All News Local News

နိုင်ငံတော်အကျိုးပြုလုပ်ငန်းများတွင် ပါဝင်လိုသော ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့် နိုင်ငံသားဟောင်းများကို ဖိတ်ခေါ်

နိုင်ငံတော်အကျိုးပြုလုပ်ငန်းများတွင် ပါဝင်လိုသော ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့် နိုင်ငံသားဟောင်းများကို ဖိတ်ခေါ်

ရန်ကုန်၊ ဇန်နဝါရီ ၁၄

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုလုပ်ငန်းများတွင် ပါဝင်လိုသော ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားဟောင်းများကို မြန်မာအစိုးရက ဖိတ်ခေါ်ကြောင်း အမေရိကန်၊ နယူးယောက်မြို့ ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ဇန်နဝါရီလ ၁၃ ရက်နေ့စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပြည်ပခရီးစဉ်များတွင် မြန်မာနိုင်ငံသားများ၊ မြန်မာနိုင်ငံသားဟောင်းများနှင့်တွေ့ဆုံရာတွင် နိုင်ငံတော်၏ အကျိုးပြုလုပ်ငန်းများတွင် တတ်သိကျွမ်းကျင်သည့် ပညာ၊ အတွေ့အကြုံတို့ဖြင့် တတ်အားသမျှ ပါဝင် ကူညီပံ့ပိုးအကျိုးပြုနိုင်ရန်အတွက် ဖိတ်ခေါ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသား၊ မြန်မာနိုင်ငံသားဟောင်းများကလည်း ယင်းသို့ ပါဝင် အကျိုးပြုရန် အတွက် ကမ်းလှမ်းမှုများပြုလုပ်ခဲ့ကြကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com