All News interview

“ဗစ်တိုးရီးယားကို နစ်နာအောင်လုပ်တဲ့သူမှန်သမျှ တရားစွဲပါမယ်။ အစိုးရဝန်ထမ်းတွေပါနေရင် ရာဇဝတ်ကြောင်း အရ စွဲဖို့ သမ္မတဆီ ခွင့်ပြုမိန့် တောင်းမယ်”

“ဗစ်တိုးရီးယားကို နစ်နာအောင်လုပ်တဲ့သူမှန်သမျှ တရားစွဲပါမယ်။ အစိုးရဝန်ထမ်းတွေပါနေရင် ရာဇဝတ်ကြောင်းအရ စွဲဖို့ သမ္မတဆီ ခွင့်ပြုမိန့် တောင်းမယ်”

မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်းမှ ဦးသိန်းသန်းဦးနှင့် ဆက်သွယ်မေးမြန်းချက်

By ရန်ကုန်ခေတ်သစ်

ဗစ်တိုးရီးယားနှင့် မိသားစုကို နစ်နာစေသူများကို တရားစွဲရန် မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေအသင်းက ဥပဒေအပိုင်း တာဝန်ယူလိုက်ပြီဖြစ်ရာ မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်းမှ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ဗစ်တိုးရီးယားအမှုကိုလာအပ်ပြီဆိုတော့ ဘာတွေ ဆက်လုပ်သွားမလဲ။

ဖြေ။ ။ကျွန်တော်တို့က အခုအဆင့်က ဗစ်တိုးရီးယားတရားမျှတမှုကော်မတီပေါ့နော်။ဆရာဦးထင်လင်းဦးတို့ ရှိတယ်။အဲဒီကော်မတီသူတို့ရဲ့ ဥပဒေအကျိုးဆောင်အဖြစ်ဆောင်ရွက်ပေးဖို့ပြောတယ်။မြန်မာနိုင်ငံလွတ်လ ပ်သောရှေ့နေများအသင်းကလက်ခံလိုက်တာ။ ကျွန်တော်တစ်ယောက်တည်းတော့မဟုတ်ဘူး။အသင်းအနေနဲ့ ကျွန်တော်လိုက်ပါဆောင်ရွက်မယ်။ကျွန်တော်တို့ လုပ်ငန်းတာဝန်က(၃)ချက်ပေါ့နော်။ နံပါတ်(၁) ဗစ်တိုးရီးယား အမှုမှာ သံသယပေါ့။ အောင်ကြီးကလွတ်သွားပြီ ။ အဲဒါနဲ့တင်ပြီးသွားလို့မရဘူး။ ဥပဒေနဲ့အညီဆက်သွားမယ်။ ဒုတိယ တစ်ချက်ကတော့ ဗစ်တိုးရီးယားနစ်နာထိခိုက်တာတွေအတွက်တရားမကြောင်းတရားစွဲဆိုဖို့ အဲဒီ အချက်တွေကို လိုက်ပါဆောင်ရွက်ဖို့ ကျွန်တော်တို့ကသဘောတူလိုက်တာ။

မေး။ ။ အဲဒီတော့ တရားစွဲဖို့ Process ဘယ်တော့စမလဲ။

ဖြေ။ ။ယေဘုယျအားဖြင့် ရှေ့အပတ်အတွင်း ကျွန်တော်တို့စမယ်ဗျ ။ဘယ်သူကိုတရားစွဲမယ် ဆိုတာ ကျွန်တော်ပြောပါ့မယ်။ ဗစ်တိုးရီးယားနစ်နာအောင်လုပ်တဲ့သူမှန်သမျှ ကျွန်တော်တို့ တရားစွဲပါမယ်။အစိုးရဝန်ထမ်းတွေပါလာရင် ကျွန်တော်တို့သမ္မတခွင့်ပြုမိန့်တောင်းရတာ တရားမကြောင်းအကြောင်းအရဆိုရင်သူတို့ဆီကိုတစ်လကြို တင်စာပေးရတာတွေရှိပါတယ်။ အဲဒါတွေကို ဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့ကဗစ်တိုးရီးယားဖခင်နဲ့ေ ရှ့အပတ်ထဲမှာတွေဖို့ရှိပါတယ်။တွေ့ပြီးဆောင်ရွက်မှာပါ။

