All News Election interview

ပျော်ဘွယ်တွင် တပ်ဆေးကုသမှုအဖွဲ့ လာရောက်စဉ် ကြံ့ခိုင်ရေးအမတ်များ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ ပူးပေါင်းမှု တိုင်ကြားမည်(ရုပ်/သံ)

ပျော်ဘွယ်တွင် တပ်ဆေးကုသမှုအဖွဲ့ လာရောက်စဉ် ကြံ့ခိုင်ရေးအမတ်များ၊ ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ ပူးပေါင်းမှု တိုင်ကြားမည်(ရုပ်/သံ)

ရန်ကုန်၊ ဇန်နဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ရန်အောင်မြို့မှာ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ ဇန်နဝါရီ ၁၆ ရက် မှ ၁၈ ရက်အထိ (၃)ရက်တာ ဆေးကုသခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့အတူ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင် (ဗိုလ်မှူးဟောင်း) နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်ထွန်းဖြူ(ဗိုလ်မှူးဟောင်း) တို့ သွားရောက်ခဲ့တာနဲ့ပတ်သက်ပြီး တိုင်ကြားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပျော်ဘွယ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဦးအေးချိုက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းအဆင့်ဆင့်ကို တပ်မတော်ဆေးကုသမှု ခရီစဉ်မှာ ခရိုင်နဲ့ မြို့နယ်ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေ သွားရောက်ခဲ့တာ နဲ့ပတ်သက်ပြီး တိုင်ကြားစာ ပေးပို့သွားမယ်လို့ ပြောပါတယ်။

ယခင် ၂၀၁၉ ခုနှစ် ဇွန်(၂၆) ရက်နေ့ကလည်း မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ် ၊တွင်းရွာကျေးရွာမှာ တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့ လာရောက်စဉ် ပျော်ဘွယ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် (ဗိုလ်မှူးဟောင်း) ဦးအောင်ထွန်းဖြူနဲ့ တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးတို့ လိုက်ပါခဲ့မှုအတွက် တိုင်ကြားခဲ့ပြီး ဦးအောင်ထွန်းဖြူ(ဗိုလ်မှူးဟောင်း)ကို နောင်တွင် မဖြစ်စေရေးအတွက် အလေးအနက်ထားဆောင်ရွက်စေဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတိပေးခဲ့ပါတယ်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ပျော်ဘွယ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဦးအေးချိုကို တွေ့ဆုံမေးမြန်းထားပါတယ်။

တပ္ေဆးကုသမႈအဖြဲ႕ခရီးစဥ္ ေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕၀င္မ်ား ပါ၀င္မႈ တုိင္မည္(ရုပ္/သံ)

ေပ်ာ္ဘြယ္တြင္ တပ္မေတာ္ေဆးကုသမႈအဖြဲ႕ လာေရာက္စဥ္ ႀကံ့ခိုင္ေရးအမတ္မ်ား၊ ခရုိင္ႏွင့္ၿမိဳ႕နယ္ ေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕၀င္မ်ား သြားေရာက္ပူးေပါင္းမႈ တုိင္ၾကားမည္(ရုပ္/သံ) ရန္ကုန္၊ ဇန္န၀ါရီ ၂၆ မႏၱေလးတုိင္းေဒသႀကီး ေပ်ာ္ဘြယ္ၿမိဳ႕နယ္ ရန္ေအာင္ၿမိဳ႕မွာ တပ္မေတာ္နယ္လွည့္အထူးကုေဆးအဖြဲ႕ ဇန္နဝါရီ ၁၆ ရက္ မွ ၁၈ ရက္အထိ (၃)ရက္တာ ေဆးကုသခဲ့ၿပီး ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ မွ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ နဲ႔အတူ ခ႐ိုင္ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္ ဦးေမာင္ေမာင္တင္ (ဗိုလ္မႉးေဟာင္း) ႏွင့္ ၿမိဳ႕နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ဝင္ ဦးေအာင္ထြန္းျဖဴ(ဗိုလ္မႉးေဟာင္း) တို႔ သြားေရာက္ခဲ့တာနဲ႔ပတ္သက္ၿပီး တုိင္ၾကားသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။ ေပ်ာ္ဘြယ္ၿမိဳ႕့နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ဥကၠဌ ဦးေအးခ်ိဳက ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ နဲ႔ သက္ဆိုင္ရာအဖြဲ႕အစည္းအဆင့္ဆင့္ကို တပ္မေတာ္ေဆးကုသမႈ ခရီစဥ္မွာ ခ႐ိုင္နဲ႔ ၿမိဳ႕နယ္ေ႐ြး ေကာက္ပြဲေကာ္မရွင္ အဖြဲ႕ဝင္ေတြ သြားေရာက္ခဲ့တာ နဲ႔ပတ္သက္ၿပီး တိုင္ၾကားစာ ေပးပို႔သြားမယ္လို႔ ေျပာပါတယ္။ယခင္ ၂၀၁၉ ခုႏွစ္ ဇြန္(၂၆) ရက္ေန႔ကလည္း မႏၲေလးတိုင္းေဒသႀကီး၊ ေပ်ာ္ဘြယ္ၿမိဳ႕နယ္ ၊တြင္း႐ြာေက်း႐ြာမွာ တပ္မေတာ္ နယ္လွည့္ေဆးကုသေရးအဖြဲ႕ လာေရာက္စဥ္ ေပ်ာ္ဘြယ္ၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕၀င္ (ဗိုလ္မႉးေဟာင္း) ဦးေအာင္ထြန္းျဖဴနဲ႔ တပ္မေတာ္သား အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဗိုလ္ခ်ဳပ္သန္းစိုးတို႔ လိုက္ပါခဲ့မႈအတြက္ တုိင္ၾကားခဲ့ၿပီး ဦးေအာင္ထြန္းျဖဴ(ဗိုလ္မႉးေဟာင္း)ကုိ ေနာင္တြင္ မျဖစ္ေစေရးအတြက္ အေလးအနက္ထားေဆာင္႐ြက္ေစဖို႔ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္က သတိေပးခဲ့ပါတယ္။ ရန္ကုန္ေခတ္သစ္သတင္းဌာနက ေပ်ာ္ဘြယ္ၿမိဳ႕့နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ဥကၠဌ ဦးေအးခ်ိဳကို ေတြ႕ဆုံေမးျမန္းထားပါတယ္။ www.khitthitnews.com

Posted by Khit Thit Media on Saturday, 25 January 2020

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com