတုတ္… ရႈိ႕…ရႈိ႕မ်ိဳးသိမ္း…. မ်ိဳးသိမ္း…… အို႔…… အို႔ သခင္မ်ိဳးေဟ့….. ဒိုဗမာအေရးေတာ္ပုံ….. ေအာင္ရမည္အေရးေတာ္ပုံ….. ေအာင္ရမည္ ဆိုတဲ့ ေၾကြးေၾကာ္သံေတြနဲ႔ သပိတ္ေမွာက္လာၾကတာပါ။ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာ/ဆရာမမ်ား အဖြဲ႕ခ်ဳပ္ကလည္း အေျခခံပညာေက်ာင္းေတြရဲ႕ ေက်ာင္းတြင္းစစ္စာေမးပြဲရက္ ေျပာင္းလဲသတ္မွတ္ခ်က္အေပၚ သေဘာထားစစ္တမ္းကို တိုင္းနဲ႔ျပည္နယ္ေတြမွာ ေကာက္ခံေနတယ္လို႔ သိရပါတယ္။www.khitthitnews.com

Posted by Khit Thit Media on Friday, 24 January 2020

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts