မတ်လကုန် အထိ ကျောင်းဖွင့်ဖို့ အမိန့်ထုတ်မှု အပေါ် ကျောင်းဆရာ၊ ဆရာတွေ လမ်းပေါ်ထွက် ဆန္ဒပြမယ်(ရုပ်/သံ)

မတ်လကုန် အထိ ကျောင်းဖွင့်ဖို့ အမိန့်ထုတ်မှု အပေါ် ကျောင်းဆရာ၊ ဆရာတွေ လမ်းပေါ်ထွက် ဆန္ဒပြမယ်(ရုပ်/သံ)
ရန်ကုန်၊ ဇန်နဝါရီ ၁၉
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနရဲ့ မတ်လကုန်အထိ စာသင်ကာလ တိုးမြှင့်မည့်အပေါ် အခြေခံပညာဆရာ/ဆရာများ နှင့် ပညာရေးကောလိပ်သမဂ္ဂ ကျောင်းသား/ကျောင်းသူများမှ သုတေသနကို အခြေမခံသည့် ပညာရေးစနစ်အလိုမရှိ ၊ စာသင်ကာလတိုးမြှင့်ခြင်းအပေါ် ပညာရေးဝန်ကြီးဌာနမှ ပြန်လည်စဉ်းစားပေးဖို့ အတွက် ပထမဆုံး ဆန္ဒထုတ်ဖော်ပွဲကို မန္တလေးမြို့မှာ ဇန်နဝါရီလ ၂၀ ရက် နံနက်ပိုင်းမှာ ပြုလုပ်မှာပါ။
ဆန္ဒဖော်ထုတ်ပွဲကို မန္တလေးမြို့ ၆၆ လမ်း x ၃၅ လမ်း ကနေ ၆၂ လမ်း၊ ၆၂ လမ်း အတိုင်း မနော်ရမ္မံကွင်းအထိ ချီတက် လမ်းလျှောက်ကာ ဆန္ဒဖော်ထုတ်သွားမယ်လို့သိရပါတယ်။ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ပညာရေးကောလိပ်သမဂ္ဂများမှာလည်း ဆန္ဒထုတ်ဖော်ပွဲများကိုလည်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ရန်ကုန်ခေတ်သစ်က ကိုဇော်ရဲထွဋ် (ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီဝင်)ကို ဆက်သွယ်မေးမြန်းထားပါတယ်။
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