ဘာဖြစ်လို့ လဲ ဆိုတော့ ကိုထင်လင်းဦးက ကိုယ်စား လှယ်ပါဝါရတာမှန်တယ်။မိသားစုကပေးထားတာ အဲဒါက တရားမအမှု တွေမှာပဲ နစ်နာကြေးတောင်းရင်သာအ သုံးဝင်တာပေါ့။ နောက်တစ်ခါ မိသားစုက ကိုယ်စားလှယ်ပါဝါ ရသူအဖြစ် တရားဝင် Source Person အဖြစ်နဲ့ ဆက်သွ ယ်လို့ရတယ်။ပြစ်မှုကြောင်းအရ တရားစွဲရမယ်ဆိုရင်တော့ ကံယကံရှင်ကစွဲရမှာလေ။ ဗစ်တိုးရီယား အရွယ်မရောက်သေးတော့သူမိဘနှစ်ပါးကစွဲခွင့်ရှိတာပေါ့။ အဲဒီအတွက် အဲဒီမိဘနှစ်ပါးနဲ့ တိုက်ရိုက်တွေ့ ဖို့လိုသေးတော့အဲဒီအတွက်ကိုပဲ ကျန်ပါတော့တယ်။ကျန်တာတော့ ယေဘုယျအားဖြင့်တော့ လုပ်ငန်းက စတော့မှာပေါ့။

မေး။ ။ အဲဒီတော့ လုပ်ငန်းအသေးစိတ်ကို ပြောလို့မရသေးတာလား။

ဖြေ။ ။မဟုတ်ဘူးဆရာ။ ဆက်လုပ်မှာရှိပြီးသား ကျွန်တော်တို့က ပြစ်မှုအကြောင်းတရား စွဲလို့ရှိရင် ပြစ်မှုကြောင်းစွဲတဲ့အခါမှာ တရားလိုလုပ်ဖို့က ကလေးရဲ့မိဘနှစ်ပါးကလုပ်ရမှာ။ ပါဝါပေးလို့မရဘူး။ သူတို့ ကပြစ်မှုကြောင်းတရားစွဲဖို့ ဆန္ဒရှိမရှိပေါ့နော်။ဆန္ဒရှိတယ်ဆိုရင် စွဲရမဲ့သူတွေထဲမှာ ဥပမာအားဖြင့် အစိုးရဝန်ထမ်းတွေပါနေရင် ရာဇဝတ်ကြောင်းစွဲမယ်ဆိုရင်ကျွန်တော်တို့ကသမ္မတဆီသွားရမှာလေ ခွင့်ပြုမိန့် ေ တာင်း။ ပြည်သူဝန်ထမ်းဖြစ်လို့ရှိရင် ရာဇဝတ် ကျင့်ထုံးမှာပြဌာန်းထားတဲ့နည်းလမ်းတကျလုပ်ရမယ်။

သမ္မတဆီ ခွင့်ပြုမိန့်တောင်းရမှာပေါ့။ နစ်နာကြေးအရ တရားစွဲမယ်ဆိုရင် ကလေးဘယ်လိုကြောင့်နစ်နာသွားတဲ့ကိစ္စတွေ ပတ်သက်ပြီးတော့ တရားစွဲမယ်ဆိုရင် ပြည်သူဝန်ထမ်းတွေပါတယ်ဆိုရင် တရားမကျင့်ထုံး ဥပဒေအရနို့တစ်စာ တစ်လကြိုတင်ပေးရဦးမှာ။ အဲဒီအပိုင်းတွေကျန်နေသေးတယ်။ ဆောင်ရွက်ဖို့ကမနေ့ကတရားဝင် လာအပ်တာ။ ကျွန်တော်တို့ အစီစဉ်ကိုချပြလိုက်ပြီ။ ဒီကော်မတီက ဗစ်တိုးရီးယားပတ်သက်ပြီး ဒီကော်မတီရဲ့ ဥပဒေရေးရာ ကိစ္စမှန်သမျှမြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်းကကျွန်တော်တာဝန်ခံပြီးတော့ ဆောင်ရွက်ပါ တော့မယ်။

မေး။ ။တရားစွဲမယ့် သူတွေက ဘယ်သူတွေလဲဆိုတာ ပြောလို့မရသေးတာလား။

ဖြေ။ ။စွဲမဲ့သူတွေ ဖော်ပြီးသားပေါ့။ ဥပမာအားဖြင့် ဗစ်တိုးရီးယားကို နစ်နာအောင်ပြုလုပ်သူ မည်သူမဆိုကိုပေါ့။

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts